Friday, December 28, 2012

ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ဧပြီ ၁ တွင် စတင် ထုတ်ဝေခွင့်ပြုမည်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၂၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာများကို လက်ရှိအစိုးရ၏ သက်တမ်း ၂ နှစ်ပြည့်သည့် ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ထုတ်ဝေခွင့်ပြုမည်ဟု
ပြန်ကြားရေးဌာနက ကြေညာ လိုက်သည်။

နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခံထားရသူက တဦးတည်းပိုင် (သို့မဟုတ်) အဖွဲ့အစည်းပိုင် အနေဖြင့် ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်
ဖြစ်ကြောင်း သောကြာနေ့က ထုတ်ပြန်အသိပေးလိုက်သည်။

ထုတ်ဝေရာတွင် တိုင်းရင်းသားဘာသာ တမျိုးမျိုးနှင့်ဖြင့်စေ နိုင်ငံခြားဘာသာ တမျိုးမျိုးနှင့်ဖြစ်စေ ထုတ်ဝေခွင့်ပြုမည် ဟုဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရာနှင့်ချီသော အပတ်စဉ်ထုတ်ဂျာနယ်များအနက် အနည်းဆုံး ဂျာနယ်ကြီး
လေးစောင်မှာ နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေသွားနိုင်ရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates