Monday, August 1, 2011

ဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူ

သဲသဲ | တနင်္လာနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၄ မိနစ်

နယူးဒေလီ(မဇ္ဈိမ) ။       ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးသည် ညာဘက်မျက်လုံး အတွင်းတိမ် စွဲကပ်မှု ဝေဒနာကြောင့်  တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ပန်းလှိုင် အထူးကု ဆေးရုံတွင် ခွဲစိပ်ကုသမှု ခံယူခဲ့ရကြောင်း ပါတီ ပြောရေးဆိုခွင့်ရ ဦအုန်းကြိုင်က ပြောသည်။

“အလုပ်လုပ်ရင်းက ကြည့်ရတာ မှုန်ဝါးဝါးဖြစ်လာလို့ ဆေးရုံတက် ခွဲလိုက်ရတာပါ။ ” ဦးအုန်ကြိုင်က ပြောသည်။

အသက် ၈၃ နှစ်အရွယ် ဦးတင်ဦး အင်္ဂါနေ့တွင်ပင် စတင်၍ ရုံးပြန်တက်ဖွယ် ရှိသည်။ သူသည် ယခင်က စင်္ကာပူနိုင်ငံသို့ သွားရောက်၍ ဘယ်ဘက်မျက်လုံး ခွဲစိတ်ကုသမှု ခံယူရဖူးသည်။

ပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းတင်မှာ ဝေဒနာသက်သာသဖြင့် ဆေးရုံမှ ဆင်းနိုင်ပြီဖြစ်ပြီး  ယနေ့ နံနက်တွင် ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေးသို့  တက်ရောက်ကြောင်းလည်း သိရသည်။

အသက် ၈၂ နှစ်အရွယ် ဦးဝင်းတင်သည် ဇူလိုင်လ ၁၆ ရက်နေ့ကတည်းက အာရှတော်ဝင် ဆေးရုံ၌ ခါးရိုးတွင်းဆေးထိုးသွင်း ကုသမှုခံယူခဲ့ရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates