Wednesday, December 12, 2012

သံဃာတော် ၈၀ ခန့် ရွှေတိဂုံအနီးမှ ချီတက်ဆန္ဒပြ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၁ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ လက်ပန်တောင်းတောင် သပိတ်စခန်းများကို ဖြိုခွင်းမှုကြောင့် သံဃာတော်နှင့် ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့ခြင်းကို ကန့်ကွက်သည့် အနေဖြင့် သံဃာတော် အပါး ၈၀ ခန့်နှင့် လူ ၂၀ ခန့်သည် ရွှေတိဂုံစေတီတော် အရှေ့ဘက်ရှိ ကြေးသွန်းဘုရားကြီးမှ စတင်ကာ

ယနေ့ ဒီဇင်ဘာ ၁၂ ရက် နေ့လည် ၂ နာရီတွင်  စီတန်းလမ်းလျှောက် ဆန္ဒပြလျှက်ရှိသည်။

ယခုလက်ရှိတွင် ဆန္ဒပြသံဃာတော်များနှင့်ပြည်သူများသည် ဆူးလေဘက်သို့ဦးတည်လျှက် ချီတက်သွားနေကြသည်။

ယင်းကဲ့သို့ ဆန္ဒပြချီတက်လာသူများ မဟာဝိဇယစေတီအနီးသို့ရောက်ရှိစဉ်တွင် ရဲများက လာရောက်ဟန့်တားသော်လည်း သံဃာတော်များက ညှိနှိုင်းပြောဆိုမှုကြောင့် ပြေလည်သွားခဲ့သည်။

ထို့ကြောင့် ဆန္ဒပြသူများသည် ယခင်လမ်းကြောင်းအတိုင်း ဆက်လက်ချီတက်နေဆဲ ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates