မျိုးရန်နောင်သိန်းကို ဆေးကုသခွင့်မပေး ဖနိဒါ ကြာသပတေးနေ့၊ ဇွန်လ 26 2008 19:50 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်း၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသော်လည်း ထောင်အာဏာ ပိုင်များက ဆေးကုသခွင့် မပေးသည့်အပြင် ယနေ့တွင် ရုံးထုတ်ခဲ့သည်။ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ကာ အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အသက် ၃၄ အရွယ် ကိုမျိုးရန်နောင်သိန်းမှာ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်သလို ဖြစ်နေသော်လည်း ဆေးကုသခွင့် ပိတ်ပင် ထားခံရခြင်း ဖြစ်သည်။ “ဒီနေ့ ရုံးထုတ် စစ်ဆေးတယ်။ ဆေးကုသခွင့် မရသေးဘူး။ ဆေးစာ အပြင်ထုတ်ခွင့် မရသေးဘူး။ သူက စစ်ကြောရေးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ကြောင့်ပေါ့နော်၊ အောက်ပိုင်း သေသွားသလို ဖြစ်နေတယ်။ ဒီအတိုင်း လမ်းလျှောက်မရဘူး။ ထမ်းစင်နဲ့ တရားရုံး တက်ရတယ်” ဟု မျိုးရန်နောင်သိန်း၏ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေဦးမြင့်သောင်းကလည်း “ဒီနေ့ ရုံးထုတ်တာ ခြေထောက် နှစ်ချောင်းက လုံးဝ ...
Posts
Showing posts from June, 2008
- Get link
- X
- Other Apps
မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ကချင်ကျောင်းသားများ လှုံ့ဆော မျိုးကြီး ကြာသပတေးနေ့၊ ဇွန်လ 26 2008 17:15 - မြန်မာစံတော်ချိန် ရွှေလီ ။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုံ့ဆော်စာများ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူစည်ကားရာ နေရာများတွင် ယနေ့ နံနက်ပိုင်းက လိုက်လံကပ်ခဲ့ကြောင်း စစ်အစိုးရ အတိုက်အခံ ကျောင်းသား အဖွဲ့အစည်း တခုက ပြောသည်။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ကျရောက်သည့် ယနေ့တွင် “မူးယစ်ဆေးဝါး ... အလိုမရှိ၊ တိုက်ဖျက်ကြ”၊ 'No Drug' ဟူသည့် စာသားများကို A4 ဆိုဒ် စာရွက်တွင် ရေးသားကာ လူစည်ကားရာ လမ်းဆုံလမ်းထောင့်၊ ရပ်ကွက်များနှင့် အမှတ် (၁) (၂) ဈေးများတွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ (AKSU) က လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။ “မူးယစ်ဆေးဝါးကို နေရာတိုင်းမှာ ရနိုင်တယ်။ လူငယ်ထုရဲ့ ၅ဝ ရာနှုန်းက ဘိန်းမစားတတ်သူ မရှိဘူး။ ဒီ ဆိုးရွားလွန်းတဲ့ အခြေအနေကို ကမ္ဘာသိအောင် လုပ်တာဖြစ်တယ်” ဟု သမဂ္ဂအဖွဲ့ဝင် ကိုမာဘရမ်က ပြောကာ စုစုပေါင်း စာရွက် ၂ဝဝ ခန့် လိုက်ကပ်ခဲ့သည်ဟု ဆိုသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဖြစ်သော်လည်း အတိုက်အခံ ...
- Get link
- X
- Other Apps
သတင်းထောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေသည်ဟု တရားစွဲ နန်းဒေဝီ ဗုဒ္ဓဟူးနေ့၊ ဇွန်လ 25 2008 20:54 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ ရန်ကုန် လေဘေး ဒုက္ခသည်များအရေး သတင်းလိုက်ယူသဖြင့် လွန်ခဲ့သည့် နှစ်ပတ်က ဖမ်းဆီးခံရသူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား အစိုးရက ကြီးလေးသော ပြစ်မှုများ တပ်၍ စွဲဆိုထားကြောင်း ထပ်မံ စုံစမ်း သိရှိရသည်။ ယနေ့တွင် စတင်၍ ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်ရသူ အသက် ၂၄ နှစ်အရွယ် သတင်းထောက် မအိမ့်ခိုင်ဦးအား အများပြည်သူ အထိတ်တလန့် ဖြစ်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ “တာမွေရဲစခန်းကနေ တရားရုံးကို ထုတ်လာတယ်။ ၅ဝ၅ (ခ) နဲ့  ၁၂၄ (က) ဆိုပြီး ဒီနေ့ တည်တယ်။ ပြီးတော့ ညနေပိုင်းမှာ အချုပ်ကားနဲ့ပဲ အင်းစိန်ထောင်ကို ခေါ်သွားတယ်” ဟု တရားရုံးသို့ သွားရောက်ခဲ့သူ မအိမ့်ခိုင်ဦး၏ ဆွေမျိုးတဦးက မဇ္ဈိမကို ပြောသည်။ သူက ပြည်ပ မီဒီယာ များသို့ သတင်း ထုတ်ပြန်ပေးမှုအပေါ် အာဏာပိုင်များက အညိုးထားကာ ဒုက္ခပေးမည် စိုးရိမ်သဖြင့် သူ့အမည် မဖော်ထုတ်ရန် မေတ္တာရပ်ခံ ခဲ့သည်။ ပြီးခဲ့သည...
- Get link
- X
- Other Apps
‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’ ဟု ရေးသားသူ ကဗျာဆရာကို ရုံးထုတ်ပြန် ဖနိဒါ အင်္ဂါနေ့၊ ဇွန်လ 24 2008 20:33 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ အသက်အရွယ် ကြီးမြင့်လှပြီဖြစ်သော နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးဟု လှောင်ပြောင် သရော်ခဲ့သူ နာမည်ရ ကဗျာဆရာ ကိုစောဝေကို ဗဟန်းမြို့နယ် တရားရုံးတွင် ယမန်နေ့က တတိယ အကြိမ်မြောက်အဖြစ် တရားရုံးတွင် အမှုစစ်ဆေးခြင်း ပြုခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ အတွင်းက ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ချစ်သူများနေ့ အထိမ်းအမှတ်ကို ရည်ညွှန်း သော ‘ဖေဖော်ဝါရီဆယ့်လေး’ ခေါင်းစဉ်ဖြင့် ကိုစောဝေ၏ ကဗျာတွင် လျှို့ဝှက်ကုတ် သဘောမျိုး ရေးသားထားပြီး ထိပ်စီးစာလုံးများကို အပေါ်မှ သည် အောက်သို့ အစဉ်လိုက်ဖတ်ပါက ‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’ ဟူသည့် စာသား ပေါ်ထွက်လာသည်။ ထို့နောက် နီးစပ်ရာအချင်းချင်း လက်သိပ်ထိုး ပြောကြားကာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီးနောက် ဝေဖန်ခြင်းကို ဆတ်ဆတ်ထိမခံ အရေးယူ အပြစ်ပေးလေ့ရှိသည့် စစ်အစိုးရက ထုံးစံအတိုင်းပင် အလျင်အမြန် ဖမ်းဆီးခဲ့သည်။ အစိုးရဘက်က ကဗျာဆရာသည် ပြည်သူလူထုကို ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည်ဟု စွပ...
- Get link
- X
- Other Apps
ရုပ်ရှင်နယ် မူးယစ်ကိစ္စ ဂျာနယ်နှင့် အငြင်းပွား နန်းဒေဝီ တနင်္လာနေ့၊ ဇွန်လ 23 2008 21:15 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ရုပ်ရှင် အနုပညာရှင် အများအပြားကို အာဏာပိုင်များက ခေါ်ယူ စစ်ဆေးမှုပြုအပြီး နောက်ဆက် တွဲ ပြဿနာကတော့ ဂျာနယ်တစောင်နှင့် အနုပညာရှင်အချို့ အငြင်းပွားမှု ဖြစ်သည်။ ယနေ့ထုတ် First Music ဂျာနယ်က ရုပ်ရှင်နယ်ပယ်မှ အကျော်အမော် အချို့၏ ပုံများ ဖော်ပြခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများ ကြောင့် သုံးစွဲခြင်းမပြုရန် ရေးသားခဲ့ခြင်းအပေါ် တောင်းပန်စာ ထည့်သွင်း ဖော်ပြခဲ့ရသည်။ “အနုပညာရှင်များအား တောင်းပန်ခြင်း” ခေါင်းစီးဖြင့် “သက်ဆိုင်ရာ ကာယံရှင်များအား ထင်ယောင်ထင်မှား ဖြစ်စေခြင်း၊ ဂုဏ်သိက္ခာကို ထိပါးရာ ရောက်ခြင်းတို့ ရှိခဲ့ပါက ကာယကံရှင် အနုပညာရှင်များနှင့် တကွ အနုပညာရှင်များ၏ ပရိသတ်များကို First Music Journal မှ အနူးအညွတ် တောင်းပန်အပ်ပါသည်” ဟု ပါရှိသည်။ ယခင် အပတ်ထုတ် First Music ဂျာနယ်တွင် ရုပ်ရှင်ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းသား ဖိုးကျော်၊ မင်းသမီး စိုးမြတ်သူဇာ၊ နန္ဒာလှိုင်၊ နဝရတ်၊ ဂန္ထဝင်နှင့် အဆိုတော် ဖြိ...
- Get link
- X
- Other Apps
ကျပ်သိန်း ၁ဝဝဝ တန် အောင်ဘာလေထီ ဆုအသစ် ဖွင့်လှစ်ရန် စစ်အစိုးရကြ မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ ဇွန်လ 23 2008 14:43 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ အမြင့်ဆုံး ဆုငွေ ကျပ် သိန်း ၁ဝဝဝ အထိပေးမည့် အောင်ဘာလေထီ ပုံစံသစ်တခုကို သြဂုတ်လအတွင်း ဖွင့်လှစ်သွားရန် ရှိကြောင်း ထီရုံးအရာရှိတဦး အပြောအရ သိရသည်။ “၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေး နှစ်ကုန်ပိုင်းကတည်းက စီမံကိန်း ချထားပြီးသား။ ဒါပေမဲ့ လျှို့ဝှက်ချက် အနေနဲ့ပဲ ရှိနေသေးတယ်” ဟု နိုင်ငံပိုင် အောင်ဘာလေထီရုံးမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။ ထီဆုသစ် သတင်းက ဆယ်စုနှစ်နှင့်ချီ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေခဲ့သော ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ငွေကြေး ဖောင်းပွမှုကို ဆက်လက် တွန်းအားပေးနေဖွယ် ရှိနေသည်။ ဆုမဲ အစီအစဉ်သစ်သည် လက်ရှိ ရောင်းချနေသော ထီလက်မှတ် တစောင်လျှင် ကျပ် ၁ဝဝ ဈေးနှုန်းကိုမူ တိုးမြှင့်မသွားဘဲ လက်မှတ် အရေအတွက်သာ ပိုမိုလာမည်ဟု အရာရှိက ပြောသည်။ အစိုးရအနေဖြင့် အခွန်တော် များများလိုသဖြင့် ထီလက်မှတ် အရေအတွက် ပိုမို ထုတ်ရောင်းရခြင်း ဖြစ်သည်ဟု သူက ပြောသည်။ ထီစီမံကိန်းအသစ် ဖွင့်လှစ်ပြီးနောက် ထီပေါက်သူများကို အပိုဆုငွေပေးကာ ထီလက်မှတ် အရောင်းအဝ...
- Get link
- X
- Other Apps
ဒီချုပ် ရုံးချုပ်ရှေ့ စစ်အစိုးရ လုံခြုံရေးများ တိုးမြှင့် နေသွင် ကြာသပတေးနေ့၊ ဇွန်လ 19 2008 15:53 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ အန်အယ်ဒီ ရုံးချုပ်တွင် ယနေ့ ကျင်းပသည့် ပါတီ ခေါင်းဆောင်၏ မွေးနေ့ အခမ်းအနား ပြီးဆုံးသွားသော်လည်း လုံခြုံရေးကိုမူ ဆက်လက် တင်းကျပ်ထားဆဲ ဖြစ်သည်။ နံနက်ပိုင်းက ရဲ၊ လုံထိန်း၊ ကြံ့ဖွံ့၊ စွမ်းအားရှင် အင်အား ၁ဝဝဝ ခန့် ချထားစဉ် ကြံ့ဖွံ့များက ပါတီရုံးဝင်းအတွင်း အတင်းအကျပ် ဝင်ရောက်ကာ သံဃာတော် တပါးနှင့် ပါတီဝင် ၃ ဦးကို ဝင်ရောက် ဖမ်းဆီးပြီးနောက် အခမ်းအနား ဆက်လက် ကျင်းပရာ နေ့လယ် ၂ နာရီတွင် ပြီးဆုံးခဲ့ သော်လည်း အာဏာပိုင်များဘက်က လုံခြုံရေးကို ဆက်ချထားဆဲပင် ဖြစ်သည်။ အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး အခြေအနေက သူတို့ဘက်က မလျှော့ဘူး။ တထောင်ကျော်တော့ ရှိမယ်။ ကြံ့ဖွတ်တွေရော၊ စွမ်းအားရှင် တွေရော၊ ရဲတွေရော။ အုတ်လမ်းဘက်၊ ရွှေတိဂုံဘက်မှာ ပိုဆိုးတယ်။ အဲဒီမှာ ပြည်ထဲရေးဌာန ဓမ္မာရုံ ရှိတယ်။ အဲဒီမှာ လုံထိန်း အကြမ်းဖက် နှိမ်နင်းရေးတပ်တွေ တပ်စွဲထားတယ်။ ဒိုင်နာကားက ၁ဝ စီး ကျော်တယ်။ ကျန်တဲ့ ကားကြီးတွေတော့ ရွှေတိဂုံ ဘုရားဘက်မှာ ဖျောက်ထား တယ်” ဟု ပြောသည်။ ထိ...
- Get link
- X
- Other Apps
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွတ်တော်ခေါ်ရန် တောင်းဆ ဆော်လမွန် ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 22:13 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ နိုင်ငံတွင် ဆိုးရွားလာနေသည့် အကျပ်အတည်းများကို ဖြေရှင်းရေးအတွက် ပြည်သူ့လွှတ်တော် အမြန်ဆုံး ခေါ်ယူပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နအဖ ကို ယနေ့ တောင်းဆိုလိုက်သည်။ ယနေ့ ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ကြေညာချက်တွင် နာဂစ်မုန်တိုင်း ဖြစ်ပွားမှု အပါအဝင် လက်ရှိ အမျိုးသား စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းရေးအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရန်ဟု ဆိုကာ ယခုလို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ပါတီ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က “ပြည်သူ့ လွှတ်တော်ဟာ တရားဝင် ရှိနေတယ်။ အမျိုးသား အကျပ်အတည်းလို့ ဆိုရာမှာ စီးပွားရေး အကျပ်အတည်းအပြင် အခြေခံဥပဒေ တရားဝင်မှု၊ မဝင်မှုဆိုတဲ့ အကျပ်အတည်း ပြဿနာလည်း ရှိတယ်။ အဲဒီ အကျပ်အတည်း ဝန်းကျင်ကြီး တခုလုံးကို ဖြေရှင်းနိုင်ဖို့က ဥပဒေကြောင်းအရ အမြင့်ဆုံး ဆောင်ရွက်နိုင်တာ ပြည်သူ့လွှတ်တော်ပဲ” ဟု ပြောသည်။ ထုတ်ပြန်ရတဲ့ အရင်းခံ အကြောင်းကတော့ နာဂစ်ကြောင့် ပြည်သူလူထုတွေပေါ်မှာ ကျရောက်နေတဲ့ ဘေးဒုက္ခတွေကို ကုစားတဲ့အခါမှာ နိုင်...
- Get link
- X
- Other Apps
ကွဲကွာပျောက်ဆုံး ၃၁ ဦးကို ကြက်ခြေနီက ဆုံစည်းပေး မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 17:08 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ မုန်တိုင်းဒဏ်သင့် ကွဲကွာ ပျောက်ဆုံးနေသူ မိသားစုဝင် ၃၁ ဦးကို ရှာဖွေ ဆုံစည်း ပေးလိုက်နိုင်ခဲ့ကြောင်း မြန်မာ့ကြက်ခြေနီ အသင်း အပြောအရ သိရသည်။ မုန်တိုင်းကျပြီး ရက်သတ္တပတ် ၃ ပတ်ခန့်အကြာတွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် ပူးတွဲကာ မုန်တိုင်းသင့် ဒေသများသို့ ကွင်းဆင်းပြီး စာရင်းကောက်ခံရာ ယခုအချိန်အထိ ၄ဝ၆ ဦး ရရှိခဲ့သည့်အနက် ၃၁ ဦးကို ယခုလို ရှာဖွေ ဆုံစည်းပေးနိုင်ခြင်း ဖြစ်သည်။ “ကျမတို့က မုန်တိုင်းဖြစ်တဲ့ မြို့နယ်တွေကို ကိုယ်တိုင် ကွင်းဆင်းတယ်။ အဓိက ကျမတို့ သွားတာက တကယ့်ကို မုန်းတိုင်းဒဏ်ခံရတဲ့ မြို့နယ်တွေကို သွားတယ်။ ကျမတို့ တပါထဲ ကောက်ခံခဲ့တာက ၄ဝ၆ စောင်၊ လျှောက်လွှာ (form) ရှိပါတယ်။ ကွင်းဆင်းနေတဲ့ အချိန်မှာ ၃၁ ယောက် တွေ့ပေးနိုင်ခဲ့ပါတယ်” ဟု ရန်ကုန်အခြေစိုက် မြန်မာကြက်ခြေနီ အသင်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။ ပြန်လည်ရှာဖွေ တွေ့ရှိနိုင်သူ အများစုသည် ဧရာဝတီတိုင်း လပွတ္တာနှင့် ဘိုကလေး မြို့နယ်များမှ ဖြစ...
- Get link
- X
- Other Apps
မုန်တိုင်းသင့် ရုပ်အလောင်း သဂြုင်္ိဟ်ပေးသူများ ဖမ်းဆီးခံရ နန်းဒေဝီ ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 15:58 - မြန်မာစံတော်ချိန် နယူးဒေလီ ။ ။ မုန်တိုင်းသင့် ရုပ်အလောင်းများကို လိုက်လံမြှုပ်နှံပေးသူ “မြန်မာထရီဗျုး” ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်ကျော်ဆန်းနှင့် အဖွဲ့ဝင် ၆ ဦးထက်မနည်းကို အာဏာပိုင်များက ယခုလ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။ “မြန်မာထရီဗျုး” ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်လည်းဖြစ်သူ ဦးအောင်ကျော်ဆန်း (၄၅ နှစ်) အပါအဝင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းရှိ လူသေ ရုပ်အလောင်းများကို လိုက်လံ သိမ်းဆည်းကာ မြေမြှုပ်ပေးနေသူ ၆ ဦးထက်မနည်းကို ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။ “ကိုအောင်ကျော်ဆန်းကို အခုထိ မလွှတ်သေးဘူး။ ဘိုကလေးမှာ ဖမ်းတာလို့ ပြောတယ်။ ရန်ကုန် ပို့လိုက်ပြီလို့တော့ ကြားတယ်။ အခု ဘယ်မှာ ဆိုတာလဲ သူ့ဇနီးသည်က မသိတော့ စိတ်ပူနေတယ်။ လိုက်ပြီး မေးနေတာပဲ။ ဘယ်မှာလဲဆိုတာ မသိရသေးဘူး” ဟု အမည်မဖော်လိုသူ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။ သူက “ဘိုကလေးကို သွားလိုက်ပြန်လိုက်ပါပဲ။ စုစုပေါင်းတော့ ၃ ခေါက်လောက် ရှိသွားပြီ။ အခု နောက်ဆုံး အခေါက်မှာ အဖမ်းခံလို...
- Get link
- X
- Other Apps
ဒေါ်စု မွေးနေ့အတွက် တယ်လီဖုံး မက်ဆေ့ခ်ျများ ပေးပို့နေကြ ဂျေမိုး ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 14:30 - မြန်မာစံတော်ချိန် စင်္ကာပူ ။ ။ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ ကဗျာရွတ်ပွဲနှင့် အခြားစိတ်ဝင်စားစရာ အစီအစဉ်များ အကြောင်းကို စင်္ကာပူ ရောက် မြန်မာများအကြား တယ်လီဖုန်း မက်ဆေ့ခ်ျများ ပေးပို့နေကြသည်။ မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နေအိမ် အကျယ်ချုပ် ကျခံနေရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ် ကျင်းပမည့် အစီအစဉ် သိရှိစေရန် မြန်မာများအကြား ဖုန်းမက်ဆေ့ခ်ျနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးပို့နေကြခြင်း ဖြစ်သည်။ မွေးနေ့ပွဲကို လာမည့် တနင်္ဂနွေနေ့တွင် အလှူပွဲ၊ ကဗျာရွတ်ဖတ်ပွဲများဖြင့် စင်္ကာပူရှိ တိုပါရိုး မြန်မာဘုန်းကြီးကျောင်း၌ သူမကို ထောက်ခံသူများက ဦးစီးကျင်းပသွားရန် စီစဉ်ထားသည်။ မွေးနေ့အခမ်းအနားတွင် ကဗျာရွတ်ဆိုမည့်သူ တဦးဖြစ်သော ကိုပေါက "ကဗျာဆရာ ဖုန်းဆိုးရဲ့ ၅၄ တက္ကသိုလ် ရိပ်သာလမ်း၊ ရန်ကုန်" ကို ရွတ်ဖို့ ရွေးချယ်ထားတယ် အဲဒီကဗျာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည် မျိုးရိုးကနေ ဆင်းသက်လာတယ်။ မြန်မာပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အဓိက...
- Get link
- X
- Other Apps
လွတ်လပ်စွာ သတင်းယူခွင့်ပြုရန် စစ်အစိုးရကို နိုင်ငံတကာ သတင်းစာအဖွဲ့ကြီးက တောင်းဆို မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ ဇွန်လ 17 2008 20:47 - မြန်မာစံတော်ချိန် ဘဲလ်ဂိတ် ။ ။ ကမ္ဘာတဝှမ်းမှ ထိပ်သီး စာနယ်ဇင်းသမားများ ကွန်ယက်တခုဖြစ်သော နိုင်ငံတကာ သတင်းစာ အင်စတီကျူ (အိုင်ပီအိုင်) ၅၇ ကြိမ်မြောက် အထွေထွေ အစည်းအဝေးက နာဂစ်မုန်တိုင်းဒါဏ်သင့် ဒေသများတွင် သတင်းယူနေသော သတင်းစာ ဆရာများ စာနယ်ဇင်း လွတ်လပ်ခွင့်ကို မြန်မာ စစ်အစိုးရအနေဖြင့် လေးစား ကာကွယ်ရန် တောင်းဆိုလိုက်သည်။ မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်သော မုန်တိုင်းကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူ စုစုပေါင်း လူ တသိန်း သုံးသောင်းရှိခဲ့သော မုန်တိုင်းဒါဏ်သင့် ဒေသများတွင် လွတ်လပ်စွာ သတင်းယူခြင်းကို ခွင့်ပြုရန် ပျက်ပြားခဲ့သည့်အတွက် ဆားဗီးယား နိုင်ငံ မြို့တော် ဘဲလ်ဂိတ်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာ စစ်အစိုးရကို အိုင်ပီပီ အဖွဲ့ဝင်များက ရှုတ်ချ ပြောဆိုလိုက်သည်။ မုန်တိုင်းတိုက်ပြီးလို့ အစားအသောက်၊ သောက်သုံးရေ၊ နေထိုင်ဖိုနဲ့ ဆေးဝါးကုသခံဖို့ လိုအပ်တဲ့လူတွေ တသန်းကျော် ရှိနေတာတောင်မှ မြန်မာ စစ်အစိုးရက သတင်း အချက်အလက်တွေကို ဆင်ဆာဖြ...