Posts

Showing posts from December, 2009

မြစ်ဆုံ ရေကာတာ ဖွင့်ပွဲ ဆင့်ခေါ်

မျိုးကြီး | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၄၀ မိနစ် ရွှေလီ (မဇ္ဈိမ) ။     ။ မြန်မာ-တရုတ် ပူးတွဲ တည်ဆောက်သည့် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဖျားရှိ မေခနှင့် မလိခ မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး ဖွင့်ပွဲသို့ တက်ရောက်ရန် ဒေသခံ ရွာသားများကို ယနေ့တွင် အာဏာပိုင်များက ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။ ပြည်နယ် မြို့တော် မြစ်ကြီးနား မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ လုံခါဇွတ် ရွာအနီး၌ ယနေ့နံနက်တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပရာ နှစ်နိုင်ငံ အရာရှိကြီးများ တက်ရောက်ခဲ့သလို၊ အနီးရှိ ကျေးရွာတရွာလျှင် အိမ်ခြေ ၅၀ မှ တအိမ်ထောင်လျှင် တဦးနှုန်း လာရောက်ရန် မြစ်ကြီးနား မယက ကောင်စီက ရွာဥက္ကဋ္ဌများမှ တဆင့် ဆင့်ခေါ်ခဲ့သည်။ “မြစ်ဆုံ ရေကာတာရဲ့လုပ်ငန်းခွင်ဖွင့်ပွဲကို လုံခါဇွတ်၊ ကျိန်ခန်၊ တန်ဖဲ အဲဒီဘက်က ရွာလူကြီးတွေကို တရွာကို အိမ်ခြေ ၅၀ ၊ တအိမ်တယောက် မလာမနေရ။ လာတဲ့လူတွေကလည်း တိုင်းရင်းသား ဝတ်စုံတွေကို ဝတ်ပြီးမှ လာခဲ့ရမယ်။ မယက ဥက္ကဋ္ဌက အမိန့် ပေးထားတယ်။ လီဆူးဆို လီဆူးဝတ်စုံ၊ ကချင်ဆို ကချင်ဝတ်စုံ ဝတ်ပြီး တက်ရတယ်” ဟု အဆိုပါ ဒေသတွင်းမှ ဒေသခံတဦးက ပြောသည်။ ယနေ့ ဖွင့်ပွဲသို့ မြန်မာနိုင်ငံ အမှတ် ၂ စွမ်းအင် ဝ...

မြစ်ဆုံ ရေကာတာလုပ်ငန်း ပြန်လည် စတင်တော့မည်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၂ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၅၃ မိနစ် မဇ္ဈိမ (ချင်းမိုင်)။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ဘက်ရှိ မြစ်ဆုံရေကာတာစီမံကိန်း လုပ်ငန်းများကို ယခုလ လယ်တွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၀၇ ခုနှစ်အတွင်း စတင်ခဲ့သည့် မြစ်ကြီးနားမြောက်ဘက် ၂၇ မိုင်အကွာရှိ မြစ်ဆုံရေကာတာ စီမံကိန်းလုပ်ငန်းများကို ယခုနှစ် မိုးတွင်းပိုင်း၌ ခေတ္တရပ်နားခဲ့ရာမှ ပြန်လည်စတင်ရန် သိရခြင်း ဖြစ်သည်။ “ရေတားမယ့် ကွန်ကရစ်ချမှာက ဒီဇင်ဘာ ၂၆ ရက်နေ့ စမယ်။ လုပ်ငန်းပြန်စတဲ့ ဖွင့်ပွဲကို ၁၆ ရက်နေ့မှာ လုပ်မယ်။ ဘိလပ်မြေစက်၊ ကျောက်ခွဲစက်တွေဘာတွေ ရောက်ပြီ” ဟု စီမံကိန်း၌ ပါဝင်သည့် အေရှားဝေါလ်ကုမ္ပဏီမှ ကျွမ်းကျင်ဝန်ထမ်းများနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။ သို့သော် လုပ်ငန်းဖွင့်ပွဲ ကျင်းပမည့်နေရာကိုမူ အတိအကျ မသိကြရသေးပေ။ ရေအားလျှပ်စစ် မီဂါဝပ် ၃၆၀၀ ထုတ်ပေးနိုင်မည့် “မြစ်ဆုံရေကာတာစီမံကိန်း” အရ မေခမြစ်တွင် တာ ၅ ခု၊ မလိခမြစ်တွင် ၂ ခုဖြင့် ရေပိတ်ထားမည်ဖြစ်သည်။ မြစ်ဆုံရေကာတာ စီမံကိန်းအတွက် ယခုအခါ အလုပ်သမား အိမ်ယာများ ဆောက်လုပ်ခြင်းနှင့် ဧရာဝတီ မြစ်ရေအောက်ပိုင်း စမ်းသပ်ခြင်းမျာ...