အင်တာနက်ကို အဆင့်လိုက် ဖြတ်တောက်မည် မဇ္ဈိမသတင်းဌာန Monday, 28 April 2008 17:33 - မြန်မာစံတော်ချိန် ရန်ကုန်။ ။ လာမည့် ဆန္ဒခံယူပွဲ အတွင်း သတင်းစီးဆင်းမှု တားဆီးရန်အတွက် အင်တာနက် ဆက်ကြောင်းများအား စီစစ် ဖြတ်တောက်ရန် စီမံမှုများ ပြုလုပ်နေကြောင်း ၀န်ကြီးဌာန သတင်းရပ်ကွက်အရ သိရသည်။ ဖြတ်တောက်မည့် ပုံစံမှာ ဆာဗာများ ခွဲချထားပြီး အလွှာလိုက် ဖြတ်တောက်မည့် ပုံစံ ဖြစ်သည်။ အများပြည်သူသုံး အင်တာနက် ကဖေးများ၊ စီးပွားရေး လုပ်ငန်းသုံးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း စသဖြင့် အဆင့် ၃ ဆင့် ခွဲကာ ဖြတ်တောက်မှု ပြုလုပ်မည် ဖြစ်သည်ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။ အစိုးရဘက်မှ ခွင့်မပြုလိုသော အချက်အလက်များ၊ ဓာတ်ပုံများ အင်တာနက်မှ ထွက်ပေါ်လာသည်ကို စတင် တွေ့ရှိပါက ပထမဆုံး PAC ခေါ် အများပြည်သူသုံး အချက်အလက် စင်တာများအား စတင် ပိတ်ဆို့မည် ဖြစ်သည်။ သို့သော် စီးပွားရေး လုပ်ငန်းနှင့် ရုံးများအတွင်း အင်တာနက်ကို ဖွင့်လှစ်ထားမည် ဖြစ်သည်။ ဆက်လက် ထွက်ပေါ်နေပါက အဆိုပါ စီးပွားရေး လုပ်ငန်းသုံး ဆက်...
Posts
Showing posts from April, 2008
- Get link
- X
- Other Apps
ရန်ကုန် ဂျီမေးသုံးစွဲသူများ အခက်အခဲ ဖြစ်ပြန် နန်းဒေဝီ Wednesday, 23 April 2008 16:41 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ ရန်ကုန် အင်တာနက်ဆိုင်များတွင် လူသုံးများသည့် ဂျီမေးလ်မှာ သိသိသာသာပင် နှေးကွေးသွားသည်ဟု အင်တာနက် အသုံးပြုသူများ အပြောအရ သိရသည်။ မည်သည့်အတွက် ယခုလို ဂျီမေးဖွင့်ရာတွင် အခက်အခဲ ဖြစ်နေရကြောင်း မသိရသေးသော်လည်း server error ပြနေသည့်အတွက် အကြိမ်ကြိမ် ဖွင့်နေရသည့်အပြင် အချိန်စောင့်ဆိုင်း နေရတတ်သည်။ ပုဂံအင်တာနက် ဝန်ဆောင်မှုနှင့် ချိတ်ဆက်ထားသော ရန်ကုန်မြို့ လှည်းတန်း အင်တာနက် ဆိုင်တဆိုင်မှ တာဝန်ရှိသူတဦးက "ဂျီမေး ဖွင့်လိုက်ရင် error တွေ တက်နေတယ် ခင်ဗျ။ နဲနဲတော့ ကြာပြီ။ တပတ်ကျော်လောက်တော့ ကြာပြီ။ email address မှာ ဂျီမေး ရိုက်လိုက်ရင် သူ့ဟာသူ ဝင်သွားတယ်။ ဝင်တဲ့နေရာမှာ သူက Error ဆိုပြီးတော့ ပြတယ်။ ထပ်ခါ ထပ်ခါ လုပ်ပေးရတယ်။ တခါတလေမှ ဝင်တယ်" ဟု မဇ္ဈိမကို ယခုလို ပြောသည်။ သူက ဆက်ပြီး "ဂျီမေး ဝင်ဘို့ဆိုတာ pass word တွေ ဘာတွေ ရိုက်တာကအစ ၅ မိနစ်ကျော်ကျော်လောက် ကြာတယ်။ attach file တွေ ပို့ရင်လည်း si...
- Get link
- X
- Other Apps
မလေးရှားရောက် ဒုက္ခသည်များက စခန်းကို မီးရှို့ဖျက်ဆီး မောင်ဒီး Tuesday, 22 April 2008 15:12 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ တတိယနိုင်ငံ အခြေချခွင့် မပေးသဖြင့် မလေးရှားရောက် မြန်မာဒုက္ခသည် ၇၂ ဦးက ကွာလာလမ်ပူမြို့ပြင်ရှိ ထိန်းသိမ်းရေးစခန်းကို ယမန်နေ့က မီးရှို့ ဖျက်ဆီးခဲ့ကြသည်။ ဖမ်းဆီး ထိန်းသိမ်းခံနေရသူ ဒုက္ခသည် ၇၂ ဦးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ သူတို့ကို တတိယနိုင်ငံသို့ အခြေချခွင့် မပေးတော့ကြောင်း ပြောဆိုခဲ့သည့်အပေါ် မကျေမနပ်ဖြစ်ကာ ယမန်နေ့က ထိန်းသိမ်းရေးစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ "ကွာလာလမ်ပူမြို့ အပြင်က Lenggeng စခန်းက ဒုက္ခသည်တွေပေါ့။ အဓိက UNHCR က Resettlement (တတိယနိုင်ငံ အခြေချရေး အစီအစဉ်) မစီစဉ် ပေးနိုင်ဘူး ဆိုလို့ စိတ်တိုပြီး မီးရှို့တာ" ဟု မလေးရှားရောက် မြန်မာဒုက္ခသည်တဦးက မဇ္ဈိမကို ပြောသည်။ မြန်မာ ဒုက္ခသည်များက ရုံးခန်းအတွင်းရှိ ပရိဘောဂများကို မီးရှို့ ဖျက်ဆီးခဲ့ရာ မလေးရှားရဲ ၂ဝဝ ခန့်က စခန်းအတွင်း ဝင်ရောက်ကာ အခြေအနေကို ပြန်ထိန်းခဲ့ရသည်။ မလေးရှား အစိုးရက နိုင်...
- Get link
- X
- Other Apps
အိုလံပစ်မီးရှုးတိုင် ဆန္ဒပြပွဲတွင် မြန်မာသတင်းထောက်များ ဖမ်းဆီးခံရ မဇ္ဈိမသတင်းဌာန Friday, 18 April 2008 13:10 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ တရုတ် အိုလံပစ်ပွဲတော်ကို ဆန့်ကျင်သည့် တိဘက်များ၏ ဆန္ဒပြပွဲသို့ သွားရောက် သတင်းယူသည့် မြန်မာသတင်းထောက် ၄ ဦးသည် ယမန်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ နယူးဒေလီမြို့၌ အိုလံပစ်မီးတိုင် ရောက်ရှိနေချိန် မီးတိုင်ကို လက်ဆင့်ကမ်း သယ်ဆောင်သည့် အိန္ဒိယဂိတ်နှင့် ပါလီမန် အဆောက်အဦ လမ်းတလျှောက်တွင် ဆန္ဒပြ တိဘက်များနှင့် လုံခြုံရေး ရဲများအကြား ပဋိပက္ခဖြစ်ပွားပြီး တိဘက် ၅ဝ ကျော်ကို နေ့လည် ၂ နာရီခန့်တွင် စတင်ဖမ်းဆီးရာ မြန်မာသတင်းထောက် ကိုခင်မောင်လတ် (DVB)၊ ကိုမျိုးမြင့်အောင် (Khonumthung)၊ ကိုကျော်သူရ (BBC) နှင့် ကိုနေလင်း (RFA) တို့ပါ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ သူတို့ကို ယနေ့နံနက် ၁ဝ နာရီခန့်အထိ ပါလီမန်အနီးရှိ Tuglak ရဲစခန်းတွင် ထပ်မံ ဖမ်းဆီးလာသည့် တိဘက် ၃ဝဝ ခန့်နှင့်အတူ ဆက်လက် ထိန်းသိမ်းထားပြီး တရားရုံး ထုတ်မည်ဟူသည့် သတင်းများလည်း ပေါ်ထွက်နေသည်ဟု မြန်မာသတင်းထောက် တဦးက ပြောသည်။ ယမန...
- Get link
- X
- Other Apps
မန္တလေးတိုင်း ကျေးရွာတချို့ ဆန္ဒခံယူပွဲအတွက် ငွေကောက်ခံနေရ မောင်ဒီး Friday, 11 April 2008 18:06 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဒေသ အာဏာပိုင်များက လူထုဆန္ဒ ခံယူပွဲအတွက် ဆိုကာ ဒေသခံများထံမှ ငွေကြေး ကောက်ခံမှုများ လုပ်ဆောင်နေသည်။ ပြီးခဲ့သည့် ၃ ပတ်ခန့်ကတည်းက မန္တလေးတိုင်း သာစည်နှင့် မိတ္ထီလာ မြို့နယ်များရှိ ကျေးရွာများကို ဒေသ အာဏာပိုင်များက မဲရုံဆောက်ရန်နှင့် လူထုဆန္ဒ ခံယူပွဲအတွက်ဟု ဆိုကာ ငွေကောက်ခံနေခြင်း ဖြစ်သည်။ သာစည်မြို့နယ်ရှိ လှိုင်းတက်၊ ယင်းမာပင်၊ ဟန်ဇားကျေးရွာ အပါအဝင် ရွာငယ်အချို့တွင် တအိမ်ထောင်လျှင် ငွေကျပ် ၃ဝဝ နှုန်း ကောက်ခံနေပြီး ထည့်ဝင်ခြင်း မရှိသည့် အိမ်ထောင်စုများကို ၅ဝဝ ကျပ် ပေးရမည်ဟုဆိုကာ အတင်းအကျပ် ကောက်ခံနေသည်ဟု သာစည်မြို့ခံ တဦးက ပြောသည်။ သူက “မဲရုံဆောက်ဖို့၊ မဲရုံအတွက် စာရွက်စာတမ်းကြေး ဆိုပြီး ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းက လာကောက်နေတာ။ အစိုးရဆီကပဲ တောင်းရမှာပေါ့။ အခုတော့ ဘာမှမသိတဲ့ ရွာသားတွေကို လိမ်ပြီး ကောက်နေတာ” ဟု ပြောသည်။ မိတ္ထီလာမြို့နယ်ရှိ အလယ်ရွာတိုက...
- Get link
- X
- Other Apps
အလုပ်သမားဝန်ကြီးဌာနက အောင်လံတောင်သူများကို စစ်ဆေး ဖနိဒါ Thursday, 10 April 2008 20:10 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ စီမံကိန်းဝင် သီးနှံ မစိုက်ပျိုးလို၍ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်သို့ တိုင်တန်းမှု ပြုလုပ်ခဲ့သော တောင်သူများကို အလုပ်သမားဝန်ကြီးဌာနက အထူး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ အလုပ်သမား ဝန်ကြီးဌာနမှ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး တင်အောင်ဝင်း ဦးဆောင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မတီသည် မကွေးတိုင်း အောင်လံမြို့နယ်သို့ ဧပြီလ ၅ ရက်နေ့တွင် ရောက်ရှိလာပြီး ဦးဆောင် တိုင်ကြားခဲ့သူများကို လူတွေမေးမြန်းခဲ့သည်။ "ကြံစိုက်ဖို့ အဓမ္မ ခိုင်းစေတာကို တောင်သူတွေက မလုပ်နိုင်ဘူး။ ဒီဒေသမှာ အကျိုးမဖြစ်ထွန်းစေဘူး။ ဒါကြောင့် ဆင်းရဲမွဲတေ၊ စီးပွား ပျက်စီးနေတာကို၊ မကျေနပ်မှုတွေကို ILO ကို တိုင်ကြားတဲ့အတွက် ILO က လာပြီး စစ်ဆေးတယ်။ စစ်ဆေးပြီး နအဖ ကို အကြောင်းကြား တယ်။ အခု နအဖ ကနေပြီးတော့ လာစစ်ဆေးတာ" ဟု ILO သို့ တိုင်ကြားခဲ့သူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။ ၅ ဦးပါ ကော်မတီတွင် ဗိုလ...
- Get link
- X
- Other Apps
အမေမာအတွက် ဒေါ်စု ပေးပို့သည်ဆိုသော ပန်းခြင်းတခြင်း ရောက်ရှိ နန်းဒေဝီ Tuesday, 08 April 2008 15:48 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ လူထုဒေါ်အမာ၏ ဈာပနသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမည်နှင့် လွမ်းသူ့ပန်းခြင်းတခု ယမန်နေ့ညက ပို့ဆောင်ခဲ့သည်။ အနီရောင် နှင်းဆီဖူး ၁ဝဝ ကျော် ထည့်ထားသည့် ပန်းခြင်းအား ယမန်နေ့ည ၁၁ နာရီခွဲတွင် လူအချို့က ၃၈ လမ်းရှိ လူထုဒေါ်အမာ ရုပ်ကလပ် ထားရှိရာ နေအိမ်တွင် လာရောက် ပို့ဆောင်သွားခြင်း ဖြစ်သည်။ "ဒေါ်စု ပန်းခြင်းပို့တယ် ဆိုတာ ဟုတ်ပါတယ်။ နှင်းဆီဖူး အနီရောင်တွေ ချည်းပါပဲ။ မန္တလေးက လုပ်ဖော် ကိုင်ဖက်တွေကနေ စီစဉ်တာ ဖြစ်ပါလိမ့်မယ်။ ဘယ်သူတွေ ယူလာတယ် ဆိုတာတော့ မတွေ့လိုက်ရဘူး ခင်ဗျ။ စာတမ်းက 'ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခွေ' ဆိုပြီးတော့ စာတမ်း ထိုးထားပါတယ်" ဟု လူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက မဇ္ဈိမကို ပြောသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန်တွင် မည်ကဲ့သို့ ပန်းခြင်း...
- Get link
- X
- Other Apps
NLD အဖွဲ့ဝင်တဦး အရိုက်ခံရပြန် မောင်ဒီး Friday, 04 April 2008 14:57 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ လှိုင်သာယာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးကို အမည်မသိလူ နှစ်ဦးက ယနေ့ နံနက်ပိုင်းက အလစ်အငိုက် ရိုက်နှက်ခဲ့ရပြန်ရာ ၁ဝ ရက်အတွင်း စစ်အစိုးရဆန့်ကျင်သူ သုံးဦးမြောက် တိုက်ခိုက်ခံရမှု ဖြစ်လာသည်။ လှိုင်သာယာမြို့နယ် ၈ ရပ်ကွက်ရှိ ပဒေသာလမ်း (၂) တွင် နေထိုင်သူ မြို့နယ် NLD လူမှုအထောက်အကူပြုအဖွဲ့မှ ဦးတင်ယုကို ဆိုင်ကယ်စီးသူ နှစ်ဦးက ယနေ့နံနက် ၂ နာရီခန့်က သစ်သားဒုတ်နှင့် ရိုက်နှက်သွားသဖြင့် ဦးတင်ယု၏ ညာဖက်မျက်လုံးမှာ ပျက်စီးလုသည်အထိ ဖြစ်သွားခဲ့သည်။ "သူ့ညာဘက် မျက်နှာမှာ အတွင်းရော၊ အပြင်ရော ၂၁ ချက် ချုပ်လိုက်ရတယ်။ ၂ ချက် ဆင့်လိုက်ရတာပေါ့နော်။ မျက်လုံးကတော့ လုံးဝကို မမြင်ရဘူး။ လုံးဝပိတ်နေတယ်" ဟု လှိုင်သာယာ NLD အဖွဲ့ဝင်တဦးက ပြောသည်။ ရိုက်နှက်သွားသူများများမှာ စကားပြောစက် ကိုင်ဆောင်ထားသည်ကို ဦးတင်ယု မြင်တွေ့ခဲ့သည်ဟု သူက ပြန်ပြောပြသည်။ "အခု သူတို့က စီမံချက်သဘောမျိုးနဲ့ အကွက်ကျကျပေါ့နော်။ တက်...