Friday, August 5, 2011

ပန်းချီမောင်မောင်သိုက် ကွယ်လွန်

မျိုးသန့်| သောကြာနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ သရုပ်ဖေါ် ပန်းချီလောက၏ ခေတ်တခေတ်ကို ထူထောင်ခဲ့သူဟု လုပ်ဖေါ် ကိုင်ဖက်များက ရည်ညွှန်း ပြောဆိုကြသည့် အသက် ၆၆ နှစ်ရှိ ပန်းချီဆရာ ဦးမောင်မောင်သိုက်သည် သောကြာနေ့ နေ့လည်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဦးမောင်မောင်သိုက်သည် တာမွေမြို့နယ် ရွှေဗဟို ဆေးခန်းတွင် သောကြာနေ့နေ့လည် ၁၂ နာရီ မိနစ် ၄ဝ က အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု တပည့်ဖြစ်သူ ပန်းချီဆရာ မြင့်မောင်ကျော်က မဇ္ဈိမကို ပြောသည်။

ယခုနှစ် ဧပြီလ အတွင်းက စာရေးဆရာ အောင်ပြည့် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဆရာမောင်မောင်သိုက် ရေးဆွဲခဲ့သည့် ဆရာအောင်ပြည့် ပုံတူပန်းချီကား (PHOTO :: popularmyanmar.com)

ပန်းချီဆရာ မောင်မောင်သိုက်သည် သရုပ်ဖေါ် ပန်းချီလောက ခေတ်တခေတ်ကို ထူထောင်ခဲ့သူ ဖြစ်ကြောင်းလည်း ဆရာ၏ မိတ်ဆွေတဦး ဖြစ်သူ ပန်းချီဆရာ စိုးဝင်းငြိမ်းက ဆိုသည်။

“ ဆရာမောင်မောင်သိုက်ကတော့ သရုပ်ဖေါ် ပန်းချီလောက ခေတ်တခေတ်ကို သူထူထောင်နိုင်ခဲ့တဲ့ သူတယောက်ပါပဲ နောက်ပြီးတော့ သူတို့ခေတ် ကာလက ပန်းချီဆရာတွေ ပန်းချီ ရေးဆွဲပြီး ရပ်တည်ဖို့ ခက်တဲ့ကာလပါ အဲဒီအချိန်မှာ မဂ္ဂဇင်းတွေ ဂျာနယ်တွေ စာအုပ်ဖုံး ဒီဇိုင်းတွေကို သူ့ဘဝ ရပ်တည်ဖို့ အတွက် အလေးထား ဆွဲခဲ့ပါတယ်" ဟု ဦးစိုးဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။

ဆရာမောင်မောင်သိုက် ကွန်လွန်ချိန်တွင် သားတယောက် သမီးတယောက် ကျန်ရစ်ကာ ဇနီးသည် ဒေါ်မာချိုမှာ လွန်ခဲ့သည့် ၅ နှစ်ခန့် ကတည်းက ကွယ်လွန်ခဲ့သည်။ ဆရာ၏ ရုပ်ကလပ်ကို တနင်္ဂနွေနေ့တွင် ရေးဝေး သုသာန်တွင် သဂြုင်္ိဟ်မည် ဖြစ်သည်။

အခြား ပန်းချီဆရာကြီးတဦး ဖြစ်သူ ကိုကိုးကျွန်းပြန် မင်းကွန်းမြို့နေ အသက် ၆၇ အရွယ်ရှိ ဆရာ ရာဟုလာသည် လည်း မင်းကွန်းမြို့နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates