နိုင်ငံရေးအကျဉ်းသားများ ရုံးထုတ်စဉ် ရုံးအနီး၌ လုံခြုံရေးများ ချထားလာ ဖနိဒါ ကြာသပတေးနေ့၊ ဂျူလိုင်လ 31 2008 13:22 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ နိုင်ငံရေးအကျဉ်းသားများ ရုံးထုတ်စစ်ဆေးသည့် နေ့များတွင် ရုံးပတ်ဝန်းကျင်၌ လုံခြုံရေးများကို ယခုလအတွင်း ရန်ကုန်၌ ထူးခြားစွာ ချထားလာသည်။ ရာဇဝတ် ပုဒ်မများနှင့် တရားစွဲဆို ခံထားရသည့် နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများကို ရုံးထုတ်စစ်ဆေးရာတွင် တရားရုံး ပတ်ဝန်းကျင် ကိုက် ၅ဝ ခန့်တွင် လည်ပတ်အနီ ပတ်ထားသည့် လုံထိန်း ၁ဝဝ ခန့်ကို အာဏာပိုင်များက လုံခြုံရေး ချထားခြင်း ဖြစ်သည်။ “လွန်ခဲ့တဲ့ နှစ်ပတ်လောက် ကတည်းကပါပဲ။ လုံထိန်း လည်ပတ်အနီနဲ့ပေါ့နော်။ FAW ကား ၂ စီး၊ ၃ စီးပေါ့နော်။ တရားရုံး ပတ်ဝန်းကျင်မှာ ချထားတယ်။ ကားထိုးထားပြီး ကားပေါ် ကားအောက်မှာ ချထားတယ်။ ဒါပေမဲ့ တရားရုံး အဝင်အထွက် တားတာ ဆီးတာတွေတော့ မရှိဘူး။ တရားရုံးတိုင်းမှာ ရှိတာ။ အထူးသဖြင့် နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ အမှုမျိုးတွေ စစ်ဆေးမယ့် ရက်တွေဆိုရင် ချထားတယ်” ဟု ရန်ကုန်က လူငယ်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။ ယခုလ ၂၉ ရက်နေ့က ဗဟန်းတရားရုံးတွင် ...
Posts
Showing posts from July, 2008
- Get link
- X
- Other Apps
ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ‘မိတ်ဆွေနိုင်ငံများအုပ်စု’ နှင့်တွေ့ မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ ဂျူလိုင်လ 24 2008 15:49 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ မြန်မာနိုင်ငံ အခြေအနေကို လေ့လာသုံးသပ်ရန်နှင့် သူ၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ်တို့ ကိစ္စ ဆွေးနွေးရန်အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သည် ‘မိတ်ဆွေနိုင်ငံများအုပ်စု’ နှင့် ဗုဒ္ဓဟူးနေ့က အစည်းအဝေးတရပ် ကျင်းပခဲ့ကြောင်း သိရသည်။ “ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ သြဇာဖြင့် ကြားဝင် ဖြန်ဖြေပေးနေမှုနှင့် ကြိုးပန်းချက်များကို မိမိတို့က ထောက်ခံပါကြောင်းဖြင့် ဤအုပ်စုက ထုတ်ဖေါ် ပြောကြားသွားကြပါသည်” ဟု ကုလအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန် ပြောကြားသွားပါသည်။ စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံသို့ နောက်တကြိမ် သွားရောက်မည့် မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရကြား တွေ့ဆုံ ဆွေးနွေးပွဲများ ပြန်လည်ဖြစ်ပေါ်ရေး၊ ရွေးကောက်ပွဲ ကျင်းပသည့် ဖြစ်စဉ်တွင် ယုံကြည်စိတ်ချရမှု ရှိစေရေး၊ ကုလအတွင်းရေးမှူးချုပ်နှင့် ပုံမှန်တွေ့ဆုံ ဆက်သွယ်ရေး အပါအဝင် သိသာထင်ရှာ...
- Get link
- X
- Other Apps
အန်အယ်ဒီ ပါတီဝင် ၆ ဦး ပြန်လည် လွတ်မြောက်လာ သန်းထိုက်ဦး၊ မြင့်မောင် တနင်္လာနေ့၊ ဂျူလိုင်လ 21 2008 19:30 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ မကြာသေးခင်က ဖမ်းဆီးခံရသူ ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦးနှင့် ကျူရှင်ဆရာ တဦးကို ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် အာဏာပိုင်များက ပြန်လွှတ်ပေးခဲ့သည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၁ နှစ်မြောက် အာဇာနည်နေ့ မတိုင်ခင် နှစ်ရက်အတွင်း နယ်မြေခံ အထူး ရဲတပ်ဖွဲ့ဝင်များက မေးမြန်းရန်ရှိသည် ဟုဆိုကာ သူတို့ကို နေအိမ်များမှ ရန်ကုန်မြို့ ပြည်ထဲရေးရုံးချုပ်နှင့် နီးစပ်ရာ ရဲစခန်းများတွင် ထိန်းသိမ်းပြီးနောက် ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။ “ကြည့်ရတာက သူတို့က ထိန်းချုပ်တာပေါ့နော်။ အဲဒီ (အာဇာနည်ကုန်း) ကို မရောက်အောင်၊ လှုပ်ရှားမှု မရှိအောင် ထိန်းချုပ်တဲ့ သဘောပဲ။ မနက်ဖြန် ဘယ်သွားဖို့ ရှိလဲပေါ့။ ကျနော်က သွားမယ်၊ နှစ်တိုင်း ချီတက်နေကျပဲ၊ အာဇာနည်ကုန်းအထိ သွားအလေးပြုမယ်ပေါ့နော်။ အဲဒီလောက်ပါပဲ” ဟု တွံတေးမှ ကျူရှင်ဆရာ ဦးအောင်ဖေက မဇ္ဈိမကို ပြောသည်။ သူက ဆက်ပြီး “ကျနော်က မေးတယ်။ အဲဒီထဲက ဒု-ရဲအုပ် တယောက်ကို မေးတယ်ပေါ့နော်။ ဒီ...
- Get link
- X
- Other Apps
အာဇာနည်နေ့ အခမ်းအနားများ အတိုက်အခံများ ကျင်းပ မဇ္ဈိမသတင်းဌာန စနေနေ့၊ ဂျူလိုင်လ 19 2008 23:19 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ ၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ရုံးနည်းတူ အခြား မြို့နယ်များတွင်လည်း အခမ်းအနားများကို ကျင်းပကြသည်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ်ရုံးတွင် အဖွဲ့ချုပ်၊ အဖွဲ့ဝင်များ၊ မိတ်ဖက် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ ဝါရင့်နိုင်ငံရေး သမားကြီးများ၊ သံရုံးဝန်ထမ်းများနှင့် နိုင်ငံခြား သတင်းထောက် တက်ရောက်ကြသည်။ မိတ္ထီလာ၊ ရေနံချောင်း၊ မန္တလေး၊ အောင်လံ၊ မှော်ဘီမြို့နယ်များရှိ အဖွဲ့ချုပ် ရုံးများတွင် ကျင်းပသလို အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံများတွင်လည်း အတိုက်အခံများက အာဇာနည် ခေါင်းဆောင်ကြီးများကို အောက်မေ့ ဂါရဝပြု အခမ်းအနားများ ကျင်းပခဲ့ကြသည်။ မိတ္ထီလာမြို့ အဖွဲ့ချုပ်က လွမ်းသူပန်းခွေကို အာဇာနည်ကျောက်တိုင်တွင် လုပ်ရန် ခွင့်တောင်းခြင်းကို အာဏာပိုင်များက ပိတ်ပင်၍ ဘုန်းကြီးဆွမ်းကပ်ခြင်းနှင့် ရုံးတွင်း အခမ်းအနားသာ ပြုလုပ်ခဲ့ရသည်။ “အာဏာပိုင်တွေက နေပြည်တော်နဲ့ ဗဟိုက လွဲပြီးတော့ ဘယ်မှ လုပ်ဖို့ အစီအစဥ...
- Get link
- X
- Other Apps
မစ္စတာဂမ်ဘာရီ ခရီးစဉ် တိုးတက်ဖွယ်မရှိဟု အတိုက်အခံများ ဝေဖန်ပြောကြား သန်းထိုက်ဦး ကြာသပတေးနေ့၊ ဂျူလိုင်လ 17 2008 22:22 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မကြာမီ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ မြန်မာ့အရေး လှုပ်ရှားသူ အတိုက်ခံများက တိုးတက်မှုဖြစ်ဖွယ် မရှိကြောင်း ယနေ့ ဝေဖန်လိုက်ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး သံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံသို့ နောက်လ သြဂုတ်လလယ်ပိုင်း၌ မြန်မာစစ်အစိုးရက လာရောက် လည်ပတ်ပါရန် ဖိတ်ကြားခဲ့သည့်အပေါ် ယခုလို ဝေဖန် ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။ “မစ္စတာ ဂမ်ဘာရီက သူ့ရဲ့ တာဝန်တွေကို ပေါ်လွင်အောင်၊ ပီပြင်အောင် ဆောင်ရွက်ခဲ့တာလည်း မရှိဘူး။ ဒီနေ့အထိပေါ့နော်။ ဂမ်ဘာရီ အပါအဝင် ကုလသမဂ္ဂက ကိုယ်စားလှယ်တွေလာလို့ မြန်မာနိုင်ငံအနေနဲ့ ပြောင်းလဲသွားတာ၊ အလှည့်အပြောင်းတခု ဖြစ်လာတာ မရှိဘူး။ ဒါကြောင့်မို့လို့ အန်ကယ်တို့က အခုလာမယ့် ဂမ်ဘာရီရဲ့ ခရီးစဉ်ကို မမျှော်လင့်တာပါ” ဟု ပြည်တွင်းရှိ လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်က...