Monday, October 22, 2012

မဇ္ဈိမ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ဓါတ်ပုံများ

အမေရိကန်သံအမတ်၏ သတင်းစာရှင်းလင်းပွဲတွင် ‘ရိုဟင်ဂျာ’ဟု သုံးစွဲမှုအပေါ် တကိုယ်တော် ကန့်ကွက်ဆန္ဒပြနေသော ရခိုင်မျိုးသား ဦးမောင်တင်မြင့် အား ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂း၎ဝ အချိန်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ရိုဟင်ဂျာ လူ့အဖွဲ့စည်းဟု သုံးစွဲခဲ့မှုအား ပြင်ဆင်ပေးရန် ဆိုသည်။ ဦးမောင်တင်မြင့် အား ရဲတပ်ဖွဲ့ဝင်များက ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှုရုံးသို့ ခေါ်ယူကာ နောင် မပြုလုပ်ရန် ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့သည်။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းဆုံအနီးတွင် အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁း၎ဝ နာရီအချိန်က ယာဉ်တိုက်မှုတခု ဖြစ်ပွားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) မထသ ယာဉ်လိုင်းအမှတ် ၄၃ သည် ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားရာ လူ ၂ဝ ခန့် ဒဏ်ရာရပြီး ထိုကားဒရိုင်ဘာမှာ ထိခိုက်မှု ပြင်းထန်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပန်ဒါဟိုတယ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန သဘာဝ အခြေခံခရီးသွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နံနက်(၉)နာရီအချိန်က ပြုလုပ်ရာ ဝန်ကြီး ဦးဌေးအောင် က အဖွင့်အမှာစကားပြောကြားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) သင်တန်းကာလမှာ ၅ ရက် ကြာမြင့်မည် ဖြစ်ပြီး သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းနှင့် ပတ်သတ်၍ အသေးစိတ်သင်ကြားပေးမည်ဟု သိရှိရသည်။

ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပန်ဒါဟိုတယ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန သဘာဝ အခြေခံခရီးသွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နံနက်(၉)နာရီအချိန်က ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပန်ဒါဟိုတယ်တွင် ကျင်းပပြုလုပ်သော ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲတွင် သင်တန်းသားများနှင့် ဧည့်သည်တော်များအား ဝန်ကြီး ဦးဌေးအောင် က တွေ့ဆုံနှုတ်ဆက်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) သတင်တန်းကာလမှ ၅ ရက် ကြာမြင့်မည် ဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ် NLD ပါတီ ရုံးခန်းဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသော ဗဟိုကော်မတီနာယက ဦးလှဖေ အား အောက်တိုဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မိန့်ခွန်းတွင် ပါတီအောက်ခြေ နေရာလုမှုများကိစ္စကိုလည်း အလေးပေး ပြောကြားခဲ့ကြသေးသည်။

တောင်ဥက္ကလာပမြို့နယ် NLD ပါတီ ရုံးခန်းဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေသော ဗဟိုကော်မတီနာယက ဦးလှဖေ အား အောက်တိုဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မိန့်ခွန်းတွင် ပါတီအောက်ခြေ နေရာလုမှုများကိစ္စကိုလည်း အလေးပေး ပြောကြားခဲ့ကြသေးသည်။

တောင်ဥက္ကလာပမြို့နယ် NLD ပါတီ ရုံးခန်းဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပနေသည်ကို အောက်တိုဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ်ပြုလုပ်သည့် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည်ကို အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ- ရဲမင်း။ မဇ္ဈိမ) ၂ နာရီကျော်ကြာ ပြုလုပ်ခဲသည့် သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းပေါင်း ၃၀ ကျော်ကို သမ္မတက ဖြေကြားသွားခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမမြောက်အစည်းအဝေးကို နေပြည်တော်တွင် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အချို့ တက်ရောက်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မြတ်ကျော်သူ၊ မဇ္ဈိမ)

ပထမအကြိမ် လွှတ်တော်များ ပဉ္စမမြောက်အစည်းအဝေးကို နေပြည်တော်တွင် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ကျင်းပရာ တပ်မတော်သား ကိုယ်စားလှယ်များ တက်ရောက်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မြတ်ကျော်သူ၊ မဇ္ဈိမ)

ပထမအကြိမ် လွှတ်တော်များ ပဉ္စမမြောက်အစည်းအဝေးကို နေပြည်တော်တွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ကျင်းပရာ တပ်မတော်သားကိုယ်စားလှယ်သစ်များ ကျမ်းသစ္စာကျိန်ဆိုကြစဉ်။ (ဓာတ်ပုံ - မြတ်ကျော်သူ၊ မဇ္ဈိမ)

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမမြောက်အစည်းအဝေးကို နေပြည်တော်တွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ကျင်းပရာ ကိုယ်စားလှယ်များအကြားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ (ဓာတ်ပုံ - မြတ်ကျော်သူ၊ မဇ္ဈိမ)

ရန်ကုန် အရှေ့ပိုင်း၊ အနောက်ပိုင်းခရိုင် တရားရုံးများနှင့် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် တိုင်းတရားလွှတ်တော် အဆောက်အအုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်း၍ ပြတိုက်နှင့် ဟိုတယ်များ ပြောင်းလဲလုပ်ဆောင်မည်ကို ကန့်ကွက်ပြီး တိုးမြှင့်တံဆိပ်ခွန်နှုန်းများ လျှော့ချရေးအတွက် ရှေ့နေများကွန်ယက်မှ ဆန္ဒပြနေကြသည်ကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁ဝ နာရီအချိန်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ကွန်ယက်မှ ရှေ့နေ ၂၀၀ ကျော် ပါဝင်သည်။

ရန်ကုန်တိုင်း တရားလွှတ်တော်အား ပုဂ္ဂလိကလက်သို့ လွှဲပြောင်းမှုကို ကန့်ကွက်သည့် ရှေ့ နေများကွန်ယက်၏ ဆန္ဒပြပွဲတခုကို အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) တိုင်းတရားလွှတ်တော်မှ ရန်ကုန် ဟိုက်ကုတ် ရုံးကြီးအထိ ရှေ့နေ ၂၀၀ ကျော် ချီတက်ဆန္ဒပြခဲ့သည်။

ရန်ကုန်တိုင်းတရားလွှတ်တော်အား ပုဂ္ဂလိကလက်သို့ လွှဲပြောင်းမှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲတွင် ရှေ့နေများကွန်ယက်မှ ဦးကိုနီ (တရားလွှတ်တော် ရှေ့နေ)က ဆန္ဒပြရခြင်းအကြောင်းကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်က ရှင်းလင်းပြောကြားနေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) လွတ်လပ်ရေး မရမီ ကတည်းက တည်ရှိခဲ့သော တရားရုံးဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်လည်း နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးအနေဖြင့် တည်ရှိခဲ့ကာ နိုင်ငံ၏ သိက္ခာရှိသော ဂုဏ်ဆောင်တရားရုံး ဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများနေ့ (ယာယီ)အဖြစ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ(အကသ) ခေါင်းဆောင်တဦးဖြစ်သော ကိုသက်ဝင်းအောင် အကျဉ်းထောင်တွင်း ကျဆုံးခြင်း နှစ်ပတ်လည် အခမ်းအနားကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၎င်းပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဗကသ ကျောင်းသာများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ကြပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား လုံးဝ ပပျောက်ရေးကို် ဆောင်ရွက်တောင်းဆိုရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အကသ မှ ကိုအောင်နိုင်ဦး က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများနေ့ (ယာယီ)အဖြစ် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က ကျင်းပသော အခြေခံပညာ ကျောင်းသားများ သမဂ္ဂ(အကသ) ခေါင်းဆောင် ကိုသက်ဝင်းအောင် မန္တလေး အကျဉ်းထောင်တွင်း ကျဆုံးခြင်း နှစ်ပတ်လည် အခမ်းအနားတွင် အာဇာနည်များအား အလေးပြုနေကြစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား လုံးဝပပျောက်ရေး ဆောင်ရွက်တောင်းဆိုရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းကြောင်း အကသ မှ ကိုအောင်နိုင်ဦး က ပြောသည်။

နိုင်ငံရေး အကျဉ်းသားများနေ့ (ယာယီ)အဖြစ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ(အကသ) ခေါင်းဆောင်တဦးဖြစ်သော ကိုသက်ဝင်းအောင် အကျဉ်းထောင်တွင်း ကျဆုံးခြင်း နှစ်ပတ်လည် အခမ်းအနားတွင် အကသ မိတ်ဆက်သီချင်း သီဆိုကြစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၎င်းအခမ်းအနားကို ၂ဝ၁၂၊ အောက်တိုဘာလ ၁၆ ရက်နေ့က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC)၏ ဆက်ဆံရေးရုံးများ မြန်မာနိုင်ငံတွင်း လာရောက်ဖွင့်လှစ်မည်ကို လက်မခံကြောင်း ဆန္ဒပြကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂,ဝဝဝ ကျော်ခန့်အား ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဆူးလေစေတီတော်သို့ စုရုံးရောက်ရှိနေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ထိုသို့ ကန့်ကွက်မှုများကြောင့် OIC ရုံး ဖွင့်လှစ်ခွင့်ပြုတော့မည်မဟုတ်ကြောင်း သမ္မတရုံးက ကြေညာလိုက်သည်။

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC)၏ ဆက်ဆံရေးရုံးများ မြန်မာနိုင်ငံတွင်း လာရောက်ဖွင့်လှစ်မည်ကို လက်မခံကြောင်း ဆန္ဒပြကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂,ဝဝဝ ကျော်ခန့်အား ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ထိုသို့ ကန့်ကွက်မှုများကြောင့် OIC ရုံး ဖွင့်လှစ်ခွင့်ပြုတော့မည်မဟုတ်ကြောင်း သမ္မတရုံးက ကြေညာလိုက်သည်။

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ကမ္ဘာ့အစ္စလာမ် အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လစ်မည်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ကြသော သံဃာတော်များနှင့် ပြည်သူ အင်အား ၂၀၀၀ ကျော်ခန့်အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁း၁၅ အချိန်က ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှစ၍ ချီတက်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

‘နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့’တွင် ပြုလုပ်ကျင်းပသော ၂၁ ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ) ပြိုင်ပွဲကို နံနက် ၆း၃ဝ အချိန်က စတင်ခဲ့ပြီ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်မှ မြို့တော်ခန်းမထိ လျှောက်ခဲ့ခြင်းဖြစ်သည်။ မျက်မမြင်ကျောင်း ၁၃ ကျောင်းမှ ၇၆၂ ယောက်က ၃ မိုင်ခရီးကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

‘နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့’တွင် ပြုလုပ်ကျင်းပသော ၂၁ ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားအချို့ကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ) ပြိုင်ပွဲကို နံနက် ၆း၃ဝ အချိန်က စတင်ခဲ့ပြီ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်မှ မြို့တော်ခန်းမထိ လျှောက်ခဲ့ခြင်းဖြစ်သည်။ မျက်မမြင်ကျောင်း ၁၃ ကျောင်းမှ ၇၆၂ ယောက်က ၃ မိုင်ခရီးကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

‘နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့’တွင် ပြုလုပ်ကျင်းပသော ၂၁ ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ) ပြိုင်ပွဲကို နံနက် ၆း၃ဝ အချိန်က စတင်ခဲ့ပြီ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်မှ မြို့တော်ခန်းမထိ လျှောက်ခဲ့ခြင်းဖြစ်သည်။ မျက်မမြင်ကျောင်း ၁၃ ကျောင်းမှ ၇၆၂ ယောက်က ၃ မိုင်ခရီးကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

‘နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့’တွင် ပြုလုပ်ကျင်းပသော ၂၁ ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်တွင် ပြုလုပ်ရာ လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းတွင် မျက်မမြင်တချို့ လမ်းလျှောက်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပြိုင်ပွဲကို နံနက် ၆း၃ဝ အချိန်က စတင်ခဲ့ပြီး ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်မှ မြို့တော်ခန်းမထိ လျှောက်ခဲ့ခြင်း ဖြစ်သည်။ မျက်မမြင်ကျောင်း ၁၃ ကျောင်းမှ ၇၆၂ ယောက်က ၃ မိုင်ခရီးကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

‘နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့’တွင် ပြုလုပ်ကျင်းပသော ၂၁ ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင် လမ်းလျှောက်ပြိုင်ပွဲမှ အားကစားသမားများ မြို့တော်ခန်းမသို့ ရောက်ရှိလာသည်ကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) မျက်မမြင်ကျောင်း ၁၃ ကျောင်းမှ အားကစားသမား ၇၆၂ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

သီတင်းကျွတ်လ မီးထွန်းပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုများဖြင့် မီးပုံးများ ချိတ်ဆွဲထားသည်ကို ၂ဝ၁၂၊ အောက်တိုဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ Junction MawTinw ၌ တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

သီတင်းကျွတ်လ မီးထွန်းပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုများဖြင့် မီးပုံးများ ချိတ်ဆွဲထားသည်ကို ၂ဝ၁၂၊ အောက်တိုဘာ ၁၃ ရက်က ရန်ကုန်မြို့ ရွှေပုဇွန် အအေးဆိုင်၌ တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ဆူဇူကီးဖလား ခြေစစ်ပွဲအဖြစ် မြန်မာအသင်း(အနီ)နှင့် ကမ္ဘောဒီးယားအသင်း (အပြာ)တို့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေက ယှဉ်ပြိုင်ကစားခဲ့ကြစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) မြန်မာအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံခွန်တိုင်အုပ်စု၊ နဘူးတောင်ရွာတွင် လယ်ယာခြံမြေ အသိမ်းခံရမှုနှင့် ပတ်သက်သော ဆွေးနွေးပွဲတရပ်ကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ၁၉၉၅-၉၆ ခုနှစ်အတွင်း စကခ ၁၂ လက်အောက်ခံ တပ်ရင်း ၅၄၇၊ ၅၄၈၊ ၅၄၉ စခန်းများ တည်ဆောက်ရာတွင် သိမ်းဆည်းခံလိုက်ရသော လယ်ယာခြံမြေများအတွက် ခံစားခွင့်များ ရရှိရေး ဆွေးနွေးခဲ့ကြသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံခွန်တိုင်အုပ်စု၊ နဘူးတောင်ရွာတွင် လယ်ယာခြံမြေ အသိမ်းခံရမှုနှင့် ပတ်သက်သော ဆွေးနွေးပွဲတရပ်ကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပရာ ဦးဆောင်ကျင်းပသူတဦးဖြစ်သည့် ဦးစိန်ဝင်း က အမှာစကားပြောကြားနေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ရသင့်ရထိုက်သော အခွင့်အရေးများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် ခေါင်းဆောင်များ၊ ပညာရှင်များနှင့် လက်တွဲပြီး ဆွေးနွေးအဖြရှာသွားမည်ဟု ဆိုသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံခွန်တိုင်အုပ်စု၊ နဘူးတောင်ရွာတွင် လယ်ယာခြံမြေ အသိမ်းခံရမှုနှင့် ပတ်သက်သော ဆွေးနွေးပွဲတရပ်ကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပရာ ဒေသခံ လယ်သမားကြီး ဦးမြဦး က ရွာသူ ရွာသားများ တွေ့ကြုံနေရသော အခက်အခဲများကိုပြောပြနေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ၁၉၉၅-၉၆ ခုနှစ်အတွင်း စကခ ၁၂ လက်အောက်ခံ တပ်ရင်း ၅၄၇၊ ၅၄၈၊ ၅၄၉ စခန်းများ တည်ဆောက်ရာတွင် လယ်ယာခြံမြေ အမြောက်အများသိမ်းဆည်းခံခဲ့ရသည်။

သုံးခွမြို့သို့ လာရောက်ရခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာရောက်ကြိုဆိုကြသော ဒေသခံများအား မြို့နယ် အဖွဲ့ချုပ်ရုံး၌ ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁ဝး၃ဝ နာရီက ရှင်းလင်းပြောကြားနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) မြို့နယ် အဖွဲ့ချုပ်တွင် အချင်းချင်း မကြေမလည် ဖြစ်ပေါ်ရခြင်းကို တောင်းပန်ကြောင်းနှင့် စိုးရိမ်စရာမရှိကြောင်း ပြောဆိုသွားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့နယ် ဒေသခံများနှင့် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) လက်ရှိရင်ဆိုင်နေရသော ရေရှိမှု နည်းပါးခြင်းကိုလည်း မြို့နယ် အုပ်ချုပ်ရေးမှုးများနှင့် တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ပေးသွားမည်ဟုပြောခဲ့သည်။

သုံးခွမြို့သို့ လာရောက်ရခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က လာရောက်ကြိုဆိုကြသော ဒေသခံများအား မြို့နယ် အဖွဲ့ချုပ်ရုံး၌ ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁ဝး၃ဝ နာရီက ရှင်းလင်းပြောကြားနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) မြို့နယ် အဖွဲ့ချုပ်တွင် အချင်းချင်း မကြေမလည် ဖြစ်ပေါ်ရခြင်းကို တောင်းပန်ကြောင်းနှင့် စိုးရိမ်စရာမရှိကြောင်း ပြောဆိုသွားသည်။ လက်ရှိရင်ဆိုင်နေရသော ရေရှိမှု နည်းပါးခြင်းကိုလည်း မြို့နယ် အုပ်ချုပ်ရေးမှုးများနှင့် တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ပေးသွားမည်ဟုပြောခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတွင် အုပ်ချုပ်ရေးမှူးများနှင့် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဆွေးနွေးမှုများကို ရှင်းလင်းပြောကြားခြင်း မရှိခဲ့ပါ။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်ပြန် ၈၈ မျိုးဆက်ကျောင်းသား ကိုမိုးသီးဇွန် အား အောက်တိုဘာ ၁၁ ရက်နေ့ နေ့လည် ၄ နာရီခန့်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လိုအပ်ပါက အမေရိကန် နိုင်ငံသား ခံယူထားခြင်းကို စွန့်လွှတ်မည်ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ အမျိုးသမီးများက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများအပေါ် ကန့်ကွက်ဆန္ဒပြကြရာ အားပေးသူများကလည်း ပါဝင်ဆင်နွှဲကြသည်ကို အောက်တိုဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

ရခိုင်ပြည်နယ် စစ်တွေမြို့မှ အမျိုးသမီးများက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများအပေါ် ကန့်ကွက်ဆန္ဒပြနေသည်ကို အောက်တိုဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

ရခိုင်ပြည်နယ် စစ်တွေမြို့မှ အမျိုးသမီးများက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများအပေါ် ကန့်ကွက်ဆန္ဒပြနေသည်ကို လုံခြုံရေးတာဝန်ယူထားသည့် ရဲဝန်ထမ်းများအား အောက်တိုဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

ရခိုင်ပြည်နယ် စစ်တွေမြို့မှ အမျိုးသမီးများက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများအပေါ် ကန့်ကွက်ဆန္ဒပြကြရာ အားပေးသူများကလည်း ပါဝင်ဆင်နွှဲကြသည်ကို အောက်တိုဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)

လှူဒါန်းရန် ခြေတုများ ပြုလုပ်နေသည်ကို ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အောင်စကြာ မိုးကုတ်ဓမ္မရိပ်သာတွင် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ဓမ္မရိပ်သာ ဆရာတော် ကြီးမှူး၍ တရုတ် တိုင်ပေရှိ Fo Guang Fhan ဆရာတော်များနှင့် ထိုင်းနိုင်ငံမှ Prostheses ဖောင်းဒေးရှင်းတို့မှ လှူဒါန်းငွေများဖြင့် ကျပ်သိန်း ၃,ဝဝဝ နီးပါး အကုန်ကျခံ၍ ခြေတုလိုအပ်သူ ၁၂ဝ ကျော်အတွက် လှူဒါန်းရန်ဖြစ်သည်။ ခြေတုတချောင်း၏ ပျှမ်းမျှတန်ဖိုးမှာ သိန်း ၂ဝ ဝန်းကျင် ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗုဒ္ဓသာသနိက အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့တွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နေ့လည် ၁ နာရီက ဆန္ဒပြပွဲတခု ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ဆန္ဒပြသူများက အမေရိကန် သံရုံးရှေ့တွင်လည်း သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးပစ္စည်းများ လာရောက်လှူဒါန်းသည့် မလေးရှားနိုင်ငံမှ Kelab Putera 1 အဖွဲ့ ကိုယ်စားလှယ်များအား စစ်တွေမြို့ရှိ ပြည်နယ် လွှတ်တော်ခန်းမတွင်
ပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးနေသည်ကို အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက တွေ့စဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) လူမျိုးဘာသာ မခွဲခြားဘဲ ဒေသတွင်းရှိ ဒုက္ခသည် အားလုံးအတွက် ဆန် တန်ချိန် ၅၀၊ သကြား တန်ချိန် ၁၀၊ အဝတ်အထည် ပုံး ၁၀၀၊ ဆေးဝါးပစ္စည်း ပုံး ၂၀၊ ရေသန့် ဗူး ၇၂,၀၀၀ နှင့် အခြား စားသောက်ကုန်ပစ္စည်းများ လာရောက်လှူဒါန်းခြင်း ဖြစ်သည်။

ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းတွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁း၁၅ နာရီက ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) “ကျမက နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်ပဲ။ ဆိုတော့ သမ္မတလုပ်ရဲတဲ့ သတ္တိ ရှိရမယ်။ ပြည်သူလူထု လိုလားရင် လုပ်မှာပါ” ဟု ထည့်သွင်းပြောဆိုသွားသည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းတွင် ပြုလုပ်သည့် အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲသို့ ရောက်ရှိလာသော ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

အခြေခံလစာ တိုးမြှင့်ပေးရေးအတွက် ချီတက်ဆန္ဒပြနေကြသော ‘တော်ဝင်မြန်မာ’ ကုမ္ပဏီ မှ စက်ရုံအလုပ်သမားများအား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၈ ရက်နေ့ နံနက် ၉း၃၀ အချိန်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဦးဝိစာရလမ်းရှိ တော်ဝင်မြန်မာ ကုမ္ပဏီရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ဆူဇူကီးဖာလား ခြေစစ်ပွဲ တတိယမြောက် ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အရှေ့တီမော အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် အကြိတ်အနယ် ယှဉ်ပြိုင် ကစားနေကြသည်ကို အောက်တိုဘာလ ၇ ရက်နေ့ညနေက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ကြည်လင်း၏ သွင်းဂိုး နှစ်ဂိုးကြောင့် မြန်မာအသင်းက ၂-၁ ဖြင့် အနိုင်ရရှိသွားခဲ့သည်။

ရန်ကုန်မြို့ရှိ ဘဏ်များတွင် အောက်တိုဘာလ ၅ ရက်နေ့က ငွေထုတ်ယူသူဦးရေ ထူးခြားစွာ များပြားလျက်ရှိရာ ကမ္ဘောဇ ဘဏ်၏ မြေနီကုန်း ဘဏ်ခွဲ၌ ငွေထုတ်ယူနေသူများအား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) “အသံတွေကြားရလို့ အကုန်ထုတ်ပြီးပြီ” ဟု ကောလာဟလ ထွက်နေမှုများနှင့် ပတ်သက်၍ လာရောက်မေးမြန်းသူများကိုလည်း ကောလာဟလများ မဟုတ်မှန်ကြောင်း၊ သုံးရက်ဆက်တိုက် ပိတ်ရက်ခံသွားခြင်းကြောင့်သာဖြစ်ကြောင်း ကမ္ဘောဇ ဘဏ်ဝန်ထမ်းတဦးက ဖြေကြားသည်။

ရန်ကုန်မြို့ရှိ ဘဏ်များတွင် အောက်တိုဘာလ ၅ ရက်နေ့က ငွေထုတ်ယူသူဦးရေ ထူးခြားစွာ များပြားလျက်ရှိရာ ကမ္ဘောဇ ဘဏ်၏ မြေနီကုန်းဘဏ်ခွဲ၌ ငွေထုတ်ယူနေသူများအား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) “အသံတွေကြားရလို့ အကုန်ထုတ်ပြီးပြီ” ဟု ကောလာဟလ ထွက်နေမှုများနှင့် ပတ်သက်၍ လာရောက်မေးမြန်းသူများကိုလည်း ကောလာဟလများ မဟုတ်မှန်ကြောင်း၊ သုံးရက်ဆက်တိုက် ပိတ်ရက်ခံသွားခြင်းကြောင့်သာဖြစ်ကြောင်း ကမ္ဘောဇ ဘဏ်ဝန်ထမ်းတဦးက ဖြေကြားသည်။

အမေရိကန်ပြည်ထောင်စုသို့ ၁၇ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့အပြန် လမ်းတလျှောက်တွင် လာရောက်ကြိုဆိုနှုတ်ဆက်ကြ သူများနှင့်အတူ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ ညက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) ခရီးစဉ်အတွင်း အရပ်သားများအား ချီးမြှင့်သည့် အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်၏ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့ကာ၊ သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်၊ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ မြန်မာသမ္မတ ဦးသိန်းစိန် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

အမေရိကန်ပြည်ထောင်စုသို့ ၁၇ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့အပြန် လမ်းတလျှောက်တွင် လာရောက်ကြိုဆိုနှုတ်ဆက် ကြသူများနှင့်အတူ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ ညက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) ခရီးစဉ်အတွင်း အမေရိကန် တက္ကသိုလ်များသို့ ဟောပြောပို့ချချက်များ ပြုလုပ်နိုင်ခဲ့ကာ မြန်မာမိသားစုများ နေထိုင်ရာ မြို့အချို့သို့လည်း သွားရောက် လည်ပတ်ကာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆူဇူကီးဖလား ခြေစစ်ပွဲအကြို သတင်းစာ ရှင်းလင်းပွဲကို ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ ရန်ကုန်ဟိုတယ်တွင် ပြုလုပ်ရာ တက်ရောက်လာကြသော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အရှေ့တီမောနှင့် လာအိုနိုင်ငံတို့မှ နည်းပြများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) (ဝဲမှယာ) ဘရူနိုင်းနည်းပြ ကိုရီးယားလူမျိုး ကွမ်အိုဆွန်၊ ကမ္ဘောဒီးယားနည်းပြ ကမ္ဘောဒီးယားလူမျိုး ဆိုချက်ထရာ၊ မြန်မာနည်းပြ ကိုရီးယားလူမျိုး ပက်ဆောင်ဟွာ၊ အရှေ့တီမောနည်းပြ ဘရာဇီးလူမျိုး အီမာဆင်နှင့် လာအိုနည်းပြ ဂျပန်လူမျိုး ကီမူရာ။

ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်းအား ကိုင်တွယ်မည့် နည်းပြမည့် ပက်ဆောင်ဟွာ အား ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ ရန်ကုန်ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) မြန်မာအသင်း၏ အဓိက တိုက်စစ်မှူးများဖြစ်သည့် ကျော်ကိုကိုနှင့် ရန်ပိုင်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မည် မဟုတ်၍ လူငယ်တိုက်စစ်မှူး ကောင်းစည်သူနှင့်အတူ ကွင်းလယ်ကစားသမားများဖြစ်သည့် ကြည်လင်းနှင့် ကျော်ဇေယျာဝင်းတို့ကို တိုက်စစ်မှူးများအဖြစ် ကစားစေမည် ဖြစ်သည်။

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း BOC မှတ်တိုင်အနီး မီးလာင်မှု ဖြစ်ပွားသည်ကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် ည ၉း၅၀ အချိန် တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) ဓာတ်ဆီဆိုင်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အခြားဆိုင်ခန်း ငါးခန်းသို့ ကူးစက်လောင်ကျွမ်းခဲ့ကာ ကျပ် ၂၅ သိန်းဖိုးဆုံးရှုံးသည်ဟု မီးသတ်ဌာနက ခန့်မှန်း ပြောကြားသည်။ မီးသတ်ကား ၂၅ စီး၊ အုပ်ချုပ်ရေးယာဉ် ၆ စီး၊ အကူယာဉ် ၈ စီး ဖြင့် ငြှိမ်းသတ်ခဲ့ရသည်။

လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ရုပ်ရှင်သရုပ်ဆောင် လူမင်းနှင့် ထွန်းအိန္ဒြာဗိုလ် တို့အား တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများကို စက်တင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) ပရိသတ်ပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား လုံးဝ ရပ်ဆိုင်းပေးရန် သမ္မတထံ စာရေးသား တောင်းဆိုသွားကြမည် ဖြစ်သည်။

လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲတွင် လှုပ်ရှားမှု အတွေ့အကြုံများ ရှင်းလင်းပြောဆိုနေသည့် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း အား စက်တင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-ရဲမင်း၊ မဇ္ဈိမ) လယ်ယာမြေ သိမ်းမှုအပါအဝင် စီမံကိန်းကြောင့် ကျန်းမာရေး ထိခိုက်မှုများကို ရှင်းပြခဲ့သည်။

လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရွေဂုံတိုင်လမ်း၊ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ၂ဝ၁၂၊ စက်တင်ဘာလ ၃ဝ ရက်နေ့ နံနက်က ပြုလုပ်ရာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ တောင်သူလယ်သမားများရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင် က ပါဝင်ဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) လွှတ်တော်အသံသည် ပြည်သူ့အသံ၊ သမ္မတအသံသည် ပြည်သူ့အသံသာ ဖြစ်သင့်ပြီး တခြားလူးများအတွက် မဖြစ်သင့်ကြောင်း ပြောခဲ့သည်။

လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ၂ဝ၁၂၊ စက်တင်ဘာလ ၃ဝ ရက်နေ့ နံနက်က ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ၎င်းပွဲကို ၈၈ မျိုးဆက် ကျောင်းသားများမှ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates