Thursday, November 15, 2012

ရခိုင်ပြည်နယ်ကတင်းမာမှုများ အေးဆေးငြိမ်သက်သွားရန် စိတ်ဓါတ်ရေးရာခေါင်းဆောင်မှု လိုအပ်ဟု ICG က ပြော

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၁ မိနစ်

မဇ္ဈိမသတင်းဌာန ။          ။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွါးနေသည့်ဒေသတွင်းပဋိပက္ခတခုသည် ဗုဒ္ဓဘာသာနှင့် မူဆလင် ပဋိပက္ခအဖြစ် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံမှီတင်းနေထိုင်သည့် မြန်မာ နိုင်ငံတွင် ပိုမိုကျယ်ပြန့်သွားနိုင် သည့် အန္တရာယ်ရှိနေသည်ဟု နိုင်ငံတကာပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ကြီး (CIG) ကပြောသည်။

နိုင်ငံတကာဥာဏ်ကြီးရှင်အဖွဲ့ဖြစ်သော အိုင်စီဂျီ က နိုဝင်ဘာ ၁၂ ရက်နေ့က မိုးကုတ်စက်ဝိုင်းမှ မိုးသက်မုန်တိုင်း (Storm Clouds on the Horizon) အမည်ဖြင့် ထုတ်ဝေလိုက်သော အစီရင်ခံစာတွင် `မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခြေလှမ်းများအရှိန်ရနေသော်လည်း ရခိုင်ပြည်နယ်ရှိ လူမျိုးစုချင်း အကြမ်းဘက်မှုသည် နိုင်ငံတည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ် နေသည်´ ဟု ရေးသားထားသည်။

`ရှေ့တွင်ကြုံတွေ့ရမည့် စိန်ခေါ်မှုအများအပြားကိုဖြေရှင်းနိုင်မည့် ရေရှည်အဖြေ တခုရရှိရန်အတွက် နိုင်ငံ
ခေါင်းဆောင် အများအပြားပါဝင်သည့် အဆုံးအဖြတ် ပေးနိုင်စွမ်းရှိသော စိတ်ဓါတ်ရေးရာခေါင်းဆောင်မှု တရပ် လိုအပ်နေသည်။ ထိုစိန် ခေါ်မှုများထဲတွင် ရိုဟင်ဂျာနှင့်အခြားမူဆလင်လူနည်းစုများအပေါ် ကြာရှည်ကြာ များခွဲခြားဆက်ဆံခဲ့မှုများလည်းပါဝင်နေသည်´ ဟု ရေးသားထားသည်။

ဤအစီရင်ခံစာကို အမေရိကန်သမ္မတ၏သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ် မစတင်မီ ရက်အနည်းငယ်အလိုတွင် ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ ရိုက်တာသတင်းတရပ် ၏အဆိုအရ `လူမျိုးရေး အကြမ်းဘက်မှုများကို ပိုမိုထိန်းချုပ် ကိုင်တွယ်´ ဘို့ မြန်မာအစိုးရအပေါ် တင်းမာသည့် သဘောထား တရပ်ချမှတ်ရန် သမ္မတအိုဘားမား ဖိအားပေးခံနေရ သည်ဟု ဆိုသည်။

ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်အုပ်စုတခုကို လုံခြုံရေး အစောင့်အရှောက်များဖြင့် ထရပ်ကားများ
ပေါ်တင်ကာ ထိုင်းမြန်မာနယ်စပ်ရှိ ရနောင်းသို့ ခေါ်ဆောင်သွား သည်ကို မြင်ခဲ့ရသည်ဟု ဖူးခက်မြို့မှ ထိုင်းသတင်းထောက် တဦး ကလည်း ထိုအတောအတွင်း မဇ္ဈိမ သို့ ပြောဆိုလာသည်။

ရိုဟင်ဂျာယောက်ျားလေးများနှင့် အမျိုးသားများစုစုပေါင်း ၁၂၂ ယောက်အပြည့် တင်ဆောင်ထားသည့်
လှေတစီး ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ကမ်းခြေတွင် စနေနေ့က သောင်တင်လာခဲ့ကြောင်း၊ သူတို့ကို ထိုင်းရဲက ဖမ်းဆီးပြီး တညချုပ် ထားခဲ့ကြောင်း ဖူးခက်ဝမ်းက တနင်္လာနေ့က သတင်းပေးပို့သည်။

ထို ၁၂၂ ဦးစလုံးကို မြန်မာနိုင်ငံသို့ ချက်ချင်းပြန်ပို့မည်ဟု ရနောင်းမြို့ရှိ လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိတဦးကို ကိုးကားကာ ထိုသတင်းတွင် ဆက်လက်ပြော ဆိုထားသည်။

ထိုအဖြစ်အပျက်၏ အကြောင်းအရာ အသေးစိတ်ကို မဇ္ဈိမက ထိုင်းအာဏာပိုင်များနှင့် စုံစမ်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ အမျိုးသားများ လှေစီးထွက်ပြေးခြင်းများကို လွန်ခဲ့သော အပတ်များအတွင်း မကြာခဏ ကြားသိခဲ့ရပြီး သူတို့သည် မကြာခဏပင် အလွန်ဆိုးဝါးသော အန္တရာယ်များ ကျရောက်ခဲ့ကြသည်။

ဘင်္ဂလာဒေ့ရှ်ကမ်းခြေအလွန်တွင် တရားမဝင်ရွှေ့ပြောင်း ထွက်ခွါလာသူများ အပြည့် တင်ဆောင်လာသည့် လှေတစီး ပင်လယ်ပြင်တွင် မှောက်ခဲ့ကြောင်း အေပီသတင်းဌာနက နိုဝင်ဘာ ၇ ရက်နေ့က ရေးသားထားသည်။ ငါးဖမ်းလှေ တစီးက လူ ၂၃ ဦးကိုကယ်ဆယ်နိုင်ခဲ့သော်လည်း လူ ၅ဝ မှာ ပင်လယ်ပြင်တွင် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မှူးတဦးကို နာမည်တပ် ကိုးကားကာ ထိုသတင်းတွင် ရေးသားထားသည်။

`အများအားဖြင့် ရိုဟင်ဂျာ မူဆလင်များဖြစ်သော တရားမဝင်ရွှေ့ပြောင်းလာသူ ၇ဝ ခန့်သည် မလေးရှားသို့လှေဖြင့် သွားရောက်နေစဉ် ဘင်္ဂလားပင်လယ်အော် အတွင်း နစ်မြုပ်သွားခဲ့သည်´ ဟု အဆိုပါအေပီ သတင်းတွင် ရေးသားထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates