Tuesday, December 25, 2012

အဲပုဂံ မှားယွင်းဆင်းသက်မှု ၁၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ၀င် နှစ်ဦးသေဆုံး

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၁၁ မိနစ်

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဌ်က သူ၏ ဖေ့စ်ဘွတ်တွင် ရေးသားထားရာတွင် အဲပုဂံလေယာဉ်သည် ဟဲဟိုးလေဆိပ်အဆင်း မြူနှင်းများကြောင့် ပြေးလမ်းဘေး လယ်ကွင်းအတွင်း မှားယွင်းဆင်းသက်သွားရာမှ လေယာဉ်အမြီးပိုင်းကျိုးကာ မီးလောင်ကျွမ်းမှု ယနေ့နံနက် ၈ နာရီ ၅၅ မိနစ်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 

အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး လေယာဉ်နှင့်တိုက်မိ၍ ကားလမ်းပေါ်တွင် ဆိုင်ကယ်စီးနေသူ နှစ်ဦးအနက် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ပါရှိသည်။ ထို့အပြင်
နိုင်ငံခြားသား လေးဦးအပါအ၀င် လူ ၁၁ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟုဆိုသည်။

နိုင်ငံခြားသား ၅၁ ဦးအပါအ၀င် ခရီးသည် လေယာဉ်အမှုထမ်းနှင့် လုံခြုံရေးအရာရှိများအပါအ၀င်
လေယာဉ်ပေါ်တွင် လူ ၇၁ ဦး လိုက်ပါသွားခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates