Posts

Showing posts from February, 2008
မန္တလေးမှာ မီး ထပ်လောင်ပြန် သန်းထိုက်ဦး Thursday, 28 February 2008 13:51 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ မန္တလေး ချမ်းအေးသာစံ မြို့နယ်၌ ရှိသော ကျောင်းသားကျောင်းသူ ဘော်ဒါဆောင် တခုတွင် ယနေ့ နံနက်ပိုင်းက နာရီဝက်ကြာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ပြည်ကြီးရှင်ရပ်ကွက် ၃၂ - ၃၅ လမ်းနှင့် ၆၄-၆၅ လမ်းကြားတွင် တည်ရှိသော ဒေါ်နှင်းနှင်းမော်၏ ကျောင်းသား ဘော်ဒါဆောင်၌ ယနေ့ နံနက် ၁ဝ ခွဲခန့်တွင် အမျိုးသမီး အဆောင်၏ အပေါ်ဆုံး အထပ်မှ စတင်ကာ မီးစွဲလောင်ခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေ တဦးက ပြောသည်။ “အဓိကတော့ ကျောင်းသူလေးတွေ အဆောင်ဗျ။ အပေါ်ဆုံးအထပ်မှာ ဝါယာကြိုး ရှော့ဖြစ်ပြီးတော့ လောင်တာပဲလို့ ပြောနေကြတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။ သူက ဆက်ပြီး “အဆောင်ထဲမှာလည်း ရေကန်တွေ ဘာတွေ ရှိတယ်။ နောက်ပြီးတော့ အဲဒီနားလေးမှာလည်း ရေမြောင်းကြီးနဲ့ နီးတယ်ဗျ။ အဲဒီမြောင်းထဲကနေ ဝိုင်းပြီး၊ မီးသတ်ပိုက်တွေနဲ့ ဝိုင်းစုပ်ပြီးတော့ ပက်လိုက်တော့ ငြိမ်းသွားတယ်။ ကျနော်ရောက်တဲ့ အချိန်ဆိုရင် မီးသတ်ကား ၁၅ စီးလောက် ရှိ...
သက်ဆင် ထိုင်းနိုင်ငံကို ပြန်လာတော့မည် မဇ္ဈိမသတင်းဌာန Wednesday, 27 February 2008 15:37 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်သည် မနက်ဖြန် နံနက် (၉း၎ဝ) နာရီတွင် ဟောင်ကောင်မှတဆင့် ထိုင်းလေကြောင်းလိုင်းဖြင့် ဘန်ကောက်ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာတော့မည်ဟု လေဆိပ် လူဝင်မှုကြီးကြပ်ရေး အရာရှိများကို ကိုးကား၍ သတင်းများက ဆိုသည်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Noppadon Pattama ကလည်း သက်ဆင်သည် မနက်ဖြန် နံနက်တွင် ပုဂ္ဂလိက လေကြောင်းလိုင်းဖြင့် သုဝဏ္ဏဘူမိသို့ ဆိုက်ရောက်မည် ဖြစ်ကြောင်း အင်္ဂလိပ် ဘာသာဖြင့် ထိုင်းနိုင်ငံတွင် ထုတ်ဝေသော ဘန်ကောက်ပို့စ် သတင်းစာသို့ အတည်ပြု ပြောကြားသည်။ ၂ဝဝ၆ ခုနှစ်၊ စက်တင်ဘာလကတည်းက ပြည်ပတွင် တိမ်းရှောင်နေရသော ဝန်ကြီးချုပ်ဟောင်းသည် ဘန်ကောက်သို့ ခြေချလျှင်ချချင်း ရဲလက်သို့ အဖမ်းခံမည် ဖြစ်ပြီး သူအပေါ် စွပ်စွဲခံထားရသော လာဘ်စားမှု ကိစ္စအတွက် ဗဟိုတရားရုံးချုပ်သို့ သွားရောက်မည်ဟု သက်ဆင်၏ ကိုယ်ရေးအရာရှိနှင့် ဥပဒေအကြံပေးတို့က သတင်းထောက်များအား ပြောသည်။...
Image
ကြားဖြတ်သတင်း ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၀၈ ခုနှစ မဇ္ဈိမသတင်းဌာန Monday, 25 February 2008 10:00 - မြန်မာစံတော်ချိန် ရတနာပုံ မီးလောင်ပြန် လွှင့်တင်ချိန်။ ။ ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၀၈ ခုနှစ်။ ၁၄:၀၀ - မြန်မာစံတော်ချိန် မန္တလေး ရတနာပုံဈေးကြီးတွင် ယနေ့ မွန်းလွဲ ၁ နာရီတွင် မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။ မီးခိုးလုံးများ မြင်တွေ့ရာက လူအများက အထိတ်တလန့် ဖြစ်ကုန်သည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ စစ်သား အတော်များများလည်း မီးလောင်ရာ နေရာအနီး စောင့်ကြပ် ချထားသည်။ မည်သည့် အကြောင်းကြောင့် ထပ်မံလောင်ကျွမ်းရသည်ကို မသိရပေ။ အနီးအနားရှိ မျက်မြင်သက်သေ တဦးက မဇ္ဈိမသို့ တယ်လီဖုန်းနှင့် ပြောဆိုရာတွင် နာရီဝက်ကျော်ကြာ ကြာမြင့်ပြီး ဂတ်စ်အိုးပေါက်ကွဲမှုက ဖြစ်ပွားသည်ဟု ပြောသည်။ ဒေသခံများ အဆိုအရ ယမန်နေ့ည ၁၁ နာရီက မီးသတ်ဦးစီးဌာနက မီးကျွမ်းထားသော အဆောက်အဦများကို ရေပက်ဖြန်းနေခဲ့သည်ဟု ပြောသည်။ မရမ်းကုန်းကျောင်း မီးလောင် ရန်ကုန်မြို့ မရမ်းကုန်း အထက ၁ ကျောင်းတွင်လည်း ယမန်နေ့ ညက မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ည ၈ နာရီမှ ၁၁ နာရီခန့်အထိ လောင်ကျွမ်...
ဒီချုပ် ရွေးကောက်ပွဲ ဝင်သင့်ဟု စစ်အစိုးရ သတင်းစာပြော နေသွင် Tuesday, 26 February 2008 16:08 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်တွင်း၌ ထိပ်တိုက်တွေ့ရေး လမ်းစဉ်ကို ဆက်မလုပ်ဘဲ စစ်အစိုးရ ဖွဲ့စည်းပုံကို လက်ခံကာ ရွေးကောက်ပွဲ ဝင်ရောက် အရွေးခံသင့်သည်ဟု စစ်အစိုးရ အာဘော် သတင်းစာတွင် ယနေ့ ဖော်ပြလိုက်သည်။ စစ်အစိုးရ အာဘော်ကို ထင်ဟပ်စေသော မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် မောင်ကာဠု၏ “ဟုတ်ပါ့မလား၊ မောင်ကာဠု” ခေါင်းစဉ်ဖြင့် ရေးသားထားရာတွင် “ပြည်သူကို ယုံရင်၊ ဒီမိုကရေစီ အစစ်အမှန်ကို ယုံရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့က လွဲလို့ အခြား ဆူပူတာ၊ ထိပ်တိုက် ရင်ဆိုင်တာ၊ ပြည်ပနဲ့ ပေါင်းပြီး ပြည်တွင်းမှာ တိုက်ကွက်ဆင်တာမျိုး မလုပ်သင့်တော့ဘူး” ဟု ပါရှိသည်။ အမျိုးသား ညီလာခံကို ကျင်းပခဲ့ခြင်းမှာ ၁၉၄၇၊ ၁၉၇၄ အခြေခံ ဥပဒေ နေရာတွင် “ခိုင်မာကောင်းမြတ် ပြည်ဝစုံလင်သော အခြေခံ ဥပဒေ ရေးဆွဲရေး” အတွက် တရားဝင် ပါတီများ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တိုင်ပင်ဆောင်ရွက်ရန် မူချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။...
ဒီချုပ် ရွေးကောက်ပွဲ ဝင်သင့်ဟု စစ်အစိုးရ သတင်းစာပြော နေသွင် Tuesday, 26 February 2008 16:08 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်တွင်း၌ ထိပ်တိုက်တွေ့ရေး လမ်းစဉ်ကို ဆက်မလုပ်ဘဲ စစ်အစိုးရ ဖွဲ့စည်းပုံကို လက်ခံကာ ရွေးကောက်ပွဲ ဝင်ရောက် အရွေးခံသင့်သည်ဟု စစ်အစိုးရ အာဘော် သတင်းစာတွင် ယနေ့ ဖော်ပြလိုက်သည်။ စစ်အစိုးရ အာဘော်ကို ထင်ဟပ်စေသော မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် မောင်ကာဠု၏ “ဟုတ်ပါ့မလား၊ မောင်ကာဠု” ခေါင်းစဉ်ဖြင့် ရေးသားထားရာတွင် “ပြည်သူကို ယုံရင်၊ ဒီမိုကရေစီ အစစ်အမှန်ကို ယုံရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့က လွဲလို့ အခြား ဆူပူတာ၊ ထိပ်တိုက် ရင်ဆိုင်တာ၊ ပြည်ပနဲ့ ပေါင်းပြီး ပြည်တွင်းမှာ တိုက်ကွက်ဆင်တာမျိုး မလုပ်သင့်တော့ဘူး” ဟု ပါရှိသည်။ အမျိုးသား ညီလာခံကို ကျင်းပခဲ့ခြင်းမှာ ၁၉၄၇၊ ၁၉၇၄ အခြေခံ ဥပဒေ နေရာတွင် “ခိုင်မာကောင်းမြတ် ပြည်ဝစုံလင်သော အခြေခံ ဥပဒေ ရေးဆွဲရေး” အတွက် တရားဝင် ပါတီများ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တိုင်ပင်ဆောင်ရွက်ရန် မူချခဲ့ခြင်း ဖြစ်သည်ဟု ဆ...
Image
မန္တလေး ရတနာပုံဈေး မီးလောင် မဇ္ဈိမသတင်းဌာန Monday, 25 February 2008 10:32 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ မန္တလေး ရတနာပုံ ဈေးကြီးတွင် ယနေ့ နံနက် ၈းဝဝ နာရီမှစ၍ မီးလောင်မှု ဖြစ်ပွားရာ သတင်းပေးပို့ချိန် နံနက် ၉းဝဝ နာရီအထိ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည်။ မန္တလေးမြို့တွင် တပတ်အတွင်း နှစ်ကြိမ်မြောက် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်သည်။ မီးဆက်လက် လောင်ကျွမ်းဆဲဖြစ်ပြီး နာမည်ကျော် အမ်ကေ ဖက်ရှင် အဝတ်အစား ဆိုင်ဘက်သို့ မီးကူးစက် လာနေသည်။ “နောက် တနာရီလောက် ကြာရင် အကုန်ကုန်မှာပဲ” ဟု မီးလောင်ရာနေရာတွင် ရောက်ရှိနေသူ တဦးက ပြောသည်။ ရတနာပုံ တယ်လီပေါ့တ်သည်လည်း မီးသင့်နေသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ၈၄ လမ်းမပေါ်ရှိ ၂၅-၂၆ လမ်းတွင် မီးလောင်ရာ လူအသေအပျောက်ပင် ရှိခဲ့သည်။ ဈေးဖွင့်ကာစမှာပင် မီးစတင်လောင်ကျွမ်းမှု ဖြစ်သည်။ လျှပ်စစ်ဝိုင်ယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကနဦး သတင်းများက ပြောသည်။ မီးခိုးလုံးများ ထူထပ်နေသောကြောင့် မီးသတ်သမားများမှာ အထဲဝင်၍ မရနိုင်ဘဲ ဖြစ်သည်။ “ဆိုင်ရှင်တွေကော လူတွေကော စိတ်ပျ...
မြေလည်းသိမ်း ခြံဝန်းလည်း ခတ်ခိုင်းသေး မောင်ဒီး Wednesday, 06 February 2008 20:09 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ ဧရာဝတီတိုင်း ငွေဆောင်ရွာနှင့် ၆ မိုက်အကွာရှိ ၂၃ မိုင်စခန်းအနားတဝိုက်ရှိ မြေယာဧက ၅ဝဝ ကျော်အား အာဏာပိုင်တဦး၏ သမီးဖြစ်သူက ယမန်နှစ်က သိမ်းပိုက်ခဲ့ပြီးနောက် ယခု ရက်ပိုင်းအတွင်း ခြံဝန်းများ ခတ်ရာတွင် ဒေသခံများအား အဓမ္မ ခိုင်းစေနေသည်။ စစ်အရာရှိကြီး တဦးဖြစ်သူ ဗိုလ်ချုပ် ခင်မောင်သန်း၏ သမီးက ဖခင်၏ ရာထူး အရှိန်အဝါဖြင့် ၂၃ မိုင်စခန်း အနီးတဝိုက်ရှိ ဒေသခံများ၏ မြေယာဧက ၅ဝဝ ကျော်အား နစ်နာကြေး မပေးဘဲ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလက သိမ်းပိုက်ခဲ့ပြီး ရော်ဘာစိုက်ပျိုးခဲ့ရာ ခြံဝန်းများ ကာရံရန်အတွက် လိုအပ်သော သစ်များအတွက် ဒေသခံများကို အတင်းအကျပ် လိုက်လံ ရှာဖွေခိုင်းခြင်း ဖြစ်သည်။ “ကျနော်တို့ ရပ်ရွာလူတွေကို လက်ရှိသွားနေတဲ့ အခင်းတွေကို ဖြတ်တဲ့ လူသွားလမ်းတွေကို ပိတ်တယ်။ ပိတ်ပြီးလို့ရှိရင် ကျွဲနွားရှိတဲ့လူ ဆိုရင် ကျွဲတရှဉ်းမှာ သစ်တတန်ခွဲ၊ နွားတရှဉ်းမှာ သစ်တတန်ခွဲ ရှာခိုင်းပြီး ကျွဲနွားမရှိတဲ့ လူဆိုရင် မျှောတရာ၊ အလကားခိုင်းတာ။...
မျိုးချစ်သူပုန်များအား နိုင်ငံရေးအကျဉ်းသားများ ခံစားပိုင်ခွင့်ပေးရန် တောင်းဆို နန်းဒေဝီ Wednesday, 06 February 2008 12:29 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ အိန္ဒိယနိုင်ငံရှိ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများက စစ်အာဏာရှင်စနစ် တိုက်ပွဲဝင်သူများ ဖြစ်သော ရခိုင်၊ ကရင် မျိုးချစ်သူပုန် ၃၄ ဦးအား နိုင်ငံရေး အကျဉ်းသားများ ရပိုင်ခွင့်ပေးရန် ယမန်နေ့က တောင်းဆိုလိုက်ကြသည်။ ၁ဝ နှစ်ကျော်ကြာ ဖမ်းဆီး အကျဉ်းချခံထားရသော မြန်မာ မျိုးချစ်သူပုန်များအား အကျဉ်းသားများ ရပိုင်ခွင့်များဖြစ်သည့် ထောင်တွင်း ခွဲခြားဆက်ဆံမှုများ ရပ်တန့်ရန်၊ မြန်မာ့အစားအစာ စားသောက်ခွင့်၊ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံ အသုံးအဆောင်များ ဖြစ်သော သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာမှအစ လုံလောက်စွာ ပေးရန်အတွက် ယမန်နေ့က ကာလကတ္တားတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ကာလကတ္တားတွင် ရောက်ရှိနေသည့် မြန်မာအင်အားစုများ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ကိုကင်က လတ်တလော အကျဉ်းထောင်အတွင်း ကျခံနေရသူများ...
နအဖ သည် ဥပဒေပြဋ္ဌာန်းချက်များကို ချိုးဖောက်နေဟု အန်အယ်ဒီက ဝေဖန် သန်းထိုက်ဦး Friday, 01 February 2008 18:49 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ တရားဥပဒေစိုးမိုးရေးကို အစဉ်တစိုက် ကြွေးကြော်နေသည့် နအဖ သည် လက်တွေ့အားဖြင့် အကောင်အထည်ဖော်ရန် လိုအပ်နေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယမန်နေ့က ဝေဖန်လိုက်သည်။ ရွှေဝါရောင် တော်လှန်ရေးအပြီး နအဖ သည် ပါတီအဖွဲ့ဝင်များအပါအဝင် ဒီမိုကရေစီ လိုလားသူများအား ဖမ်းဆီး ချုပ်နှောင်ထားသည့်အပြင် တည်ရှိဆဲ ထောင်ဥပဒေအား ချိုးဖောက်ကာ ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေသည့်အပေါ် အဖွဲ့ချုပ်က ပထမဆုံးအကြိမ် ကြေညာချက် ထုတ်ပြန်၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “တိုင်းပြည်မှာ တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေလို့ရှိရင် ဘယ်တိုင်းပြည်မှာ ဘယ်စနစ်မှ မထွန်းကားဘူး။ အဲဒီတော့ တရားရေးမဏ္ဍိုင်က အရေးကြီးတယ်။ ဒီလို တရားဥပဒေမဲ့ လုပ်ရပ်တွေ ရပ်ဆိုင်းဖို့ လိုတယ်။ ဒါက ကျနော်တို့ ရည်ရွယ်ချက်ပါ” ဟု မဇ္ဈိမကို ပြောသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်...