Posts

Showing posts from January, 2008
Image
ဒေါ်စုနှင့် ဒီချုပ် ခေါင်းဆောင်များ တွေ့ဆုံ မုံပီး Wednesday, 30 January 2008 16:19 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ အဖမ်းဆီးခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ယနေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနှင့်အတူ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် လူကြီးများသည် ရန်ကုန်ရှိ အစိုးရ ဧည့်ဂေဟာ တခုတွင် သူ့ကို သွားရောက် တွေ့ဆုံနေသည်ဟု ပါတီအရာရှိတဦး ဖြစ်သူ ဦးအောင်သိန်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သည့် ၁၈ နှစ်တာကာလအတွင်း ၁၂ နှစ်ခန့် ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည့် ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်မှ ဆွေးနွေးပွဲဆီသို့ အာဏာပိုင်များက ခေါ်ဆောင်သွားခဲ့သည်။ “သူတို့ ဘာတွေ ဆွေးနွေးမယ်ဆိုတာ ကျနော်တို့ မသိပါဘူး” ဟု ဦးအောင်သိန်းက ပြောဆိုကာ၊ အန်အယ်ဒီ ခေါင်းဆောင်များအကြား သီးသန့်တွေ့ဆုံပွဲ ဟုတ်၊ မဟုတ်ကိုမူ ရှင်းလင်းစွာ မသိသေးကြောင်း ဆက်ပြောသည်။ အံ့သြဘွယ်ရာ ဖြစ်ပေါ်လာသော အစည်းအဝေးသည် ၂ဝဝ၃ ခုနှစ် မေလကတည်းက သူ့ကို ဖမ်းဆီးခြဲ့...
မလေးရှားတွင် မြန်မာဒုက္ခသည် ၇၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ် မဇ္ဈိမသတင်းဌာန Friday, 25 January 2008 21:42 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ မလေးရှား အစိုးရက ကျောထောက်နောက်ခံ ပြုထားသည့် စေတနာ့ဝန်ထမ်း အဖွဲ့တခု ဖြစ်သော RELA က ပူထရာဂျာရာတွင် ရှိသော မြန်မာဒုက္ခသည်တို့၏ ယာယီ နေအိမ်များကို ဝင်ရောက်စီးနင်းကာ မီးတင်ရှို့ခဲ့သည့်အတွက် မြန်မာဒုက္ခသည် ၇၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း လူအခွင့်အရေး အုပ်စုတခုက ပြောကြားလိုက်သည်။ RELA က သူတို့စခန်းကို ဇန်နဝါရီ ၂ဝ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် ဇိုမီး ချင်းမျိုးနွယ်စုများ ဖြစ်သော မြန်မာဒုက္ခသည် ၇၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ တောထဲတွင် ခြေဦးတည့်ရာ သွားလာနေရကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့က ယနေ့ ပြောကြားလိုက်ပါသည်။ “သူတို့မှာ ဘာမှကို မကျန်တော့ဘူးဗျ။ လူတွေကလဲ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ ဘယ်နေရာ သွားနေရမယ်၊ ဒီအခြေအနေက လွတ်အောင် ဘာလုပ်ရမယ် ဆိုတာတွေ ဘာမှကို မသိတော့ဘူး၊ သူတို့မှာ ဘာမှကို မကျန်တော့ဘူးဗျ” ဟု မီးရှို့ခံထားရသော ဒုက္ခသည်စခန်းကို မကြာသေးမီက သွားရောက် ကြည့်ရှုခဲ့သည့် ဇိုမီး ချင...
Image
မတ္တရာအမတ် ထောင်အတွင်း မျက်လုံးကွယ် သန်းထိုက်ဦး Thursday, 24 January 2008 12:45 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ မန္တလေးတိုင်း မတ္တရာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်သည် အကျဉ်းထောင် အတွင်း၌ မျက်လုံးတဖက် ကွယ်သွားကြောင်း ဇနီးဖြစ်သူ၏ အပြောအရ သိရသည်။ ယမန့်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်က အန်အယ်ဒီ အဖွဲ့ဝင်များအား ဖမ်းဆီး ထိန်းသိမ်းထားသည့် မန္တလေးမြို့ရှိ အိုးဘို အကျဉ်းထောင်အတွင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သူ ဇနီးသည် ဒေါ်ခင်သီ က မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။ “မျက်လုံး ကိုက်တာတွေ ဘာတွေတော့ သက်သာသွားပြီ။ မျက်ကြောတို့၊ နဖူးတို့၊ နားထင်တို့တော့ တင်းကိုက်နေတာပေါ့လေ။ မျက်စိတဖက်ကတော့ လုံးဝ မမြင်ဘူးလို့ ပြောတယ်။ သံလက်သီးနဲ့ အထိုးခံရပြီးတဲ့နောက်ကို ဆေးကုသနေတုန်း ဖမ်းသွားတာလေ။ ထောင်ထဲ သွင်းထားတာ ဆိုတော့၊ ဆေးကုသမှု မရတော့ ပိုဆိုးသွားတာပေါ့” ဟု သူက ပြောသည်။ ဦးသန်းလွင်သည် ၂ဝဝ၇ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲမှအပြန် လမ်းတွင် အမည်မသိ လူတဦးက သံလ...
တောင်ကုတ်မှာ အခြေအနေ တင်းမာ၊ ဆန္ဒပြဖွယ်ရှိ သန်းထိုက်ဦး Friday, 18 January 2008 18:12 - မြန်မာစံတော်ချိန် ချင်းမိုင်။ ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယမန်နေ့က ဆန္ဒပြပွဲ အစီအစဉ် ပျက်ပြားသွားပြီးနောက် အာဏာပိုင်များအပေါ် ဒေသခံများမှ မကျေနပ်ဘဲ ဆက်လက်၍ တင်းမာနေသည်ဟု အဖွဲ့ချုပ်ဝင်များက ပြောသည်။ ယမန်နေ့က သံဃာများ အပါအဝင် လူထုအင်အား ၂ဝဝ ခန့်က မြို့မဈေး အနီးတဝိုက်တွင် ဆန္ဒပြရန် လူစုနေစဉ် ရဲ၊ မီးသတ်၊ မယက ရယက များ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက လက်နက်များ ကိုင်ဆောင်၍ ဖြိုခွင်းရန် အသင့်ပြင်လာသဖြင့် ဆန္ဒပြမည့် အစီအစဉ် ပျက်ပြားခဲ့ရပြီးနောက် တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ “မြို့ခံတွေကြားမှာ ကျနော်တို့ လူစုခွဲလိုက်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လုံးဝ မကျေနပ်နေကြတာဗျာ။ အဲဒီတော့ ဘယ်အချိန်မှာ ပေါက်ကွဲလာမယ် ဆိုတာ ကျနော်တို့ အတိအကျ ပြောလို့ မရသေးဘူး ခင်ဗျာ။ မြို့ခံတွေကတော့ တအားကို မကျေနပ်နေတာ” ဟု တောင်ကုတ်မြို့ အန်အယ်ဒီနှင့် နီးစပ်သူ ကိုဗလက မဇ္ဈိမကို ပြောသည်။ ဒေသခံ အမျိုးသမီး တဦးကလည်း “တင်းမာမှုတွေက ရှိတယ်လေ။ လူတွေက အခ...
Image
မဲခေါင်ဒေသဖွံ့ဖြိုးရေး ဂျပန်က ယန်းငွေ ၆ ဘီလီယံ ကူညီမည် ဖနိဒါ Thursday, 17 January 2008 19:42 - မြန်မာစံတော်ချိန် သုံးနိုင်ငံ အဝေးပြေးလမ်းမ တည်ဆောက်ရေးအတွက် အပါအဝင် ဂျပန်က မဲခေါင်ဒေသ နိုင်ငံများ ဖွံ့ဖြိုးရေးအတွက် စုစုပေါင်းဂျပန် ယန်းငွေ (၆) ဘီလီယံ အကူအညီပေးရန် သဘောတူလိုက်သည်။ အကူအညီပေးငွေတွင် ဗီယက်နမ်၊ ထိုင်းနှင် မြန်မာနိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အဝေးပြေး လမ်းမကြီး ဖောက်လုပ်ရန်အတွက် ယန်းငွေ ၂ ဒဿမ၂ ဘီလီယံနှင့် နိုင်ငံများအားလုံး၌ ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် ၁ ဒဿမ ၇ ဘီလီယံတို့ ပါဝင်သည်။ ထို့အပြင် မဲခေါင်ဒေသ (၅) နိုင်ငံမှ လူ (၂ဝဝဝ) ကို ဂျပန်နိုင်ငံသို့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် အနေဖြင့် ခေါ်ယူမည်ဖြစ်ရာ လစဉ် တနိုင်ငံချင်းစီမှ လူ (၄ဝ) ခန့် ခေါ်ယူဖွယ် ရှိနေသည်။ ဂျပန်နှင့် မဲခေါင်ဒေသမှ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေး ယနေ့ ပြီးဆုံးသွားပြီ ဖြစ်သည်။ အစည်းအဝေးတွင် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ဂျပန်နိုင်ငံအနေဖြင့် မြန်မာသံယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည့်အပေါ် မြန်မာ...
ငြိမ်းအဖွဲ့ချင်း ဝါးမျိုရန် ဦးအောင်ခန်းထီ ကြိုးစားနေ နေသွင် Wednesday, 09 January 2008 13:57 - မြန်မာစံတော်ချိန် ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့အချင်းချင်း လက်အောက်ခံအဖွဲ့အဖြစ် ဖန်တီးနေမှု ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည်။ ဦးအောင်ခမ်းထီ ဦးဆောင်သော ပအို့ဝ်အမျိုးသားအဖွဲ့က ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ဒေသတွင် အခြေစိုက်သော ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၏ အဖွဲ့ကွဲတခုကို လက်အောက်ခံ အဖွဲ့အဖြစ် သွတ်သွင်းနေခြင်း ဖြစ်သည်ဟု ရှမ်းနိုင်ငံရေး လှုပ်ရှားသူများ အပြောအရ သိရသည်။ ဒီဇင်ဘာ (၂၆) ရက်နေ့က ပအို့ဝ်အမျိုးသားအဖွဲ့၏ နောင်ကားဌာနချုပ်မှတဆင့် ပေးပို့သောစာတွင် စောတာကလဲ ဦးစီးသော လက်ရှိ ရလလဖအဖွဲ့ကို ဦးအောင်ခမ်းထီ၏ တပ်မဟာ (၅) အနေနှင့် အသွင်ပြောင်းရန် ပါရှိသည်။ ပအို့ဝ်အမျိုးသားအဖွဲ့သည် ၁၉၉၂- ခုနှစ်တွင် နအဖနှင့် ငြိမ်းချမ်းရေး ယူခဲ့သော်လည်း ၂ဝဝဝ မှ စ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံ အထူးရဲပုံစံ အသွင်ပြောင်းလဲထားပြီး ယခုအခါ စီးပွားရေး အင်အား တောင့်တင်းနေသော အဖွဲ့ဖြစ်သည်။ “အကြောင်းမပြန်ရင် နအဖတ...