Saturday, December 29, 2012

စမ်းသပ်ပျံသန်းမှုပြုစဉ် လေယာဉ်ဘီးများပေါက်

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၃၆ မိနစ်

မြန်မာ့လေကြောင်းက ဘရာဇီးနိုင်ငံမှ အသစ်ဝယ်ယူထားသော လေယာဉ်တစ်စင်းကို ရန်ကုန်လေဆိပ်တွင် စမ်းသပ်ပျံသန်းမှုပြုလုပ်ရာ လေယာဉ်ဘီးများပေါက်ပြီး ပြေးလမ်းကြောင်းပေါ်တွင် လမ်းချော်မှု စနေနေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည်။

မြန်မာ့လေကြောင်းလေယာဉ်မှူးနှင့် ပြင်သစ် Air France မှ နည်းပြလေယာဉ်မှူးတို့ ပူးပေါင်း၍ EMBRAER 190 လေယာဉ်အမှတ် XY-AGQ ကို ရန်ကုန်နိုင်ငံတကာလေဆိပ်တွင် ဘရိတ်စနစ်ကို အမြင့်ဆုံး စစ်ဆေးမှုကိုပြုလုပ်ရာ  လေယာဉ်ဘီးနံပါတ် ၁၊ ၃၊ ၄ တို့ပေါက်သွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာ့
လေကြောင်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

"လယာဉ်ပြေးလမ်းပေါ်မှာ အန္တရယ်ကင်းစွာ ရပ်တန့်ခဲပါတယ်” ဟု ထုတ်ပြန်ချက်တွင်ပါသည်။  "လေယာဉ် ပျက်စီးမှုလည်းမရှိသလို လူလည်း ထိခိုက်မှုမရှိပါ”  "စနစ်ကို ပြန်လည်စစ်ဆေးပြီး စိတ်ချရမှာသာ
လေကြောင်းဦးစီးမှ လိုင်စင်ထုတ်ပေးမှာဖြစ်သည်” ဟု ပါရှိကာ မြန်မာ့လေကြောင်းအနေဖြင့်
ဘေးအန္တရာယ်ကင်းရှင်းရေးသည် ဦးစားပေးနံပါတ်တစ်ဖြစ်သည်ဟု ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates