မုန်တိုင်းအကျိုးဆက် ကုန်ဈေးနှုန်းများ ဆက်လက်တက် မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ မေလ 29 2008 20:37 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ မုန်တိုင်းအပြီး ရန်ကုန်တွင် ကုန်ဈေးနှုန်းများ ၂ ဆခန့် မြင့်တက်နေကာ ဆက်လက် မြင့်တက်ဖွယ် ရှိသည်ဟု စီးပွားရေး သမားများက ပြောဆိုသည်။ မေလ ၂ ရက်နေ့ နောက်ပိုင်း ရန်ကုန်တိုင်းအတွင်း စားသောက်ကုန် ဈေးနှုန်းများသည် ယခင်ထက် ၂ ဆ တက်ပြီး ယနေ့အချိန်ထိ ပြန်လည် ကျဆင်းခြင်း မရှိသေးဘဲ ဆက်လက် မြင့်တက်ဖွယ် ရှိနေခြင်း ဖြစ်သည်။ “ဆန်ဈေးကတော့ အခုတလော အရမ်းတက်လာတယ်။ တပြည်ကို ၁၇ဝဝ ကျပ် ဖြစ်သွားတယ်။ နှစ်တင်းအိတ် ဆိုရင် ၅ သောင်း ၄ ထောင် ရှိတယ်။ အနည်းဆုံး ၅ဝဝ လောက် တက်သွားတယ်။ ရိုးရိုးပေါ်ဆန်း အရင်တုန်းက တပြည်ကို ၈ဝဝ ၊ အခုပေါက်ဈေး ၁၆ဝဝ။ ဧည့်မထက အရင်တုန်းက ၆ဝဝ၊ အခု ၉ဝဝ။ ပဲဆီက အရင်တုန်းက ၄ဝဝဝ ၊ အခု ပေါက်ဈေး ၇ဝဝဝ။ စားအုန်းဆီက တဆယ်သား ၂၅ဝ၊ အခု ၄၂ဝ ဈေး” ဟု ရွှေပြည်သာ မြို့နယ်မှ ဒေသခံ အိမ်ရှင်မက ပြောသည်။ ကြက်သွန်နီ အညံ့စားသည် ယခင်က ကျပ် ၁ဝဝ ရှိရာမှ ယခုအခါ ၂၅ဝ အထိ ရှိသည်ဟု သူက ဆက်ပြောသည်။ ကြက်သွန်ပွဲစား တဦးကလည်း “မြစ်သား၊ မြင်းခြံ၊ ပခုက္ကူ၊ ပျော်ဘွယ်၊ တောင်တွ...
Posts
Showing posts from May, 2008
- Get link
- X
- Other Apps
ဗန်းမော်ထောင် အကျဉ်းသားများ ထွက်ပြေးနေ မျိုးကြီး တနင်္လာနေ့၊ မေလ 26 2008 20:42 - မြန်မာစံတော်ချိန် ရွှေလီ ။ ။ ကချင်ပြည်နယ် ဗန်းမော်ထောင်၌ နှစ်ရှည်ပြစ်ဒဏ်ကျ အကျဉ်းသား ၁၁ ဦးသည် ယခုလ ၂၄ ရက်နေ့က ထောင်စိုက်ပျိုးရေး အလုပ်စခန်းမှ ထွက်ပြေးရာ ၃ ဦးသည် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ယမန်နေ့ညပိုင်းက ရောက်လာသည်။ ၉ မိုင်ခန့် ကွာဝေးသည့် ဗန်းမော်နှင့် မိုးမောက်မြို့ကြားရှိ မန်မုံကျေးရွာရှိ ထောင်စိုက်ပျိုးရေး အလုပ်စခန်းမှ ၂၄ ရက်နေ့ အလုပ်သိမ်းချိန်တွင် ထွက်ပြေးလာသည့် ၁၁ ဦးအနက် ရာဇဝတ် အကျဉ်းသား ဗန်းမော်မြို့သား ကိုသက်ပိုင်၊ ကိုအီးကျော်နှင့် ရွှေကူနယ်သား တဦးတို့သည် စခန်းနှင့် မိုင် ၈ဝ ဝန်းကျင်ခန့် အလှမ်းကွာသည့် လိုင်ဇာမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ “မန်မုံ စိုက်ပျိုးရေး အလုပ်စခန်းကနေ ထွက်ပြေးလာတာ။ သူတို့အုပ်စုက ၁၁ ယောက် ပြေးကြတယ်။ အဲဒီအချိန်တုန်းက သံခြေကျင်းတွေ၊ ထောင်ဝတ်စုံတွေနဲ့ ပြေးကြတာပဲ။ အခု ဒီရောက်တော့ အရပ်ဝတ်တွေနဲ့ပါ။ ကြီးကြပ်တဲ့ တာဝန်ခံတွေကလည်း တယောက်ပဲ ထားတယ်။ သေနတ် မကိုင်ဘူးတဲ့။ လောက်စာလုံးနဲ့ ဂွပဲ ကိုင်တာလို့ သူတို့က ပြောပြတာပေါ့” ဟု အကျိုးအကြောင်း မေ...
- Get link
- X
- Other Apps
မုန်တိုင်းအပြီး ၃ ပတ်အကြာ အနံ့အသက်များ ဆိုးရွား မဇ္ဈိမသတင်းဌာန သောကြာနေ့၊ မေလ 23 2008 23:11 - မြန်မာစံတော်ချိန် ချင်းမိုင် ။ ။ မုန်တိုင်ဒဏ်သင့် ကျေးရွာများနှင့် မြစ်ချောင်းတလျှောက် ၃ ပတ်ခန့် ကြာမြင့်သည်အထိ ရှင်းလင်းသူမဲ့ ရုပ်အလောင်းများကြောင့် အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေသည်။ ဟိုင်းကြီးကျွန်း၊ ဧရာဝတီတိုင်း ဖျာပုံ၊ လပွတ္တာနှင့် ဘိုကလေးမြို့အနီးရှိ ကျေးရွာများတွင် ပြန့်နှံ့နေသည့် လေဘေးသင့် ရုပ်အလောင်းများကြောင့် အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေကြောင်း ယင်းဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်လုပ်ကိုင်နေသူများက ပြောဆိုကြသည်။ “ဖျာပုံ တဖက်ကမ်း ဒေးဒရဲမြို့နယ်အတွင်းမှာ၊ ဖျာပုံ မြစ်ဝ ကမ်းရိုးတမ်းတလျှောက် ကျေးရွာ တော်တော်များများမှာ လူသေ အလောင်းတွေကို ရှင်းလင်းသူမရှိလို့ ပုပ်တဲ့ အနံ့အသက်တွေ ရှိနေတယ်” ဟု ဖျာပုံဒေသ လေဘေး ကယ်ဆယ်ရေး လုပ်နေသူ ရန်ကုန်သားတဦးက ပြောသည်။ ဖျာပုံအထွက် မြစ်ကျင်း၊ မြစ်တန်း၊ မှော်ဘီ၊ အချာကြီး၊ အချာလေး၊ လိပ်တလန်ချောင်း၊ စွယ်တော်ကုန်း၊ လေးအိမ်တန်း၊ ဆိတ်လေးကုန်၊ တံတားကြောင်း၊ မြစိမ်းငယ်နှင့် ကွမ်းမှုံကျေးရွာ တလျှောက်တွင်လည်း အလေ...