Thursday, November 8, 2012

၅ ကြိမ်မြောက် ဘာလီ ဒီမိုကရေစီဖိုရမ် စတင်နေ

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၀၉ မိနစ်

မဇ္ဈိမသတင်းဌာန ။          ။ ပဉ္စမအကြိမ်မြောက် ဘာလီ ဒီမိုကရေစီဖိုရမ် ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီ၌ နိုဝင်ဘာလ ၈ ရက်နေ့မှတင်၍ ကျင်းပနေသည်။

နှစ်ရက်တာ ကျင်းပမည့် အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၈ဝ ကျော်မှ နိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ခြောက်ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား ဒုတိယ
နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော် က ဦးဆောင်၍ တက်ရောက်နေသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီ ၌ နိုဝင်ဘာ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ပြုလုပ်ကျင်းပနေသည့် ၅ ကြိမ်မြောက် ဘာလီ ဒီမိုကရေစီဖိုရမ် ဆွေးနွေးပွဲ အဖွင့်တွင် နိုင်ငံပေါင်း ၈၀ ကျော်မှနိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard၊ အာဖဂန်နစ္စတန် သမ္မတ Hamid Karzai ၊ တောင်ကိုရီးယား သမ္မတ Lee Myaung-Bak ၊ ထိုင်းဝန်ကြီးချုပ် Yingluck နှင့် အရှေ့တီမော ဝန်ကြီးချုပ် Xanana Gusmao တို့ အပါအဝင် နိုင်ငံ အကြီးအကဲ စုစုပေါင်း ၁၁ ဦးလည်း ပါဝင်တက်ရောက်လျက် ရှိသည်။

ဘာလီ ဒီမိုကရေစီ ဖိုရမ်၏ အဓိက အာဘော်မှာ “တကမ္ဘာလုံးဆိုင်ရာ ချိန်ညှိချက်ဖြင့် ဒီမိုကရက်တစ် စည်းမျဉ်းစည်းကမ်းများ တိုးတက်ပြန့်ပွါးအောင် လုပ်ဆောင်ခြင်း” ဟူ၍ ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates