Posts

Showing posts from March, 2008
Image
ကေအိုင်အိုက ဆန္ဒခံယူပွဲကို သပိတ်မှောက်ဖွယ်ရ ဆော်လမွန် Tuesday, 25 March 2008 11:15 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တခု ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က မိမိတို့၏ အဖွဲ့ဝင်များအား လာမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို သပိတ်မှောက်ကြရန် ညွန်ကြားထားသည်ဟု အဖွဲ့၏ သတင်းရပ်ကွက်က ပြောကြားလိုက်သည်။ ကေအိုင်အို အဖွဲ့တွင်းရှိ သတင်းရပ်ကွက်က ပြောကြားရာတွင် အဖွဲ့တွင်း အစည်းအဝေးမှ မေလတွင် ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပြီးနောက် မိမိတို့အဖွဲ့ဝင်များကို ဆန္ဒခံယူပွဲတွင် မဲမပေးဘဲ နေရန် အကြောင်းကြားထားသည်ဟု ဆိုသည်။ ကေအိုင်အိုသည် မိမိတို့အဖွဲ့ဝင်များ မှတ်ပုံတင်ရန်နှင့် မြန်မာနိုင်ငံသား သက်သေခံကဒ်ပြားများ ထုတ်ယူရန် စစ်အစိုးရ အာဏာပိုင်များနှင့် သဘောတူထားခဲ့ပြီးကာမှ ဤဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မေလတွင် ဆန္ဒခံယူပွဲ ကျင်းပရန်နှင့် ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ စစ်အစိုးရသည် ကေအိုင်အိုနှင့...
လမ်းမတော်မှာ မီးလောင် မဇ္ဈိမသတင်းဌာန Friday, 21 March 2008 23:24 - မြန်မာစံတော်ချိန် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းမတော်လမ်းတွင် ယနေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့သည်၊ သောကြာနေ့ည ၈း၃၀ နာရီက စတင်လောင်ကျွမ်းပြီး မီးသတ်ကား အစီး ၂၀ ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရာ ၁၀း၀၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မျက်မြင်သက်သေများ အပြောအရ အဲယားကွန်း အဟောင်းတလုံးတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ လူထုစိန်ဝင်း စာမူများ ဖော်ပြခွင့်ပြုပြီ မဇ္ဈိမသတင်းဌာန Friday, 21 March 2008 15:57 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ စာရေးသားခွင့် ပိတ်ပင်ခံရသော ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းအား စာပေစိစစ်ရေးက ယခုအခါ ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်သည်။ စစ်အစိုးရအား ဝေဖန်ပြောဆိုသည့် အသံဖိုင်တခု ဖြန့်ဝေခဲ့ပြီးနောက် ဆရာကြီး၏ ဆောင်းပါးစာမူများ ဖော်ပြနေသော ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအား ထည့်သွင်း ထုတ်ဝေခြင်း မပြုရန် စာပေစိစစ်ရေးက ညွှန်ကြားထားရာမှ ယခုအခါ တနင်္လာနေ့မှ စ...
မေဆွိ သေဆုံးသည် ဆိုသော သတင်းမှားကြောင်း မိသားစုဝင်တဦးပြော အဆိုတော် မေဆွိ၏ မိသားစုများက မေဆွိနှင့် ပတ်သက်သော ကောလာဟလသတင်းကို မဖြစ်နိုင်ကြောင်း ပြောဆိုလိုက်သည်။ မေဆွိနှင့် ယနေ့နံနက်က တယ်လီဖုံးမှတဆင့် စကားပြောဖြစ်ကြောင်းနှင့် သူမ ကျန်းမာရေးကောင်းမွန်ပါသည်ဟု မိသားစုဝင်တဦးက ရန်ကုန်မှ မဇ္ဈိမသို့ ပြောပြသည်။ နိုင်ငံကျော် အဆိုတော်သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကားတိုက်မှု ဖြစ်၍ ကွယ်လွန်သွားခဲ့သည် ဆိုသော အင်တာနက် စာမျက်နှာတခုသည် ပြည်တွင်း ပြည်ပ အင်တာနက်သုံး မြန်မာများအကြား ပျံ့သွားခဲ့သည်။ တိဘက်တွင် အကြမ်းဖက်မှု ရပ်ရန် မြန်မာသံဃာတော်များ တောင်းဆို ဖနိဒါ Monday, 17 March 2008 19:33 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ တရုတ်အာဏာပိုင်များအနေဖြင့် ဆန္ဒပြ တိဘက် ရဟန်းတော်များနှင့် ပြည်သူများကို အကြမ်းဖက် နှိမ်နင်းခြင်းကို ရပ်တန့်ပြီး ညှိနှိုင်း ဆွေးနွေး အဖြေရှာရန် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်က ယမန်နေ့က တောင်းဆိုလိုက်သည်။ တိဘက်ဒေသတွင် ဘာသာရေး လွတ်လပ်ခွင့်နှင့် ဖမ်းဆီးထားသော ရဟန်းတော်များအား လွတ်ပေးရေး တေ...
ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ အလည်အပတ် ရောက်ရှိနေ ထိုင်းဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး မစ္စတာ ဆမာက့် ဆွန်ဒါဗက်သည် တရက်တာ အလည်အပတ် ခရီးစဉ်အတွက် မြန်မာနိုင်ငံသို့ သောကြာနေ့ နံနက်က ရောက်ရှိနေပြီ ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်နှင့်အတူ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အနုပေါင် ပါအိုချင်တာ၊ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှုး ဗိုလ်ချုပ် ဆီလီပေါင် ဘွန်းဖတ်နှင့် နိုင်ငံခြားရေးဝန်ကြီး နိုပါဒွန် ပတ်တာမာ တို့ လိုက်ပါလာသည်။ နှစ် ၂ဝ ကြာသော်လည်း လူ့အခွင့်အရေး တိုးတက်မှုမရှိ မဇ္ဈိမသတင်းဌာန Thursday, 13 March 2008 20:05 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည့်ကာလက လူ့အခွင့်အရေးအခြေအနေနှင့် ယနေ့ခေတ် လူ့အခွင့်အရေး အခြေအနေတို့ ပြောင်းလဲခြင်းမရှိဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) က ယနေ့ ဝေဖန်လိုက်သည်။ အရပ်သားနှင့် ကျောင်းသားများ ခိုက်ရန် ဖြစ်ပွားရာ၌ ကျောင်းသားများအပေါ် အငြှိုးတကြီး ရှိခဲ့သည့် ကွန်လွန်သူ ဦးနေဝင်း၏ လက်မရွံ့ တပ်သားများက ရန်ကုန်စက်မ...
စိတ်ကြိုက် ဖွဲ့စည်းပုံကို ကာကွယ်မည့် ၀ါဒဖြန့် ရုပ်ရှင်ရိုက်ရန် စီစဉ် မဇ္ဈိမသတင်းဌာန Tuesday, 11 March 2008 19:09 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ စစ်တပ်ကြီးစိုးမှုကို အာမခံပေးမည့် အခြေခံဥပဒေမူကြမ်း ရေးဆွဲခဲ့ခြင်းနှင့် ပတ်သက်၍ ၀ါဒဖြန့်ရုပ်ရှင်တခု ရိုက်ကူးရန် ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်ဟု ယုံကြည်ရသော သတင်းရပ်ကွက်များ အဆိုအရ သိရသည်။ နိုင်ငံရပ်ခြား တိုင်းပြည်များ၏ တိုက်တွန်းအကြံပေးမှုကို လက်မခံနိုင်သော နအဖ စစ်အစိုးရ၏ ရပ်တည်ချက်ကို ထင်ဟပ်မည့် ရုပ်ရှင်ကားအတွက် ဒါရိုက်တာနှင့် သရုပ်ဆောင်ရှာဖွေမှုများ လုပ်နေရာ နာမည်ကျော်များကို ခေါ်ယူ အသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ရသည်။ ဇာတ်လမ်းမှာ ရွာတရွာတွင် သူကြီးမရှိသည်မှာ အတော်ကြာမြင့်နေရာ သူကြီးရွေးရန်အတွက် ရွာသားများက စီစဉ်ကြသည်။ ထိုသို့ စီစဉ်ရာတွင် ပတ်ဝန်းကျင်ရှိ ကျေးရွာများက သူတို့ ရွာတွင် သူကြီးကို မည်သည့်စံနှုန်းဖြင့် ရွေးသည်၊ ဆယ်အိမ်ခေါင်းကို မည်သည့်စံနှုန်းဖြင့်ရွေးသည် စသည်ဖြင့် ၀င်ရောက် အကြံပြု ပြောဆိုကြသည်။ သို့ သော် ရွာသားများက မည်သည့် အကြံပြုချက်မှ လက်မခံဘဲ သ...
Image
ဒေါ်စုနှင့် ဂမ်ဘာရီ ယနေ့တွင် ထပ်မံတွေ့ဆုံ ... အဆိုတော် စိုင်းထီးဆိုင် ကွယ်လွန် ... နိုင်ငံကျော် အဆိုတော် စိုင်းထီးဆိုင် (အသက် ၅၈ နှစ်) သည် ယနေ့နံနက်က ကွယ်လွန်သွားခဲ့သည်။ ဒေါ်စုနှင့် ဂမ်ဘာရီ ယနေ့ ထပ်မံတွေ့ဆုံ နေသွင် Monday, 10 March 2008 13:31 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ မြန်မာပြည် နိုင်ငံရေးပြဿနာ ဖြေရှင်းရေးတွင် ကြားဝင်ဆောင်ရွက်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးတာဝန် လွှဲအပ်ခံထားရသော မစ္စတာအီဗရာဟင် ဂမ်ဘာရီသည် ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံနေကြောင်း ရန်ကုန်မှ ဝင်ရောက်လာသော သတင်းများအရ သိရသည်။ ပြီးခဲ့သည့် ကြာသာပတေးနေ့ကတည်းက မြန်မာပြည်ရောက်ရှိနေသော ကုလသမဂ္ဂ သံတမန်သည် စနေနေနေ့ကလည်း ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ ယနေ့ညနေပိုင်းတွင် ခရီးစဉ်ကိုအဆုံးသတ်ဖွယ်ရှိသော မစ္စတာဂမ်ဘာရီသည် ယနေ့တွင်ရန်ကုန်ရှိ ကုလသမဂ္ဂ အေဂျင်စီများမှ သံတမန်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂသတင်း ပြန်ကြားရေးဌာနမှ မဇ္ဈိမသို့ြေ...
၅ လောင်းပြိုင် လူသတ်မှု ပြည်တွင်းဂျာနယ်များ သတင်းထုတ်ခွင့်မရ ဖနိဒါ Friday, 07 March 2008 17:39 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ ရန်ကုန်မြို့မှ ၅ လောင်းပြိုင် လူသတ်မှုသတင်းကို ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် ထုတ်ဖော်ရေးသားခွင့် မပေးဘဲ မှုခင်းဂျာနယ်များ နှစ်စောင်ကသာ ရေးသားဖော်ပြခွင့် ရနေသည်။ ရန်ကုန်လူထုအကြား လူပြောများသွားသည့် ယခုလ ၃ ရက်နေ့က ၅ လောင်းပြိုင် လူသတ်မှုသတင်းကို ပြည်တွင်းရှိ ဂျာနယ်တိုက်များက သတင်းရယူ ဖော်ထုတ်လိုသော်လည်း အာဏာပိုင်များက ခွင့်မပြုဘဲ တနင်္လာနေ့စဉ်ထုတ် မှုခင်းရှုထောင့်နှင့် မှုခင်းမြင်ကွင်းဂျာနယ်များတွင်သာ ဖော်ပြရေးသားခွင့် ပေးထားသည်ဟု ပြည်တွင်းရှိ ဂျာနယ်တိုက်များက ဆိုသည်။ “ကျနော်တို့ ကမာရွတ်ရဲစခန်းကို ဖုန်းဆက်မေးတော့ ကျနော်တို့ ဒီသတင်းတင်လို့ ရမလားလို့ မေးတော့ မရဘူး။ ဒါနဲ့ပတ်သက်ပြီး လုံးဝ သတင်းထုတ်ပြန်ခွင့် မရဘူး၊ မရှိဘူးလို့ ပြောတယ်” ဟု ရန်ကုန်မြို့ရှိ အမည်မဖော်လိုသူ အယ်ဒီတာတဦးက ပြောသည်။ အခြားပြည်တွင်းထုတ် သတင်းဂျာနယ် အယ်ဒီတာတဦးကလည်း “ရှင်းရှင်းပြောရရင် အဲဒီအမှုနဲ့ ပတ်သက်ပြီး ထည့်လို့ရတ...
Image
နေပြည်တော်တွင် ထိပ်သီးအစည်းအဝေး ပြုလုပ် နေသွင် Tuesday, 04 March 2008 18:53 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ စစ်အစိုးရ၏ အရေးပါသော မူဝါဒဆိုင်ရာ အစည်းအဝေး တရပ်ကို တက်ရောက်ရန် စစ်တိုင်းမှူးများ ယမန်နေ့က စ၍ နေပြည်တော်သို့ ထွက်ခွာသွားကြောင်း စစ်ဘက် သတင်းရပ်ကွက်များနှင့် လေ့လာသူများ အပြောအရ သိရသည်။ လျို့ဝှက်နိုင်လွန်းသည့် တိုင်း (၁၃) တိုင်းမှ စစ်တိုင်းမှူးများ အပါအဝင် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များသာ တက်ရောက်သော အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ဖွယ် ရှိသည်။ အစည်းအဝေးတွင် မည်သည့်အကြောင်း ကိစ္စများ ဆွေးနွေးမည်ကို အတိအကျ မသိနိုင်သော်လည်း လေ့လာသူများက မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်နေနိုင်မည်ဟု ခန့်မှန်းထားကြသည်။ တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက “လေးလပတ် သဘောလည်း ဆောင်တယ်။ နောက်တခုက ဆန္ဒခံယူပွဲ အတွင်းမှာ ရပခ နေရာမှာ အရပ်သားတွေက ယာယီ တာဝန်ယူမလား မသိဘူး။ အများအမြင်မှာ တပ်က ကိုင်တာမဟုတ်ဘူး ဖြစ်ရအောင်၊ အရပ်ဘက်က ကိုင်ခိုင်းမယ်။ ဒေသဆိုင်ရာက ဖြစ်ရင်တောင် ကြံ့ဖွံ့ဥက္ကဌတွေ ဖြစ်ရင်ဖြစ...
Image
တပ်ရိက္ခာအတွက် စပါး ဈေးလျှော့ရောင်းရ မျိုးကြီး Monday, 03 March 2008 17:14 - မြန်မာစံတော်ချိန် ရွှေလီ။ ။ စစ်တပ်ရိက္ခာ အတွက် ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်းရှိ ဆန်အရောင်းဆိုင်များမှ ဆန်နှင့် စပါးများကို လျှော့ဈေးနှင့် ယခုလ ၂ ရက်နေ့မှ စတင်ကာ လကုန်အထိ ရောင်းချပေးသွင်း သွားရမည် ဖြစ်သည်။ ထိုသို့ တပ်ရိက္ခာအတွက် ရောင်းချပေးရာတွင် ဗန်းမော်မြို့ပေါ်တွင် ရှိသော ဆန်စပါးနှင့် ပတ်သက်သည့် အရောင်းဆိုင်ကြီးများ၊ စပါးကြိတ်ခွဲစက်များ၊ ဆန်အရောင်းဆိုင် အငယ်များထံမှ ဗန်းမော် ဆန်ကုန်သည်များ အသင်းက ခရိုင် အေးချမ်းသာယာရေးရုံး ညွှန်ကြားချက်အရ လျှော့ဈေးနှင့် ဝယ်ယူကာ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ တဆင့် သွင်းပေးရခြင်း ဖြစ်သည်။ “မြို့နယ်က သွင်းခိုင်းတာပေါ့နော်။ သူတို့ရောင်းခိုင်းတာက ဆန်အမျိုးအစားက အကောင်းစားပဲ ရောင်းခိုင်းတာ။ စပါးကျတော့လည်း အန်တီတို့က ဟိုအောက်ပိုင်း ကောလင်း ဝန်းသိုဘက်က ဝယ်ရတာ ဆိုတော့ အခက်အခဲ ရှိတာပေါ့။ အဲဒီတော့ ဆန်ပဲ သွင်းကြတယ်။ ဆန်ကလည်း အကောင်းစား မသွင်းနိုင်ဘူး။ အလတ်စားပဲ သွင်းကြတယ်။ သူတိ...