Posts

Showing posts from November, 2008

မြန်မာပြည်ရှိ HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါး အရေးပေါ် လိုအပ်နေ

Image
နန်းဒေ၀ီ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 23:27 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ HIV/ AIDS ဝေဒနာကို ခုခံကာကွယ်ပေးမည့် ART ခေါ် antiretroviral therapy (ART) ဆေးဝါးများ မြန်မာနိုင်ငံတွင် ပြတ်လပ်နေပြီး ဝေဒနာရှင်များအကြား လတ်တလော အရေးတကြီး လိုအပ်လျက် ရှိသည်။ ဝေဒနာရှင်များ တနေ့တခြား တိုးပွားလာသည့်အပြင် ဆေးဝါးကလည်း ရှာဖွေလို့ မရနိုင်အောင် ဖြစ်နေသည့်အတွက် စိုးရိမ်ဖွယ် အခြေအနေ ရောက်နေသည်ဟု ဝေဒနာရှင် ၂၀၀၀ ကျော်ကို လက်ရှိ ပြုစုစောင့်ရှောက်မှု ပေးနေသည့် စေတနာရှင်တဦးက ပြောဆိုခြင်း ဖြစ်သည်။ "အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတာက NGO ဆေးခန်းတွေကလည်း ဆေးမပေးဘူး။ တခြားနေရာ တွေမှာလည်း ဆေးရနိုင်မဲ့ နေရာတွေ မရှိတဲ့ အခါကြတော့ သေဆုံးနှုန်းက ပိုမြင့်လာနိုင်ပါတယ်" ဟု စေတနာရှင် မဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။ ပြင်သစ်အခြေစိုက် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု အကူညီများ ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များ အသင်း (MSF) ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ ဆေးကုသ ခံယူနိုင်ခြင်း မရှိပါက မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင် ၂ သောင်းခွဲနီးပါး ယခုနှစ...

KIO ထိန်းချုပ်ရာ လိုင်ဇာအနီး တရုတ်-မြန်မာ နယ်ခြားတွင် အုတ်တံတိုင်းခတ်နေ

Image
မျိုးကြီး ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 23:24 - မြန်မာစံတော်ချိန် ရွှေလီ ။ ။ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော ကချင်ပြည်နယ်မှ ကေအိုင်အို (ခေါ်) ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်ရာ ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ တရုတ်-မြန်မာ နယ်ခြားတလျှောက်ကို လွန်ခဲ့သည့် တပတ်ကျော်ကစပြီး အုတ်တံတိုင်း ကာရံနေသည်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ၀င်ထွက်ပေါက်တခုဖြစ်သည့် မြန်မာဘက်ခြမ်း လိုင်ဇာနှင့် တရုတ်ဘက်ခြမ်း နားဘန်တို့ကို ၇ မိုင်ခန့်အထိ ရှည်လျားမည့် အုတ်တံတိုင်းဖြင့် ကာရံထားရန် တရုတ်အာဏာပိုင်များက စတင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ “လိုင်ဇာချောင်း တလျှောက်လုံးပေါ့။ ချောင်းနဲ့ ကပ်လျက်ရှိတဲ့ တရုတ်ဘက်ခြမ်းမှာ မြေတူးစက်တွေနဲ့ တူးနေတယ်။ အနက်ကြီး တူးနေတယ်။ မြေစာပုံတွေနဲ့ ပြည့်နေတယ်။ တရုတ် အလုပ်သမားတွေလည်း အပြည့်ပဲ။ အဲဒီ တူးထားတဲ့ ဖေါင်းဒေးရှင်း (အောက်ခြေ) နေရာကို အလုပ်သမားတွေက ဂ၀ံကျောက်တုံးကြီးတွေ ချနေတယ်။ တူးနေတဲ့မြောင်းက ဘူဒိုဇာတစီး သွားစာကျယ်တယ်” ဟု လိုင်ဇာမှ မျက်မြင်ဒေသခံက မဇ္ဈိမကို ပြောသည်။ လိုင်ဇာမြို့အောက်ဘက်မှ နှစ်နိုင်ငံနယ်စ...

ကိုဇာဂနာ ထောင်ဒဏ်တိုးလို့ ၅၉ နှစ်ရှိသွားပြီ

သန်းထိုက်ဦး ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 23:20 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ နာမည်ကျော် ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရအား အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ် ထပ်မံ ချမှတ်လိုက်သဖြင့် သူ့ထောင်ဒဏ်မှာ စုစုပေါင်း ၅၉ နှစ် ရှိသွားပြီ ဖြစ်သည်။ အနောက်ပိုင်း ခရိုင်တရားရုံး တရားသူကြီး ဦးကျော်ဆွေက နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနှင့် ဗီဒီယိုအက်ဥပဒေ အပါအ၀င် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ပြန်ရာ တပတ်အတွင်း ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။ ''ဒီနေ့ ထပ်ချတာကတော့ ၁၄ နှစ်။ ဗီဒီယို ဖြန့်ဝေမှု ပုဒ်မက ၆ လ။ အဲဒီ ၆ လကိုတော့ အရမ်း သဘောကောင်းပြီးတော့ လျှော့ပေးလိုက်တယ်ပေါ့နော်။ အဲဒီတော့ ၁၄ နှစ် ထပ်တိုးတာပေါ့'' ဟု ကိုဇာဂနာ၏ ခယ်မ မငြိမ်းက မဇ္ဈိမကို ပြောသည်။ ယခုလ ၂၁ ရက်နေ့ကလည်း အင်းစိန်ထောင်တွင်း တရားရုံးကပင် ကိုဇာဂနာအား အင်တာနက်ကို အသုံးပြုပြီး အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဟုဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်ခဲ့ပြီးနောက် ၆ ရက်အကြာတွင် အခြားစွဲဆိုထားသည်...

အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်

နန်းဒေ၀ီ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 15:24 - မြန်မာစံတော်ချိန် နယူးဒေလီ(မဇ္ဈိမ) ။ ။ အတိုက်အခံများကို အီလက်ထရောနစ် အက်ဥပဒေအရ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လာခြင်းကြောင့် မြန်မာပြည်တွင်းရှိ အင်တာနက် သုံးသူများအတွင်း မလုံခြုံမှု ပိုမို ခံစားလာနေရသည်။ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအ၀င် ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အား အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မများတပ်ကာ အမြင့်ဆုံး ထောင်ဒဏ် ၄၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည့် နောက်ပိုင်း စိုးရိမ်မှု ပိုလာခဲ့ခြင်း ဖြစ်သည်။ "မလုံခြုံဘူး။ စိတ်လည်း ညစ်ရပါတယ်။ အခုဆို စာပို့ပြီးတာနဲ့ အကုန်ဖျက်ချရမလို ဖြစ်နေပြီ။ အင်တာနက် သုံးရုံနဲ့ ထောင်ချ အပြစ်ပေးတာတော့ မဖြစ်သင့်ပါဘူး။ သူတို့ (အာဏာပိုင်) တွေလည်း အင်တာနက် သုံးနေတာပဲ" ဟု အမည်မဖော်လိုသူ ပြည်တွင်း ဘလော့ဂ်ဂါတဦးက ပြောသည်။ ဟာသ သရုပ်ဆောင် ကိုဇာဂနာက သူ့အား အမှုစီရင်ချက် ချသည့်နေ့တွင် တရားခွင်၌ "ကျနော့်ကို (အိုင်) သုံးလုံးနဲ့ ထောင် ၄၅ နှစ်ချလိုက်တာ။ အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်" ဟု ဟာသနှောပြီးပြော ဆို...

HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း

လာရီရေရင် ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 13:09 - မြန်မာစံတော်ချိန် ဘန်ကောက်(မဇ္ဈိမ) ။ ။ ကျန်းမာရေး စောင့်ရှောက်မှုကို ချက်ချင်းပေးရန် နောက်ထပ် မလုပ်နိုင်ပါက လာမည့် ၁၂ လအတွင်း လူနာပေါင်း ၂၅ဝဝဝ ခန့်သည် အေ့ဒ်စ်ရောဂါဖြင့် သေကြရတော့မည် ဖြစ်သည် ဟု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုက ပြောကြားလိုက်ပါသည်။ စစ်အစိုးရသည် ဆေးကုသမှု လိုအပ်နေသော ဝေဒနာရှင်များထဲမှ အနည်းစုလေးမျှကိုသာ အကူအညီပေးနေပြီး၊ လာမည့် နှစ်အနည်းငယ်အတွင်း လူပေါင်း ၂ သိန်း ၅ သောင်းခန့်မှာ အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က ပြောကြားလိုက်ပါသည်။ ယင်းတို့အထဲမှ လူပေါင်း ၇၆ဝဝဝ ခန့်မှာ ရောဂါကို ထိန်းချုပ်ထားပြီး ပုံမှန်ဘဝအတိုင်း နေထိုင်လုပ်ကိုင်နိုင်မည့် ကုသမှုဖြစ်သော အေအာတီဆေးကို ချက်ချင်း သောက်သုံးရန် လိုအပ်နေသူများ ဖြစ်သည်ဟု ယုံကြည်ရပါသည်။ "ယမန်နှစ်က AIDS နွယ်သော ရောဂါများဖြင့် လူပေါင်း ၂၅ဝဝဝ ကျော် သေဆုံးခဲ့ရသည်။ အကယ်၍သာ မြန်မာအစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အဆိုပါ ART ဆေးကို တိုးမြှင့်ပေးပို့ ကူညီခြင်းမပြုပါက လာမည့် ၁၂ လအတွင်း ထိုအရေအတွက်ထက် ပိုသော ဝေဒနာသည်များ သေဆ...

မြန်မာ့ငါးတင်ပို့မှု ထက်ဝက်ခန့် ကျဆင်းသွား

သဲသဲ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 12:36 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ မြန်မာနိုင်ငံမှ ငါးများကို ဘင်္ဂလားဒေရှ့် နိုင်ငံက ၀ယ်ယူမှု ထက်ဝက်ခန့် ကျဆင်း သွားပြီး တင်ပို့ရသည့် ဈေနှုန်းမှာလည်း ယခင်ထက် ၁၀ ရာခိုင်နှုန်းနီးပါး လျှော့ကျသွားသဖြင့် ပြည်ပသို့ ငါးတင်ပို့ နေသည့် လုပ်ငန်းရှင်များ ထိခိုက်လျက် ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း (ပို့ကုန်) ဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။ ကမ္ဘာ့ ငွေကြေး ပြဿနာများ ရိုက်ခတ်လာမှုနှင့် ဈေးကွက် ယှဉ်ပြိုင်မှုများ ရှိလာသည့်အတွက် ဘင်္ဂလားဒေရှ့် နိုင်ငံမှ ၀ယ်လိုအားများ ယခုလဆန်းပိုင်းမှစ၍ လျော့ကျသွားရခြင်း ဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူမှ ပြောသည်။ "ကျနော်တို့ရဲ့ အ၀ယ်သမားတွေက ဘဏ်တွေကို အားကိုးပြီး လုပ်နေကြတာလေ၊ အခု ငွေမချေးနိုင်တော့ အော်ဒါတွေ မမှာတော့ ဘူးလေ၊ အရောင်းအ၀ယ်တွေက ကျသွားတာပေါ့" ဟု သူက ပြောသည်။ ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ယခင်က နေ့စဉ် ငါးတန်ချိန် ၄၀ ကျော် တင်ပို့ခဲ့ရသော်လည်း ယခုအခါ တန်ချိန် ၂၀ ကျော်မျှသာ မှာယူတော့ကြောင်း၊ အိန္ဒိယနိုင်ငံမှလည်း အရည်အသွေးတူ ငါးမျိုးများကို ဘင်္ဂလားဒေရှ့်သို့ တင်ပို့နေကြောင်း အဆိုပါ တာဝန်ရှိ ပုဂ္ဂိ...

ချင်းပြည်နယ်တွင် ဘုရားကျောင်း မီးလောင်

Image
ဆလိုင်းပီပီ ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 16:59 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ လျှပ်စစ်ဝါယာရှော့ဖြစ်၍ ဟားခါးမြို့နယ်အတွင်းရှိ ခရစ်ယာန် ဘုရားကျောင်းတခု မီးလောင် ပျက်စီးသွားမှုတရပ် တနင်္လာနေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ အပြောအရ သိရသည်။ နှစ်ထပ် အဆောက်အဦဖြစ်သော ဟားခါး ခွာလုမ်း နှစ်ခြင်းဘုရားကျောင်းသည် ယခုလ ၂၄ ၇က်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က ၀ါယာရှော့ဖြစ်ကာ လောင်ကျွမ်းပြာကျသွားခဲ့သည်ဟု ဆိုသည်။ "၀န်ထမ်းတွေက နေ့လယ်စာ ထမင်းစားဖို့ ထွက်နေကြတုန်း ဘုရားကျောင်း နောက်ခန်းကနေ မီးစလောင်တာပဲ။ မီးတောက်ကကြီးလာပြီး အဆောက်အဦတခုလုံး ကုန်သွားတာ" ဟု မြန်မာ့စီးပွားရေးဘဏ် ဟာခါးမြို့နယ်ခွဲရုံးမှ ဘဏ်မန်နေဂျာဖြစ်သူ ဒေသခံတဦးက ပြောသည်။ သူက ဆုံးရှုံးမှုတန်ဖိုးသည် ကျပ်သိန်း ၅၀၀ အထိ ရှိနိုင်ကြောင်း ပြောကြားလိုက်ပြီး "အဆောက်အဦကနေ ခွေးခြေသုံးလုံးကလွဲရင် ဘာမှ မရလိုက်ဘူးလေ" ဟု ပြောသည်။ ဒေသခံ ရဲဌာနနှင့် မီးသတ်အဖွဲ့တို့ကို ဆက်သွယ်မေးမြန်း မရနိုင်သည့် အနေအထား၌ မဇ္ဈိမကို ဒေသခံများက ပြောပြရာတွင် အာဏာပိုင်များက တစုံတရာ တုံ့ပြန်လုပ်ဆောင်ပေးမှု မရှိသေးကြောင်း သိရသည်။ "ဒေသခံအာဏာပိ...

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ မြန်မာနိုင်ငံတွင် နှစ်ဆတိုးလာ

မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 12:32 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးရသည့် အရေအတွက်မှာ ၂ဝဝ၇ ခုနှစ်အတွင်း တဟုန်ထိုး တိုးတက်လာခဲ့ပြီး ဒဏ်ရာရသူ သေဆုံးသူအများစုမှာ အရပ်သားများ ဖြစ်သည်ဟု နိုင်ငံတကာ မြေမြှုပ်မိုင်း စောင့်ကြည့်ရေး အဖွဲ့ကြီး၏ အစီရင်ခံစာတွင် ရေးသား တင်ပြထားပါသည်။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် နွယ်သော ထိခိုက်သေဆုံးမှုပေါင်း အနည်းဆုံး ၄ဝ၉ ခုဖြစ်ပွါးခဲ့ပြီး၊ လူ ၄၇ ဦး သေဆုံးခဲ့သည်ဟု အတည်ပြု၍ ရသည်။ ယခင်နှစ်က ထိုသို့ ထိခိုက်သေဆုံးမှု ၂၃၂ ခုဖြစ်ခဲ့ပြီး လူပေါင်း ၂ဝ သေဆုံးခဲ့သည်။ ၂ဝဝ၇ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ထိုသို့ ထိုခိုက်သေဆုံးခဲ့မှုများ၏ ၆ဝ% နီးပါးမှာ ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် ဖြစ်ပွါးခဲ့သည်ဟု ပထဝီဝင် ဒေသအလိုက် ခွဲခြားဖေါ်ပြသော အစီရင်ခံစာတွင် ရေးသားထားသည်။ နိုင်ငံတွင်းတွင် အချက်အလက်ကိန်းဂဏန်း ကောက်ယူသည့် ယုံကြည်ကိုးစားရသော စနစ်တရပ်မရှိသဖြင့် ဤအချက်အလက် ကိန်းဂဏန်းများသည်လည်း အမှန်ဖြစ်ပေါ်ခဲ့သော ကိန်းဂဏန်းများထက် လျော့နည်းမည်မှာ သေချာသည်။ ဤနှစ်အတွက် မြန်မာ နှင့် ရုရှ နှစ်နိုင်ငံထဲသာ ...

ခွဲထွက်ရေးသူပုန်များ ထိုးစစ်ကြောင့် စစ်သား ၂ ဦးသေဆုံး

Image
သန်းထိုက်ဦး ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 15:11 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ ချင်းပြည်နယ်အတွင်း တပ်စွဲထားသော စစ်တပ် တပ်စခန်းတခုကို ခွဲထွက်ရေး ရခိုင်သူပုန်အဖွဲ့တခုက ၀င်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း စီးနင်းတိုက်ခိုက်ခဲ့သူများ အပြောအရ သိရသည်။ ပလက်ဝမြို့နယ် အတွင်းရှိ ဒိုချောင်းဝ ဒေသတွင် ခြေမြန်တပ်ရင်း ၅၅၀ တပ်ဖွဲ့ဝင်များ၏ တပ်စခန်းတခုကို ရခိုင်လွတ်မြောက်ရေး တပ်မတော် (အေအယ်လ်အေ) မှ တပ်ကြပ်ကြီး ခိုင်လင်း ဦးဆောင်သော ၁၅ ဦးပါ အဖွဲ့က ယခုလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီက လျှပ်တပြက် ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာ ဒေသသည် ပလက်ဝမြို့နယ်မှ ခြေလျင်ခရီးဖြင့် ၃ ရက်ကြာ သွားရသည်။ နှစ်ဖက် အင်အားတူမျှရှိသည့် တိုက်ပွဲနှင့် ပတ်သက်၍ သူတို့ဘက်မှ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းနှင့် တိုက်ပွဲအပေါ် ကျေနပ်အားရမိသည်ဟု ယမန်နေ့က ထုတ်ပြန်သော အေအယ်လ်အေ၏ တိုက်ပွဲသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ မဇ္ဈိမအနေဖြင့် တိုက်ပွဲနှင့်ပတ်သက်သော သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။ "နအဖ စစ်တပ်တွေဘက်က ၂ ယောက် သေပြီးတော့၊ ၃ ယောက်ကတော့ ပြင်းပြင်...

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်

မြင့်မောင် ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 17:00 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ လူငယ်များက နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ဂါရ၀ပြုခွင့် ပေးပါရန် တောင်းဆိုခဲ့ပြီးနောက် အာဏာပိုင်များက လုံခြုံရေး ပိုမိုတိုးမြှင့်ကာ တုံ့ပြန်လိုက်သည်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၏ နေအိမ်ပတ်ဝန်းကျင်နှင့် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့များ သိသိသာသာ များပြားလာနေသည်ဟု အတိုက်အခံ ပါတီဝင်များက ပြောကြားကြသည်။ "ကျနော်တို့က ဥပဒေ ဘောင်အတွင်းကနေပြီးတော့ ငြိမ်းချမ်းစွာ အခုလို ဂါရ၀တရားနဲ့ တောင်းဆိုတာပါ။ မနေ့က ၂၅ ရက်နေ့အထိ ကျနော်တို့ လူငယ်တွေ ခွင့်ပြုအမိန့်ကို စောင့်နေဆဲပါ။ ဒါပေမဲ့ ခွင့်ပြုချက် မပေးဘဲ ရုံးနဲ့ အနီးတ၀ိုက်မှာ လုံခြုံရေးတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေနဲ့ စွမ်းအားရှင်တွေ အပြည့်ရောက်နေတယ်" ဟု ဒဂုံမြို့နယ် အဖွဲ့ချုပ်လူငယ်က မဇ္ဈိမကို ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းတလျှောက်နှင့် ရွှေဂုံတိုင်လမ်း၊ အဖွဲ့ချုပ်ရုံးရှေ့ရှိ ကျောက်ဆည်ဓ...

ယခင် သတင်းများ ...

More Articles... ရန်ကုန်-ဘန်ကောက် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲပြောင်းဖွယ်ရှိ GSM ဖုန်းကို တင်ကြိုငွေသွင်းစနစ်ဖြင့် သုံးနိုင်တော့မည် မြန်မာ့ခရီးသွားလုပ်ငန်း အနည်းငယ် ဦးမော့လာ တပ်တွင်း အပြောင်းအလဲ ပြုလုပ်ဟု အရာရှိတဦး ပြော Start Prev 1 2 3 4 5 6 7 8 9 10 Next > End >>

ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြု

ဇာနည် ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 18:19 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ ထိုင်းနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ထိုင်းနိုင်ငံနေ မြန်မာများ၏ လုံခြုံရေးအတွက်လည်း သတိပိုမို ထားရှိသင့်ကြောင်းနှင့် ဆောင်ရန် ရှောင်ရန်များကို လေ့လာသူများက အကြံပြုထားသည်။ ဖြစ်ပေါ်နေသည့် အခြေအနေများသည် ထိုင်းနိုင်ငံရောက် မြန်မာများနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း အစိုးရ ဆန့်ကျင်သူများနှင့် ထောက်ခံသူများ အကြား ဖြစ်ပွားနေသော ပဋိပက္ခများ တိုးမြင့်လာနေခြင်းကြောင့် လုံခြုံရေးများ တင်းကြပ်နေသောကြောင့် ဖြစ်သည်။ "လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာနိုင်တာက အခုက နိုင်ငံရေးအခြေနေက သိပ်ရှုပ်နေတော့ တိုင်းပြည်ကလဲ မင်းမဲ့ပုံစံ နီးနီးဖြစ်သွားတယ်။ အရင်တုန်းက အစိုးရက ကောင်းကောင်း အုပ်ချုပ်နိုင်တုန်းကတောင် ကိုယ့်ကို ပြဿနာရှာတာတွေ ရှိနေတာဆိုတော့ သွားလာတာတွေ စည်းစည်းရုံးရုံးနဲ့ သွားလာကြပေါ့" ဟု ထိုင်းအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက မဇ္ဈိမကို ပြောသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ အနည်းဆုံး မြန်မာ ၂ သန်းခန့်ရှိပြီး လေးပုံတပုံခန့်သာလှ...

အစိုးရဖြုတ်ချရေးအဖွဲ့ သုဝဏ္ဏဘူမိလေဆိပ်ကို ဝိုင်းရံပိတ်ဆို့၊ ဝန်ကြီးချုပ် နှုတ်ထွက်ရန် တောင်းဆို

မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 13:39 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ ဒီမိုကရေစီအတွက် ပြည်သူ့မဟာမိတ် (People Allience for Democracy - PAD) အဖွဲ့က ထိုင်းနိုင်ငံ၏ ပင်မ နိုင်ငံတကာ လေဆိပ်ကြီးဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်ကို ၀င်ရောက်စီးနင်းလိုက်ပြီး ဆန္ဒပြနေခဲ့သည့်အတွက် လေဆိပ်လုပ်ငန်းများ ရပ်ဆိုင်းသွားသည်။ ပီရူးနိုင်ငံသို့ အစည်းအဝေး သွားတက်နေသော ဝန်ကြီးချုပ် ဆွမ်ချိုင်း ဝုန်းဆဝတ် ရာထူးမှ မနှုတ်ထွက်မချင်း လမ်းပေါ်ဆန္ဒပြပွဲများ ပြုလုပ်သွားမည်ဆိုသော ပီအေဒီ၏ "နောက်ဆုံးတိုက်ပွဲ" မဟာဗျူဟာအရ အစိုးရအဖွဲ့ ယန္တရား ရပ်ဆိုင်းသွားရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဝန်ကြီးချုပ်ဟာင်း တပ်ဆင် ရှင်နဝတ်၏ ရုပ်သေးအစိုးရဟု PAD အဖွဲ့၏ စွပ်စွဲခြင်း ခံရသော ဝန်ကြီးချုပ် ဆွမ်ချိုင်းနှင့် ဝန်ကြီးအဖွဲ့ တဖွဲ့လုံး နှုတ်ထွက်ရန် (သို့) လွှတ်တော် ဖျက်သိမ်းရန် တောင်းဆို ဆန္ဒပြသည့် နောက်ဆုံး လှုပ်ရှားမှု ဖြစ်သည်။ ယမန်နေ့ မနက်ကလည်း လက်ရှိ ထိုင်းအစိုးရ၏ ယာယီ အိမ်ဖြူတော်အဖြစ် အသုံးပြုထားသော ဒွန်မောင်းလေဆိပ်ကို သွားရောက် ပိတ်ဆို့ သိမ်းပိုက်ခဲ့သေးသည်။ ထို့အပြင် ထိုင်းတပ်မတော် ဗဟိုဌာနချ...

ရှေ့နေ ၂ ဦးကို ထောင်ချမှုသည် 'အရမ်းကာရော' လုပ်ခြင်းဟု လူ့အခွင့်အရေးအဖွဲ့ ပြော

ဆလိုင်းပီပီ အင်္ဂါနေ့၊ နိုဝင်ဘာလ 25 2008 20:51 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အမှုများတွင် လိုက်ပါ ဆောင်ရွက်ပေးခဲ့သော မြန်မာရှေ့နေ ၂ ဦးအား စစ်အစိုးရက အရမ်းကာရော ထောင်ဒဏ်ချခြင်းကို ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တခုက ပြစ်တင်ရှုတ်ချလိုက်ပြီး၊ ချက်ချင်း လွှတ်ပေးရန်လည်း တနင်္ဂနွေနေ့က တောင်းဆိုလိုက်သည်။ ပြီးခဲ့သောနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီး ရုံးတင်ခံရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမှုသည်များကိုယ်စား တရားရုံးတွင် လိုက်ပါဆောင်ရွက်သောကြောင့် ထောင်ဒဏ်ချခံရသော တရားရုံးချုပ် ရှေ့နေများ ဖြစ်ကြသည့် ဦးခင်မောင်ရှိန်နှင့် ဦးအောင်သိန်းတို့ကို လွှတ်ပေးရန် အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် အတိုင်ပင်ခံ အစည်းအဝေးအတွင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။ "တရားရုံးချုပ်ရှေ့နေ ၂ ဦးကို ထောင်ဒဏ်အပြစ်ပေးခြင်းသည် အရမ်းကာရော ထင်ရာမြင်ရာ လုပ်ရပ်ဖြစ်သည်ဟု ယူဆရမည်။ ယခုအစည်းအဝေး တက်ရောက်နေသော ဂျူရီလူကြီးများ၊ ရှေ့နေများ၊ ဥပဒေပညာရှင်များက ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ချက်ချင်းလွှတ်ေ...

မောင်ဝိတ်ကို လူဝင်မှုကြီးကြပ်ရေး အမှုတိုးတပ်ပြန်

မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ ဂျူလိုင်လ 31 2008 20:34 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်ကို နောက်ထပ် အမှုတခု တိုးလိုက်ပြန်သည်။ မလေးရှား နိုင်ငံသားတဦးကို သူ၏ ရုံးခန်းအတွင်း တရားမ၀င် နေထိုင်ခွင့် ပြုထားသည် ဆိုကာ မောင်ဝိတ်ကို လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပုဒ်မတခုဖြင့် ထပ်မံ စွဲဆိုထားသည်။ လမ်းမတော်မြို့နယ် ရဲစခန်းက ဇူလိုင်လ ၁၅ ရက်နေ့တွင် အမှုဖွင့် စွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု ရဲအရာရှိ တဦးက ပြောသည်။ လူဝင်မှုဥပဒေ ၁၃ (၅) အောက်မှ အမှုတွဲအမှတ် (ပ) ၁၈၇-၀၈ ဖြစ်သည်။ "အာဏာပိုင်တွေကို အကြောင်းမကြားဘဲ မလေးရှား တယောက်ကို လက်ခံထားတယ်လို့ သံသယ ရှိနေတယ်" ဟု ရဲသတင်း ရပ်ကွက်က ပြောသည်။ မလေးရှားနိုင်ငံသား မစ္စတာ ပီတာတူးဟောက်ဟော Mr. Peter Too Haut Haw ကို မောင်ဝိတ် အပါအ၀င် မြန်မာနိုင်ငံသား ၅ ဦးနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းထားသည်။ အက်စ်တစီ၊ မက်တာဖီတမင်းနှင့် ကီတမင်းဆေးပြားများ ရောင်းဝယ် ဖောက်ကားမှုဖြင့် အသက် ၃၅ နှစ်အရွယ် မောင်ဝိတ်နှင့်မိသားစု ကုမ္ပဏီလိမိတက် မန်းနေးဂျင်း ဒါရိုက်တာ ကိုမောင်ဝိတ်ကို ရဲက စွဲဆိုထားပြီး အမှုထင်ရှားပါက ထောင်ဒဏ် တသက်အထိ ကျခံရနု...

မုဒုံမှာ ဗုံးပေါက်ကွဲ၊ အသေအပျောက် မရှိ

သန်းထိုက်ဦး ကြာသပတေးနေ့၊ ဂျူလိုင်လ 31 2008 18:58 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဆက်သွယ်ရေးရုံး၌ ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း လူအသေအပျောက် မရှိဟု ဒေသခံများ အပြောအရ သိရသည်။ မုဒုံမြို့နယ် တောင်ဘက် ၂ မိုင်အကွာ ကြုံဖမ်းရွာရှိ တယ်လီဖုန်း ဆက်သွယ်ရေးစခန်း ရုံးလှေခါးအောက်တွင် ယမန်နေ့ ည ၁၁ နာရီခွဲခန့်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပေါက်ကွဲစေတတ်သော ယမ်းများနှင့် လက်နက်များလည်း သိမ်းဆည်း ရမိသည်ဟု ဒေသခံများက ပြောပြကြသည်။ “ကြုံဖမ်းရွာမှာ ပေါက်တာ။ လူအသေအပျောက် မရှိဘူး။ မိတဲ့ပစ္စည်းက အန်တီတီ ယမ်းအမျိုးအစား လေးလုံး။ နောက် ယမ်းအပျော့ ၁ဝ ထုပ်။ လက်နက်တွေလည်း ဖမ်းမိတယ်။ အဆောက်အဦက အရမ်းကြီး မပျက်စီးသွားဘူး။ အနည်းငယ် ပျက်စီးသွားတယ်” ဟု အမည်မဖော်လိုသူ လူငယ်တဦးက မဇ္ဈိမကို တယ်လီဖုံးမှတဆင့် ပြောပြသည်။ ယခုလအတွင်း မြန်မာနိုင်ငံတွင် တတိယအကြိမ် ဗုံးပေါက်ကွဲခြင်း ဖြစ်သည်။ ဇူလိုင် ၁၄ ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်း၌ ကျောက်ကြီး-ရန်ကုန် ရွှေခရီး ခရီးသည်တင် ဘတ်စ်ကားပေါ်တွင် ဗုံးပေါက်ကွဲရာ ခရီးသည်တဦး သေဆုံးခဲ့သေးသည်။ ဇူလိုင် ၁ ရက်နေ့က ...