Tuesday, December 25, 2012

လေယာဉ်ပျက်ကျမှုတွင် ကွယ်လွန်သူခရီးသည်မှာ ဧည့်လမ်းညွှန်ဖြစ်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၇ မိနစ်

ဟဲဟိုးမတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ခရီးသည်မှာ ပျောက်ဆုံးနေသည့် မနွဲ့လင်းရှိန်(Tour Guide) ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုပေးကြောင်း Air Bagan မှ ထုတ်ပြန်လိုက်သည်။ 

ခရီးသည်မဟုတ်ဘဲ လမ်းပေါ်မှ ဆိုင်ကယ်စီးနေရင်း ထိခိုက်သေဆုံးသွားသူမှာ ဦးပြားဟု သိရှိရပါသည်။

ကျန်ခရီးသည်များအနက်မှ စဝ်စံထွန်းဆေးရုံသို့ ၉ ဦးရောက်ရှိနေပြီး ၈ ဦးမှာ မစိုးရိမ်ရသော ဒဏ်ရာရရှိပြီး ၁ ဦးမှာ ၄င်း၏ ခရီးသွားဖော်အတွက် အဖော်လိုက်သွားခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။ ၄င်းခရီးသည်များကိုလည်း ရန်ကုန်သို့ ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates