Posts

Showing posts from December, 2008

လေးဖြူ၏ “ဘင်္ဂလား ပင်လယ်အော်” ထွက်ပြီ

Image
မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 21:07 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ နိုင်ငံကျော် ရော့ခ်အဆိုတော် လေးဖြူ၏ ဘင်္ဂလားပင်လယ်အော် သီချင်းအယ်လ်ဘမ်အသစ် မကြာသေးခင်က ထွက်ရှိလာခဲ့သည်။ တေးရေး မောင်မောင်ဇော်လတ်၊ လင်းလင်း၊ နောနော်နှင့် ရယ်ဂျီတို့ ရေးဖွဲ့ထားသည့် သီချင်း ၁၃ ပုဒ်ပါ အယ်လ်ဘမ်သည် ဒီဇင်ဘာ ၈ ရက်နေ့က စတင်ရောင်းချခဲ့သည်။ သတ်မှတ်ဈေးနှုန်းမှာ ၁၈၀၀ ကျပ်ဖြစ်သော်လည်း အချို့ ဈေးနှုန်းတင်ပြီး ၂၅၀၀ ကျပ်အထိပင် ရောင်းနေသည်ဟု သိရသည်။

မြန်မာပြည်မှာ ဆင်မှောင်ခိုတွေ ခောတ်စားနေ

ဆလိုင်းပီပီ စနေနေ့၊ ဒီဇင်ဘာလ 13 2008 15:16 - မြန်မာစံတော်ချိန် နယူးဒေလီ (မဇ္ဈိမ) ။ ။ ဆယ်စုနှစ်တခုအတွင်းမှာပင် ဆင်အကောင်ရေ ၂၅၀ အထက်နှင့် ဆင်စွယ်များ မြန်မာပြည်တွင်းမှ ခိုးထုတ်ခံသွားရကာ ဆင်ဦးရေ သိသိသာသာ လျော့နည်းကျဆင်းသွားပြီဖြစ်ကြောင်း အစီရင်ခံသစ်တခုက ဖော်ပြထားသည်။ သဘာဝ တောရိုင်းတိရစ္ဆာန်များကို ကူးသန်းရောင်းဝယ်မှု စောင့်ကြည့်လေ့လာရေး ကွန်ယက်အဖွဲ့ တခုဖြစ်သော TRAFFIC ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဆင်နှင့် ဆင်စွယ်များ တရားမ၀င် ရောင်းဝယ်ဖောက်ကားရာ ဗဟိုချက်မတခုဖြစ်နေသောကြောင့် အမဲလိုက်မုဆိုးများနှင့် မသမာရောင်းဝယ်သူတို့၏လက်ချက်ဖြင့် အဖိုးတန် တိရစ္ဆန်ကြီးများ ဆုံးရှုံးနေရသည်ဟုဆိုသည်။ မြန်မာနိုင်ငံမှ ဆင်များကို အိမ်နီးပတ်ဝန်းကျင်နိုင်ငံများသို့ အဓိက ခိုးထုတ်ရောင်းချနေသည်ဟု ဆိုသည်။ TRAFFIC အဖွဲ့မှ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းအရာရှိဖြစ်သူ ခရစ် အာ ရှက်ဖ်ဖတ်က ပြောကြားရာတွင် " အမဲလိုက်တာရယ်၊ နယ်စပ်ဖြတ်ပြီး ခိုးရောင်းတာတွေရယ်ကြောင့် မြန်မာပြည်က ဆင်ဦးရေ ကျသွားပြီ" မှောင်ခိုခိုးထုတ်သော ဆင်အများစုမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိကုန်ပြီး ခရီးသွားလုပ်ငန်းများက ဖျော်ြေ...

မြန်မာနေးရှင်း အယ်ဒီတာချုပ် ဦးသက်ဇင်ကို လျို့ဝှက်ထောင်ပြောင်း

Image
နန်းဒေ၀ီ စနေနေ့၊ ဒီဇင်ဘာလ 13 2008 15:19 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ မြန်မာနေးရှင်း ဂျာနယ်တိုက်၏ အယ်ဒီတာချုပ် ဦးသက်ဇင်ကို အာဏာပိုင်များက လျို့ဝှက်စွာဖြင့် ထောင်ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ကြသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှ ပုံနှိပ်အက် ဥပဒေ ချိုးဖောက်မှုဖြင့် ဦးသက်ဇင်အား ထောင်ဒဏ် ၇ နှစ် ချမှတ်ခံပြီးနောက် ယခုလို စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ ကလေးထောင်သို့ လွန်ခဲ့သည့် တနင်္ဂနွေနေ့က ပို့ခဲ့ခြင်း ဖြစ်သည်။ "၁၁ ရက်နေ့ ထောင်ဝင်စာတွေ့တဲ့နေ့မှပဲ သူတို့ကို တနင်္ဂနွေနေ့ အစောကြီးကတည်းက ထောင်ပြောင်းတယ်ဆိုတာ သိလိုက်ရတယ်။ ကလေးထောင်တော့ ရောက်ဦးမှာမဟုတ်ဘူး။ အဲဒီရက်မတိုင်ခင် ၉ ရက်နေ့က သေချာအောင် အင်းစိန်ထောင်ကို မေးကြည့်တော့ ဦးသက်ဇင် ရှိပါတယ်လို့ပြောခဲ့တယ်" ဟု ဦးသက်ဇင် ဇနီးဖြစ်သူ ဒေါ်ခင်ဆွေမြင့် ကပြောသည်။ သူမက ဆက်၍ ပြောဆိုရာတွင် "ရွှေ့လဲရွှေ့မှတော့ ဒီလောက် ဝေးဝေးပြောင်းမယ်လို့ မမျှော်လင့်မိဘူး။ သရက်ထောင်တို့ သာယာဝတီထောင်လောက်ဆို သမီးလေးနဲ့ ကျမ နေ့ချင်းသွားကြမယ်။ မိုးခ်ဳပ္ရင္လဲ ခ်ဳပ္ပါေ...

ဒါက်တာ စင်သီယာမောင် နေရှင်းဆုရရ

Image
ဇာနည် သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 18:55 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ ထိုင်းဘုရင့်သက်တော် ၈၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေးရှင်းမီဒီယာအဖွဲ့က ချီးမြှင့်သည့် အမိမြေကို အလုပ်အကျွေးပြုသူများဆုကို ထိုင်းမြန်မာနယ်စပ် မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်က ယမန်နေ့တွင် ရရှိလိုက်သည်။ ထိုင်း၏ နေ့စဉ်သတင်းစာကြီးဖြစ်သော နေးရှင်းကို ထုတ်လုပ်သည့် နေးရှင်းမီဒီယာအဖွဲ့၏ နိုင်ငံအကျိုးပြုသူများဆု - The Country's Favours Awards ချီးမြှင့်ရေး အစီအစဉ်တွင် ထိုင်းနိုင်ငံ ခရိုင် ၇၆ ခရိုင်မှ ထူးချွန်သူ တဦးစီကို ရွေးချယ်ခဲ့ရာ တက်ခ်ခရိုင် Tak အတွက် ဒေါက်တာ စင်သီယာမောင်မှ ရရှိခြင်းဖြစ်သည်။ "အခုလို ဆုကို လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ကျမ ရလိုက်တော့ ထိုင်းလူမျိုးတွေအနေနဲ့ မြန်မာပြည်ရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေ၊ နောက် မြန်မာပြည်သားတွေရဲ့ သူတို့နိုင်ငံအပေါ်မှာ တာဝန်ယူ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပိုမို သိမြင်လာမယ်ဆိုရင် လက်ရှိ ဆောင်ရွက်နေတဲ့ ပညာရေး ကျန်းမာရေး လူမှုရေးတွေမှာ ထိုင်းနဲ့ ကျမတို့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ထိုင်း ပြ...

ဦးနေဝင်း သမီး ဒေါ်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီဟု ဘီဘီစီက ပြော

Image
မဇ္ဈိမသတင်းဌာန စနေနေ့၊ ဒီဇင်ဘာလ 13 2008 17:52 - မြန်မာစံတော်ချိန် ချင်းမိုင် (မဇ္ဈိမ) ။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရသူ ကွယ်လွန်သူ အာဏာရှင်ဟောင်းကြီး ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းကို စစ်အစိုးရက သောကြာနေ့နံနက်က ရန်ကုန်ရှိ နေအိမ်က လွှတ်ပေးလိုက်ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ပါရှိသည်။ အသက် ၅၆ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန္ဒာဝင်းသည် ခင်ပွန်းဖြစ်သူနှင့် သားသုံးယောက်က နိုင်ငံတော် ပုန်ကန်မှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရစဉ် အင်ယားကန်ဘောင်ပေါ်ရှိ နေအိမ်တွင် အကျယ်ချုပ် ကျခံခဲ့ရသည့်မှာ ၆ နှစ် ကြာမြင့်အပြီး လွတ်မြောက်လာခြင်း ဖြစ်သည်။ ခြွင်းချက်မရှိ လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က ပြောသည်။ စစ်အစိုးရက ဦးအေးဇော်ဝင်းနှင့် သားသုံးယောက်ဖြစ်သော အေးနေဝင်း၊ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့သည် အရှိန်အ၀ါဟောင်းကို အားကိုးကာ လူယုံဖွဲ့၊ လက်ဖွဲ့ အဆောင်အယောင်များ အကူအညီယူကာ အာဏာသိမ်းရန် ကြံစီသည်ဟုဆိုကာ ၂၀၀၂ ခုနှစ်အတွင်းက သေဒဏ် ချမှတ်ထားသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ကျင့်သုံးမှုတခုဖြစ်သည့် သေဒဏ်မှာ ပယ်ဖျက်ထားခြင်း မရှိသော်...

ကလေးများ ကူးသန်းရောင်းဝယ်မှု တားဆီးရေး အထိမ်းအမှတ်ပြုလုပ်

Image
ဇာနည် သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 20:31 - မြန်မာစံတော်ချိန် ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ ကလေးသူငယ်များ ပါဝင်ဆင်နွဲကြသော ကလေးသူငယ်များအား ကူးသန်းရောင်းဝယ်မှု ပပျောက်ရေး အထိမ်းအမှတ်ပွဲ တခုကို ထိုင်းနယ်စပ် မဲဆောက်မြို့တွင် ယနေ့ သောကြာနေ့တွေ ပြုလုပ်ခဲ့ကြသည်။ ထိုင်း နိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ရင်သွေး ၂၀၀၀ ကျော်က ကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေး ပိုစတာများ ဆောင်ပုဒ်များကို ကိုင်ဆောင်၍ ဆာသူးလေ ကျောင်းနှင့် ၃ ကီလိုမီတာခန့် ဝေးသော နေရာမှ ကျောင်းအထိ စီတန်းလမ်းလျှောက်ကြပြီး ကျောင်းဝင်းတွင်းတွင် ကလေးများ ကိုယ်တိုင် ဦးစီးတင်ဆက်သော ပြဇာတ်၊ သီချင်းများ၊ ဒုံးယိမ်းအကများ အားကစား ပြိုင်ပွဲများနှင့် ကလေးသူငယ် ကူးသန်းရောင်းဝယ်မှုများအကြောင်း ပညာပေး ပြခန်းများကို ပြသခဲ့သည်။ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သူ လူငယ်တဦးဖြစ်သည့် မောင်ပြည့်ဖြိုးမင်းက "အခုလို ကိုယ်တိုင် ပါဝင်ရတာ ဂုဏ်ယူတယ်။ နောက် ကိုယ်တိုင်လည်း လူငယ်တယောက်ဖြစ်နေတော့ ကလေးတွေ ရောင်းဝယ်ခံနေရတာကို ကျနော်တို့က လက်ပိုက် ကြည့်မနေဘဲ ဘယ်လိုနည်းလမ်းတွေနဲ့ တားမလဲဆိ...

လွှတ်တော်အမတ် ဦးအုန်းကြိုင် ပြန်လွတ်လာ

သန်းထိုက်ဦး သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 19:29 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပါတီအကြောင်းကို အာဏာပိုင်များက ၂ လကြာ ဖမ်းဆီးမေးမြန်း ပြီးနောက် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးအုန်းကြိုင်ကို ယမန်နေ့က အင်းစိန်ထောင်မှ ပြန်လွှတ်ပေးလိုက်သည်။ အသက် ၆၃ နှစ်အရွယ် ဦးအုန်းကြိုင်သည် မန္တလေးတိုင်း အရှေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ်နှင့် ပါတီ၏ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကာ ရှိထားသည့် အချက်အလက်များနှင့် ကွဲလွဲနေသည်ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ "သူတို့ (အာဏာပိုင်) သိထားတဲ့ အကြောင်းတွေလည်း ရှိမှာပေါ့ဗျ။ အဲဒါတွေ ကျနော်နဲ့ ဆွေးနွေးကြည့်တဲ့ အခါကျတော့ ကျနော့်အပေါ်မှာ သူတို့ သိထားတာတွေဟာ အကုန်လုံး ဘာမှ မဟုတ်တာတွေ သိသွားလို့ ပြန်လွှတ်ပေးခဲ့တာပါ" ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။ အာဏာပိုင်ဘက်က သိရှိထားသည့် အချက်အလက်များ ဆိုသည်ကိုမူ သူက ပြောဆိုရန် ငြင်းဆိုခဲ့သည်။ သူ့ကို လက်ရှိနေထိုင်ရာ ရန...

နာဂစ် မုန်တိုင်းဒဏ်ခံဒေသတွင် ကျန်းမာရေးအခြေအနေ စိုးရိမ်စရာရှိနေ

Image
မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 20:32 - မြန်မာစံတော်ချိန် နယူးဒေလီ (မဇ္ဈိမ) ။ ။ နာဂစ်ဆိုင်ကလုံးဒဏ်သင့်သူများကို အကူအညီပေးရမည့် ငွေကြေးအခြေအနေမှာ မလုံမလောက်ဖြစ်မှု ဆက်လက် ကြုံတွေ့နေပြီး ကျန်းမာရေးကဏ္ဍတွင် ပိုမိုအလေးထားအားထုတ်မှု ပျက်ကွက်လျှင် လုပ်ခဲ့သမျှ သဲထဲရေသွန်သလို ဖြစ်သွားလိမ့်မည်ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအရာရှိက ပြောကြားလိုက်သည်။ ကုလသမဂ္ဂဌာနေဆိုင်ရာ လူသားချင်း စာနာထောက်ထား အကူအညီပေးရေး အရာရှိ ဘီရှိုး ပါရာဂျူးလီက ရန်ကုန်တွင် ကြာသပတေးနေ့က ပြုလုပ်သော အလှူရှင်များ အစည်းအဝေးတွင် သတိပေးပြောကြားရာတွင် " ကျန်းမာရေးစနစ်ကို အထောက်အကူဖြစ်စေဖို့ နောက်ထပ် အားစိုက်မလုပ်ကြရင်ဖြင့် ဒီနေ့ထိ ရင်းထားတာတွေ၊ ရလာပြီးသား ရလာဒ်ကောင်းတွေဟာ စိုးရိမ်ဖွယ်ရာ အန္တရာယ်ရှိနေတယ်" ဟု ပါရှိသည်။ မုန်တိုင်းဒဏ်သင့်သူများကို ကူညီရန် နိုင်ငံတကာသို့ မေတ္တာရပ်ခံထားသော ပမာဏတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်မှာ ရောက်မလာသေးကြောင်း သူက ပြောသည်။ ကုလအဖွဲ့ကြီးက အမေရိကန်ဒေါ်လာ ၄၈၃ သန်း တောင်းခံထားသော်လည်း ဒေါ်လာ ၃၀၃ သန်းသာ ရသေးသည်။ နယ်စည်းမခြား ဆေးပည...

တခါသုံး GSM ဖုန်းကဒ်များ အရောင်းသွက်နေ

Image
သဲသဲ သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 20:49 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ မန္တလေးတိုင်း ပြင်ဦးလွင်အနီးရှိ ရတနာပုံ ဆိုက်ဘာစီးတီးတွင် ကျင်းပပြုလုပ်သည့် အိုင်စီတီ နည်းပညာပြပွဲ၌ ယနေ့ စတင်ရောင်းချသည့် တခါသုံး GSM ဖုန်းကဒ်များကို ကျိတ်ကျိတ်တိုး ၀ယ်ယူနေသည်။ မြန်မာ့ဆက်သွယ်ရေးဌာန၏ အရောင်းကိုယ်စားလှယ်ဖြစ်သော Central Marketing Co., ltd မှ တခါသုံး GSM ဖုန်းကဒ်များကို ယနေ့ ဖွင့်လှစ်လိုက်သည့် ပြပွဲတွင် စတင်ရောင်းချပေးရာ မြန်မာများသာမက နိုင်ငံခြားသားများပါ အားပေး ၀ယ်ယူနေကြသည်။ "ရိုးရိုး GSM တလုံးကို ၁၅ သိန်းပေးရတာ၊ အခု FEC ၂၀ (ကျပ်ငွေ - နှစ်သောင်း လေးထောင်ခန့်) လောက်နဲ့ တလလောက် သုံးနိုင်တော့ လူတွေက အရမ်းဝယ်နေကြတယ်" ဟု ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ကိုစိုင်းက မဇ္ဈိမကို ပြောသည်။ တဦးလျှင် ဖုန်းကဒ် တကဒ်စီသာ ရောင်းချပေးခြင်း ဖြစ်သည်။ ပြပွဲရက်အတွင်း FEC 10 တန် ကဒ် တသောင်းနှင့် FEC 20 တန် ကဒ် တသောင်းကို နေ့စဉ် အချိုးကျ ရောင်းချပေးသွားရန်ပင် စီစဉ်နေသည်။ ဖုန်းကဒ်သက်တမ်း ကန့်သတ်မှုရှိပြီး ခေါ်ဆိုခနှုန်းထား မြင့်မားသော်လည်း FEC 10/20 နှင်...

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေနှင့် တွေ့ခွင့်မပြု

Image
နန်းဒေ၀ီ ကြာသပတေးနေ့၊ ဒီဇင်ဘာလ 11 2008 20:15 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေတို့ တွေ့ဆုံခွင့်ကို စစ်အစိုးရက တားမြစ်လိုက်သည်။ တရားမ၀င် ရက်လွန် ချုပ်နှောင်ထားသည်ဟု နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်ဘက်က အာဏာပိုင်များထံ အယူခံလွှာ တင်သွင်းထားသည့် ကိစ္စနှင့်ပတ်သက်၍ ရှေ့နေဦးကြည်ဝင်းက သူ၏ အမှုသည်နှင့် ဒီဇင်ဘာ ၈ ရက်နေ့ သို့မဟုတ် ၁၀ ရက်နေ့တွင် တွေ့ဆုံလိုကြောင်း တင်ပြခဲ့ရာ ယမန်နေ့က ငြင်းပယ်သည့် အကြောင်းပြန်ကြားချက် ရခဲ့သည်။ အယူခံလွှာအား ၀န်ကြီးအဖွဲ့က ကိုင်တွယ်နေပြီဖြစ်ကြောင်း အသိပေးခဲ့သည်ဟု ဦးကြည်ဝင်းကို ကိုးကား၍ သူမ၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။ "အယူခံလွှာကို ၀န်ကြီးအဖွဲ့ ကိုင်တွယ်နေပြီလို့ အကြောင်းပြချက်နဲ့ ဦးကြည်ဝင်းကို မနေ့က ပြောလိုက်တယ်" "ကိုင်တွယ်တယ်ဆိုတဲ့ စကားက အဓိပ္ပာယ် အများကြီးရှိပါတယ်။ ဒါကြောင့် ဒီအပေါ်မှာ အန်ကယ်တို့ အဓိပ္ပာယ်ဖော်ရ ခက်ပါတယ်" ဟု သူက ဆက်ပြောသည်။ ...

တခါသုံး GSM ဖုန်းကဒ်များ အရောင်းသွက်နေ

Image
သဲသဲ သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 20:49 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ မန္တလေးတိုင်း ပြင်ဦးလွင်အနီးရှိ ရတနာပုံ ဆိုက်ဘာစီးတီးတွင် ကျင်းပပြုလုပ်သည့် အိုင်စီတီ နည်းပညာပြပွဲ၌ ယနေ့ စတင်ရောင်းချသည့် တခါသုံး GSM ဖုန်းကဒ်များကို ကျိတ်ကျိတ်တိုး ၀ယ်ယူနေသည်။ မြန်မာ့ဆက်သွယ်ရေးဌာန၏ အရောင်းကိုယ်စားလှယ်ဖြစ်သော Central Marketing Co., ltd မှ တခါသုံး GSM ဖုန်းကဒ်များကို ယနေ့ ဖွင့်လှစ်လိုက်သည့် ပြပွဲတွင် စတင်ရောင်းချပေးရာ မြန်မာများသာမက နိုင်ငံခြားသားများပါ အားပေး ၀ယ်ယူနေကြသည်။ "ရိုးရိုး GSM တလုံးကို ၁၅ သိန်းပေးရတာ၊ အခု FEC ၂၀ (ကျပ်ငွေ - နှစ်သောင်း လေးထောင်ခန့်) လောက်နဲ့ တလလောက် သုံးနိုင်တော့ လူတွေက အရမ်းဝယ်နေကြတယ်" ဟု ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ကိုစိုင်းက မဇ္ဈိမကို ပြောသည်။ တဦးလျှင် ဖုန်းကဒ် တကဒ်စီသာ ရောင်းချပေးခြင်း ဖြစ်သည်။ ပြပွဲရက်အတွင်း FEC 10 တန် ကဒ် တသောင်းနှင့် FEC 20 တန် ကဒ် တသောင်းကို နေ့စဉ် အချိုးကျ ရောင်းချပေးသွားရန်ပင် စီစဉ်နေသည်။ ဖုန်းကဒ်သက်တမ်း ကန့်သတ်မှုရှိပြီး ခေါ်ဆိုခနှုန်းထား မြင့်မားသော်လည်း FEC 10/20 နှင်...

ားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် တိုးပွားလာဖွယ်ရှိ

မိုးသူ ကြာသပတေးနေ့၊ ဒီဇင်ဘာလ 11 2008 16:43 - မြန်မာစံတော်ချိန် ရန်ကုန် ။် ။ ရုရှားသည် မကြာမီအတွင်း မြန်မာနိုင်ငံတွင် အဓိက ရင်းနှီးမြှုပ်နှံသည့်နိုင်ငံ ဖြစ်လာလိမ့်မည်ဟု ရန်ကုန်အခြေစိုက် အကဲခတ်တဦးက ပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသော ရုရှကုမ္ပဏီ အများအပြားရှိနေပြီး၊ ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာသောကြောင့် ဖြစ်သည်ဟု သုံးသပ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ၈ နှစ်ခန့်ကတည်းက ရုရှ ပုဂ္ဂလိကနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံသို့ တဖြေးဖြေး ဝင်ရောက်လာခဲ့ပြီး၊ ရွှေနှင့် ကြေးနီ တူးဖော်ခြင်းများ၊ ကုန်းတွင်းနှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများ၊ သံမဏိထုတ်လုပ်ရေး လုပ်ငန်းများ၊ အထည်ချုပ်နှင့် ငါးဖမ်းလုပ်ငန်းများအထိပင် ရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း ရုရှ-မြန်မာဆက်ဆံရေးကို အနီးကပ်လေ့လာနေသည့် သူက မဇ္ဈိမကို ပြောသည်။ ထိုကဲ့သို့ ရုရှကုမ္ပဏီများနှင့် စီးပွားရေး တွဲဖက်လုပ်ဆောင်နေသည့် ကုမ္ပဏီများမှာ နာမည်...

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ ဒီဇင်ဘာလ 09 2008 16:07 - မြန်မာစံတော်ချိန် စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၃ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ရုံး ၄ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ ရေ/ လေရုံး) ဗိုလ်ချုပ်ကြီး သူရရွှေမန်း ၅ တပ်မတော် (ကြည်း/ရေ/လေ) စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ရုံး ဗိုလ်ချုပ် မောင်ရှိန် ၆ အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးရုံး (မပခ/နမခ/လပခ) ဗိုလ်ချုပ် အုန်းမြင့် ၇ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးရုံး (ရပခ/တသခ/ရမခ) ဗိုလ်ချုပ် မင်းအောင်လှိုင် ၈ အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူးရုံး (တပခ/နတခ) ဗိုလ်ချုပ် ကိုကို ၉ အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူးရုံး (ရတခ/ကရခ) ဗိုလ်ချုပ် သာအေး ၁၀ အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူးရုံး (ရကတ) ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ ၁၁ အမှတ် (၆) စစ...

သုဝဏ္ဏဘူမိ လေဆိပ်တွင် သောင်တင်နေသော မြန်မာခရီးသည်များ ထွက်ခွာနိုင်ပြီ

Image
ဇာနည် စနေနေ့၊ နိုဝင်ဘာလ 29 2008 23:37 - မြန်မာစံတော်ချိန် ဘန်ကောက် ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ် ပိတ်ဆို့မှုကြောင့် သောင်တင်နေသော မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတဆင့် သွားရောက်မည့် မြန်မာ အလုပ်သမား ၁၃၀ ကျော်တို့ ယနေ့ နေ့လည်ပိုင်းတွင် မလေးရှားနိုင်ငံသို့ ထွက်ခွာနိုင်တော့မည် ဖြစ်သည်။ ၄ ရက်တိုင် ပိတ်နေဆဲဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်မှ သောင်တင်နေသော ခရီးသည်များကို ယာယီ ဖွင့်လှစ်ထားသော ထိုင်းနိုင်ငံတောင်ပိုင်းရှိ ထိုင်းလေတပ် အခြေစိုက်ရာ ဥတာပေါင်း လေဆိပ်သို့ ကားများဖြင့် ပို့ဆောင်ခြင်း ခံရပြီးနောက် ယခုလို ပြန်လည် ထွက်ခွာနိုင်တော့မည် ဖြစ်သည်။ "ကျမတို့ကို မလေးရှား လေကြောင်းလိုင်းနဲ့ နေ့လည် ၂ နာရီခွဲသွားရမယ် ပြောပါတယ်။ အခု Boarding Pass တွေ ရထားပါပြီ။ လေယာဉ်ကို စောင့်နေကြတယ်" ဟု မလေးရှားကို သွားမည့် မြန်မာ အလုပ်သမတဦးက မဇ္ဈိမကို ပြောပြသည်။ သူတို့သည် ရန်ကုန်မှ ဘန်ကောက်သို့ MAI လေကြောင်းလိုင်းဖြင့် နိုဝင်ဘာ ၂၅ ရက် (အင်္ဂါနေ့) ညက ရောက်လာပြီး လေဆိပ် ပိတ်ဆို့မှုကြောင့် မလေးရှားနိုင်ငံသိ...

KIO ထိန်းချုပ်ရာ လိုင်ဇာအနီး တရုတ်-မြန်မာ နယ်ခြားတွင် အုတ်တံတိုင်းခတ်နေ

Image
မျိုးကြီး ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 23:24 - မြန်မာစံတော်ချိန် ရွှေလီ ။ ။ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော ကချင်ပြည်နယ်မှ ကေအိုင်အို (ခေါ်) ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်ရာ ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ တရုတ်-မြန်မာ နယ်ခြားတလျှောက်ကို လွန်ခဲ့သည့် တပတ်ကျော်ကစပြီး အုတ်တံတိုင်း ကာရံနေသည်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ၀င်ထွက်ပေါက်တခုဖြစ်သည့် မြန်မာဘက်ခြမ်း လိုင်ဇာနှင့် တရုတ်ဘက်ခြမ်း နားဘန်တို့ကို ၇ မိုင်ခန့်အထိ ရှည်လျားမည့် အုတ်တံတိုင်းဖြင့် ကာရံထားရန် တရုတ်အာဏာပိုင်များက စတင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ “လိုင်ဇာချောင်း တလျှောက်လုံးပေါ့။ ချောင်းနဲ့ ကပ်လျက်ရှိတဲ့ တရုတ်ဘက်ခြမ်းမှာ မြေတူးစက်တွေနဲ့ တူးနေတယ်။ အနက်ကြီး တူးနေတယ်။ မြေစာပုံတွေနဲ့ ပြည့်နေတယ်။ တရုတ် အလုပ်သမားတွေလည်း အပြည့်ပဲ။ အဲဒီ တူးထားတဲ့ ဖေါင်းဒေးရှင်း (အောက်ခြေ) နေရာကို အလုပ်သမားတွေက ဂ၀ံကျောက်တုံးကြီးတွေ ချနေတယ်။ တူးနေတဲ့မြောင်းက ဘူဒိုဇာတစီး သွားစာကျယ်တယ်” ဟု လိုင်ဇာမှ မျက်မြင်ဒေသခံက မဇ္ဈိမကို ပြောသည်။ လိုင်ဇာမြို့အောက်ဘက်မှ နှစ်နိုင်ငံနယ်စ...

ကိုဇာဂနာ ထောင်ဒဏ်တိုးလို့ ၅၉ နှစ်ရှိသွားပြီ

Image
သန်းထိုက်ဦး ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 23:20 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ နာမည်ကျော် ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရအား အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ် ထပ်မံ ချမှတ်လိုက်သဖြင့် သူ့ထောင်ဒဏ်မှာ စုစုပေါင်း ၅၉ နှစ် ရှိသွားပြီ ဖြစ်သည်။ အနောက်ပိုင်း ခရိုင်တရားရုံး တရားသူကြီး ဦးကျော်ဆွေက နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနှင့် ဗီဒီယိုအက်ဥပဒေ အပါအ၀င် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ပြန်ရာ တပတ်အတွင်း ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။ ''ဒီနေ့ ထပ်ချတာကတော့ ၁၄ နှစ်။ ဗီဒီယို ဖြန့်ဝေမှု ပုဒ်မက ၆ လ။ အဲဒီ ၆ လကိုတော့ အရမ်း သဘောကောင်းပြီးတော့ လျှော့ပေးလိုက်တယ်ပေါ့နော်။ အဲဒီတော့ ၁၄ နှစ် ထပ်တိုးတာပေါ့'' ဟု ကိုဇာဂနာ၏ ခယ်မ မငြိမ်းက မဇ္ဈိမကို ပြောသည်။ ယခုလ ၂၁ ရက်နေ့ကလည်း အင်းစိန်ထောင်တွင်း တရားရုံးကပင် ကိုဇာဂနာအား အင်တာနက်ကို အသုံးပြုပြီး အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဟုဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်ခဲ့ပြီ...