Monday, July 23, 2012

သန်လျင်ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေး

ရတနာဦး | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၃၀ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ သန်လျင်ရဲစခန်းတွင် မသင်္ကာမှုဖြင့် ချုပ်နှောင်ထားသည့် အချုပ်သား နှစ်ဦး အချုပ်ခန်း အမိုးဖောက်ကာ ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ မှုခင်းစာရင်း ပြုစုရေးဌာနမှ ရဲအုပ် ဒေါ်သီသီမြင့်က ပြောသည်။

သန်လျင်ရဲစခန်း အချုပ်ခန်းအမှတ် (၂) တွင် ချုပ်နှောင်ထားသည့် အချုပ်သား ၄၇ ဦးအနက် (ပ) ၇၇၄/၁၂၊ ပုဒ်မ-၃၈၀/ မဆ/ ၅၄ (ခိုးမှု၊ မင်္သကာမှု)ဖြင့် ဖမ်းင်္ဆိးထားသော မင်္ဂလာဒုံ မြို့နယ် ဇောတိက ၁လမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ညီညီအောင် (ခ) ဖိုးလပြည့် (၁၇) နှစ်နှင့် မြောက်ဥကလာပမြို့နယ် အိနြာ ၈ လမ်း၊ ၄ရပ်ကွက်နေ မင်းမောင်မောင် (၁၈) နှစ်တို့က ဇူလိုင် ၁၄ ရက်နေ့ နံနက် ၃ နာရီ ၁၇ မိနစ် အချိန်ခန့်တွင် အချုပ်ခန်းထောင့် အပေါ်ရှိ ၃”x ၂” သစ်သား အား အနည်းငယ်ဟကာ အချုပ်ခန်း အမိုးအား ဖောက်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

အလှည့်ကျ ကင်းသမားက အချိန် ၃ နာရီ ၁၈ မိနစ်အချိန်တွင် အချုပ်ခန်း အမိုးပေါ်မှ အသံကြားသဖြင့် မော့ကြည့်ရာ (ပ)၈၂၉/၁၂၊ ပြစ်မှု ပုဒ်မ ၃၂၆/၃၂၅/၁၁၄ (နာကျင်စေမှု) ဖြင့် ချုပ်နှောင်ထားသော သန်လျင်မြို့နယ်နေ ဇင်ဖြိုးဝေ အား တွေ့ရှိရသဖြင့် ဖမ်းဆီးပြီး အချုပ်ခန်းရှိ တရားခံများအား စစ်ဆေးရာ ညီညီအောင်နှင့် မင်းမောင်မောင်တို့ ထွက်ပြေး လွတ်မြောက်သွားသည်ကို စစ်ဆေးတွေ့ ရှိခဲ့သည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သား နှစ်ဦးအား သန်လျင်ရဲစခန်းက (ပ) ၈၈၆/၁၂၊ ပုဒ်မ ၂၂၄/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates