Tuesday, July 31, 2012

စည်းကမ်းဖောက် ယာဉ်လုပ်သား တရာကျော် မထသ မှ ထုတ်ပယ်

ရတနာဦး | အင်္ဂါနေ့၊ ဇူလိုင်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၃ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး (ဗဟို)၏ စီမံမှု အောက်ရှိ ယာဉ်လိုင်းများတွင် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အထိ စည်းကမ်း ဖောက်ဖျက်မှုကြောင့် ထုတ်ပယ်လိုက်သော ယာဉ်လုပ်သား တရာကျော် ရှိသွားပြီဟု မထသ (ဗဟို) တာဝန်ရှိသူတဦးက
ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့်အခါ ယာဉ်ကို စွန့်ခွာ ထွက်ပြေးမှုများနှင့် ငွေကြေး ကိစ္စများကြောင့် ယာဉ်ကို စွန့်ခွာသွား သည့် ပြစ်မှုများကြောင့် ယာဉ်လိုင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်က အများဆုံး ဖြစ်သည်ဟု မထသ(ဗဟို) အတွင်းရေးမှူး ဦးဘမြင့် က ပြောသည်။

မထသ(ဗဟို)စီမံမှုအောက်တွင် မထသ(မြို့တွင်း)၊ ဗန္ဓုလ(ပါရမီ)၊ သန်မြန်သူ၊ အရှေ့ ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ ကန္တရဝတီ၊ စစ်မှုထမ်း (အတွင်း)၊ စစ်မှုထမ်း (အပြင်)၊ ရွှေမြင်းပျံ၊ (ဂျီအီးစီ)၊ မြန်မာ့သားကောင်း၊ ရွှေရန်ကုန်၊ ရွှေဧည့်သည်၊ ရွှေအင်းဝ၊ မြို့တော်စည်ပင်နှင့် မထသ (အဝေးပြေး) ယာဉ်လိုင်းတို့ ရှိကြသည်။

ထိုအထဲမှ ယာဉ်စီးရေ များပြားသည့် ဗန္ဓုလ(ပါရမီ)ယာဉ်လိုင်းမှ ယာဉ်လုပ်သား ၇၆ ဦး အများဆုံး ထုတ်ပယ်ခံခဲ့ရပြီး မြောက်ပိုင်းခရိုင်မှ ယာဉ်လုပ်သား ကိုးဦး ဒုတိယအများဆုံး ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုအမှုများတွင် ခရီးသည်များ၏ တိုင်ကြားချက်ဖြင့် ထုတ်ပယ်ခဲ့ရသည့်အမှုမှာ ယနေ့ အချိန်အထိ မရှိသေးဘဲ ထုတ်ပယ်ခဲ့ရသည့် ယာဉ်လုပ်သားများတွင်လည်း ယာဉ်နောက်လိုက်ထက် ယာဉ်မောင်းက ပိုများသည်။

ဇူလိုင်လ နှောင်းပိုင်းအထိ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများတွင် မထသ( မြို့တွင်း) ယာဉ်လိုင်းမှ အမှု ၅ဝ၊ အနောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ အမှု ၂ဝ ကျော်၊ ဗန္ဓုလ (ပါရမီ) လိုင်းမှ အမှု ၂ဝ ဝန်းကျင် ရှိခဲ့သည်။

မထသ(ဗဟို) လက်အောက်ရှိ ယာဉ်လိုင်းများမှ ထုတ်ပယ်ခဲ့ရသည့် ယာဉ်လုပ်သားစာရင်း


 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates