၂၀၀၇ ထိုင်းရွေးကောက်ပွဲ ပီပီပီ ပါတီမှ မဲအများဆုံးရရှိ ကိုစိုင်း Tuesday, 25 December 2007 12:16 - မြန်မာစံတော်ချိန် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းခံရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နဝတ်ကို ထောက်ခံသည့် “ဖလန်းပရချားချွန်း (People Power Party - လူထုအင်အား)” ပါတီသည် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပသော အထွေထွေ ရွေးကောက်ပွဲတွင် ၂၃၂ မဲဖြင့် မဲအများဆုံး ရရှိသွားခဲ့သည်။ ဒုတိယ မဲအများဆုံး ရရှိသည့် “ပရချားထိပတ် (Democrat Party - ဒီမိုကရက်)” ပါတီ က အမတ်နေရာ ၁၆၅ နေရာ၊ “ချတ်ထိုင်း” ပါတီ က ၃၇ နေရာ၊ “ဖို့ဖန်တင်” ပါတီ က ၂၅ နေရာ၊ “ရွမ်းဂျိုင်ထိုင်း ချတ်ဖတ်ထနား” ပါတီက ၉ နေရာ၊ “မတ်ချနိမား ထိပတိုင်း” ပါတီက ၇ နေရာနှင့် “ပရချားရတ်” ပါတီက ၅ နေရာ အသီးသီး ရရှိခဲ့ကြသည်။ ယခု ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် လူဦးရေ ၄၅ သန်းကျော် ရှိသည့်အနက် လာရောက်မဲပေးသူပေါင်း ၃၂ သန်းကျော် ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၀% ခန့်ရှိကြောင်း သိရသည်။ ယခုရွေးကောက်ပွဲသည် ၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးနောက် ၂...
Posts
Showing posts from December, 2007
- Get link
- X
- Other Apps
အဓိကရုဏ်း နှိမ်နှင်းရေးသင်တန်းများ ရန်ကုန်နှင့် ပခုက္ကူတွင် ပြုလုပ် မောင်ဒီး Friday, 21 December 2007 19:52 - မြန်မာစံတော်ချိန် လူထုအုံကြွမှု ထပ်မံ ဖြစ်ပေါ်လာပါက နှိမ်နှင်းနိုင်ရန်အတွက် အဓိကရုဏ်း နှိမ်နှင်းရေး သင်တန်းများကို ရန်ကုန်နှင့် ပခုက္ကူမြို့တွင် ရဲတပ်ဖွဲ့များက သင်တန်း ပေးနေကြသည်။ ရန်ကုန်မြို့ပြင်ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တည်ရှိရာ သာဝနယ်မြေရှိ သီဟဒီပ အားကစားကွင်းအနားရှိ ဘောလုံးကွင်း တခုတွင် သန်လျင် ရဲတပ်ရင်းတခုက ရဲသား ၅ဝ ခန့်ကို ယခုရက်ပိုင်းအတွင်း နံနက်ပိုင်း၌ သင်တန်းပေးနေသည်ကို တွေ့ခဲ့ရသည်ဟု အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတဦးက ပြောသည်။ “ကျနော် ကျောင်းသွားရင်း တခါသွားကြည့်မိတော့ တန်းစီထားတဲ့ အခြမ်းမှာ လူ ၄-၅ဝ လောက် ရှိတယ်။ အရှေ့က ကွပ်ကဲပေးတဲ့ လူက အပွင့်နဲ့လူက ၃ ယောက်လောက်ပဲ။ တပ်သားတွေက ဒူးထောက်ပြီးတော့ သေနတ်လို ချိန်ထားတယ်။ ဘေးမှာက ရိုက်တဲ့ ဒုတ်တွေ ချထားတယ်။ နံပါတ်ဒုတ်လို ပုံစံတွေပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။ အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ စာမေးပွဲဖြေနေသည့် ယခုရက်ပိုင်းအတွင်း သင်တန်းပေးလာခြင်း...
- Get link
- X
- Other Apps
စာနယ်ဇင်းသမားများ ထိုင်း-မြန်မာ နယ်စပ်သို့ တိမ်းရှောင် နန်းဒေဝီ Friday, 21 December 2007 19:14 - မြန်မာစံတော်ချိန် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအတွင်း မှတ်တမ်းတင် ရိုက်ကူးမှုပြုခြင်း သို့မဟုတ် ဆန္ဒပြရာတွင် ပါဝင်ခဲ့သောကြောင့် စစ်အစိုးရက လိုက်လံ ဖမ်းဆီးနေသဖြင့် စာနယ်ဇင်းနယ်ပယ်မှ အနည်းဆုံး ၉ ဦး ထိုင်းနိုင်ငံ နယ်စပ်မြို့များသို့ ရောက်ရှိလာခဲ့ကြသည်။ ဒီဇိုင်းပညာရှင် ကိုသီဟမောင်မောင်၊ စာရေးဆရာ ကိုသတိုး၊ ကဗျာဆရာ ကိုကျော်သူမိုးမြင့်၊ ကိုထက်ဇော် (ပန်းသတင်း) ကိုမိုးကျော် (စပယ်ဖြူမဂ္ဂဇင်း) နှင့် ကဗျာဆရာ ကိုအောင်ဝေး၊ ဓာတ်ပုံ သတင်းထောက် လောအယ်စိုးတို့ ပါဝင်သော မီဒီယာသမားများ တိမ်းရှောင်လာခဲ့ရခြင်း ဖြစ်သည်။ “ကျနော့် သူငယ်ချင်းတွေက ပြေးနေကြပြီ၊ ကျနော်တော့ အေးအေးဆေးဆေး နေသေးတယ်။ ဒါပေမယ့်လို့ အိမ်ကို ဧည့်စာရင်း လာစစ်တာမျိုး၊ မသိမသာ ထောက်လှမ်းတာမျိုး၊ ပတ်ဝန်းကျင် လမ်းထိပ်ကနေ စုံစမ်းထောက်လှမ်း လုပ်နေတာမျိုး၊ တဖြည်းဖြည်းနဲ့ သွားလာရတာ၊ စီးပွားရေး၊ လူမှုရေးတွေအပြင် တချိန်ချိန်မှာ တနည်းမဟုတ်ရင် တနည်း ကျနော် ဒုက္ခ ရောက်တော့မယ်ဆိုတာ သ...
- Get link
- X
- Other Apps
ကချင်ပြည်နယ်တွင်း စစ်တပ်ရိက္ခာ စပါးများ စုဆောင်းနေ မျိုးကြီး Thursday, 20 December 2007 14:16 - မြန်မာစံတော်ချိန် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တပ်ရိက္ခာအတွက် စစ်တပ် အဝယ်ဒိုင်များ ကိုယ်တိုင် ကွင်းဆင်းကာ ဒေသခံ လယ်သမားများထံမှ စပါးဝယ်ယူလျှက် ရှိသည်။ ဗန်းမော်မြို့နယ် မြို့သစ် ကုန်းတော ကျေးရွာများတွင် ဒီဇင်ဘာ(၁ဝ) ရက်နေ့မှ စတင်ကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် (၂၁) တပ်ရင်း အဝယ်ဒိုင်များမှ ကွင်းဆင်း ဝယ်ယူနေပြီး တင်းပေါင်း ၆ဝဝ အထိ ဖြည့်တင်းသွားမည်ဟု သိရသည်။ အလားတူ တနိုင်းမြို့နှင့် နမ္မတီးမြို့ ကားလမ်းတလျှောက် ကျေးရွာများတွင် ဒေသကွပ်ကဲရေး ဌာနချုပ် (တနိုင်း) လက်အောက်ရှိ တပ်ရင်းအဝယ်ဒိုင်များ၊ မိုးကောင်း မိုးညှင်း မြို့နယ်များတွင် စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ် (၃) တပ်ရင်း အဝယ်ဒိုင်များ၊ မြစ်ကြီးနား ဝိုင်းမော်ဘက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ထောက်ပို့) ဌာန အဝယ်ဒိုင်များဖွင့်၍ နိုဝင်ဘာ လကုန်ပိုင်းကစ၍ ဝယ်ယူစုဆောင်းလျှက် ရှိသည်။ သို့...
- Get link
- X
- Other Apps
ဆရာတော်ကို ပြန်လွှတ်သော်လည်း ငွေကြာယံကို လုံခြုံရေး တင်းကျပ်ထား ဖနိဒါ Tuesday, 18 December 2007 22:01 - မြန်မာစံတော်ချိန် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှ ငွေကြာယံကျောင်းတိုက် ဆရာတော် ဦးရေဝတအား စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုအတွင်း ဖမ်းဆီးခဲ့ရာမှ ယခုလ ၁၄ ရက်နေ့တွင် သံဃာ ၉၆ ပါးနှင့်အတူ အာဏာပိုင်များက ပြန်လွှတ်ပေးသော်လည်း ကျောင်းတိုက်ကိုမူ လုံခြုံရေးများ ချထားကြောင်း သိရသည်။ ဆရာတော် ဦးရေဝတနှင့်အတူ စက်တင်ဘာ လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရသူများထဲမှ သံဃာတော် ၉၆ ပါးကို အာဏာပိုင်များက ပြန်လွှတ်ခဲ့ရာတွင် ငွေကြာယံမှ သံဃာ ၅၁ ပါးကို ကျောင်းတိုက်၌ ပြန်လည် သီတင်းသုံးခွင့် ပေးခဲ့သော်လည်း ကျောင်းတိုက်သို့ ဖူးမြော်လာသူများကို စွမ်းအားရှင်နှင့် ကြံ့ဖွံ့များက တင်းကျပ်စွာ စစ်ဆေးပြီးမှသာ ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်ခွင့်ပေးကြောင်း ဒေသခံများ ပြောဆိုသည်။ “လုံခြုံရေးကတော့ ကျောင်းထဲမှာ စွမ်းအားရှင်ရော၊ ကြံ့ဖွံ့တွေရော ၁၅ ယောက်လောက်တော့ ရှိတယ်။ အခုလောလောဆယ်က သွားပြီးတော့ ဖူးမယ်ဆိုရင် စစ်ဆေးပြီးမှ ဝင်သွားဖူးကြတယ်လေ။ ကျောင်းထဲမှာ တခြားဘု...
- Get link
- X
- Other Apps
အစာငတ်ခံ ဆန္ဒပြသူ ကိုထင်ကျော်ကို တရားစီရင်မည့် ရက်ရွှေ့ဆိုင်း မောင်ဒီး Tuesday, 18 December 2007 18:19 - မြန်မာစံတော်ချိန် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ဦးဆောင်ခဲ့ပြီး အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြလျှက်ရှိသူ မြန်မာပြည်တိုးတက်ရေး လိုလားသူများအဖွဲ့မှ ကိုထင်ကျော်ကို ပန်းပဲတန်းမြို့နယ် တရားရုံး၌ ယနေ့တွင် ရုံးထုတ် စစ်ဆေးမည်ဟု စီစဉ်ထားခဲ့သော်လည်း နေရာနှင့် ရက်ပြောင်းရွှေ့လိုက်သည်။ အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၁၈ ရက်ကြာပြီ ဖြစ်သည့် ကိုထင်ကျော်ကို အင်းစိန်ထောင်အတွင်း ဒီဇင်ဘာ ၂၆ ရက်နေ့တွင် တရားစီရင်မည် ဖြစ်သည်။ သူ့ကို ပန်းပဲတန်း ရဲစခန်းမှ ပုဒ်မ ၅ဝ၅ (ခ) လူထု အထိတ်တလန့် ဖြစ်စေမှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်ဟု တရားခံ အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်းက မဇ္ဈိမသို့ ပြောသည်။ စက်တင်ဘာလ လူထုလှုပ်ရှားမှုကြောင့် အင်းစိန်ထောင်အတွင်းသို့ ဖမ်းဆီး ထည့်သွင်းခံနေရသည့် ရဟန်းသံဃာများနှင့် ကျောင်းသားလူငယ်များကို လွှတ်ငြိမ်းခွင့်ပေးရန် နိုဝင်ဘာလ ၃ဝ ရက်မှ စတင်ကာ ကိုထင်ကျော်သည် အစာငတ်ခံ ဆန္ဒပြနေသည်။ “သူက အခု ထောင်ဆေးရုံမှာ။ အစာငတ်ခံ ဆန္ဒပြ...
- Get link
- X
- Other Apps
ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ထိုင်းဗိုလ်စွဲ သန်းထိုက်ဦး Friday, 14 December 2007 20:20 - မြန်မာစံတော်ချိန် အရှေ့တောင်အာရှ ဆီးဂိမ်းစ် အမျိုးသားဘောလုံး အားကစားပြိုင်ပွဲတွင် ထိုင်းအသင်းက မြန်မာအသင်းကို ၂ ဂိုး– ဂိုးမရှိဖြင့် အနိုင်ရကာ ရွှေတံဆိပ်ရရှိ ဗိုလ်စွဲသွားသည်။ ထိုင်းနိုင်ငံ နခွန်းရတ်ချဆီမား မြို့တွင် ယနေ့ညနေ၌ ယဉ်ပြိုင်သော အမျိုးသား ဘောလုံး ဗိုလ်လုပွဲတွင် ထိုင်းက ခြေအသာဖြင့် ကစားပြီး ပထမပိုင်းတွင်ပင် သွင်းယူခဲ့သော ဂိုး ၂ ဂိုးဖြင့် အနိုင်ရသွားခြင်း ဖြစ်သည်၊ ထိုင်းအသင်းအတွက် ဂိုးများကို ကျောနံပတ် ၁ဝ နှင့် ကျောနံပါတ် ၁၄ တို့က ၁၂ မိနစ်နှင့် ၃၇ မိနစ်များတွင် သွင်းယူခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ရှေးဦးစွာ အပိုင်ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း ဂိုးပေါက်မတဲ့ဘဲ လွဲချော်ခဲ့သည်။ မြန်မာနိုင်ငံက ယခု ၂၄ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ရွှေ ၁၄၊ ငွေ ၂၆ ခု နှင့် ကြေး ၄၃ ခု ရရှိထားသည်။ မြန်မာဒုက္ခသည်များကို UNHCR က HIV/AIDS သင်တန်းပေး ငြိမ်းချမ်း Frid...
- Get link
- X
- Other Apps
အစာငတ်ခံဆန္ဒပြသူ ကိုထင်ကျော် ပျောက်ဆုံးနေ မောင်ဒီး Thursday, 13 December 2007 20:05 - မြန်မာစံတော်ချိန် အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေသည့် ကိုထင်ကျော်ကို ပန်းပဲတန်း ရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားရာမှ ယခုအခါ ပျောက်ဆုံးနေ၍ ဆွေမျိုးများ စိတ်ပူပန်နေကြသည်။ အကျဉ်းကျခံ ရဟန်းသံဃာများနှင့် ကျောင်းသားများကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးရေးအတွက် နိုဝင်ဘာလ ၃ဝ ရက်နေ့မှ စတင်ကာ အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေသည့် ကိုထင်ကျော်ကို အကျဉ်းထောင်မှ ပန်းပဲတန်းမြို့နယ် ရဲစခန်း၏ အချုပ်သို့ ရွှေ့ပြောင်းလိုက်သည်ဟု သိရသဖြင့် လုပ်ဖော်ကိုင်ဘက်များက သွားရောက်စုံစမ်းရာတွင် အချုပ်တွင် မရှိဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။ “ပန်းပဲတန်း ရဲစခန်းကလည်း အချုပ်ထဲမှာ မရှိဘူး။ အင်းစိန် ပို့လိုက်ပြီတဲ့။ အင်းစိန်ကို သွားမေးကြည့်တော့လည်း မရှိဘူးဆိုတော့ ဘယ်နေရာမှာ ထားမှန်း ကျနော်တို့ မသိရဘူး။ အခုလာမယ့် ၁၈ ရက်နေ့က ရုံးချိန်းဆိုတော့ အဲဒီနေ့ကျမှပဲ သိရမယ်” ဟု လုပ်ဖော်ကိုင်ဘက် တဦးက မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့တွင် လောင်စာဆီနှင့် ကုန်စေ...
- Get link
- X
- Other Apps
စစ်တွေ သံဃာတော်များ စာမေးပွဲဖြေရန် ငြင်းဆို ငြိမ်းချမ်း Wednesday, 12 December 2007 19:37 - မြန်မာစံတော်ချိန် သာသနာရေး ၀န်ကြီးဌာနက လာမည့်နှစ် မတ်လတွင် ပြုလုပ်မည့် သံဃာ့ စာမေးပွဲအတွက် လျှောက်လွှာ တင်ခိုင်းထားသော်လည်း ရခိုင်ပြည်နယ် စစ်တွေရှိ သံဃာတော် အများစုက ၀င်ရောက်ဖြေဆိုရန် ငြင်းဆန်ထားကြသည်။ နိုင်ငံတ၀ှမ်း၌ စစ်အစိုးရမှ ကြီးမှူးကျင်းပမည့် ပထမငယ်၊ ပထမလတ်နှင့် ပထမကြီး စာမေးပွဲများ ဖြေဆိုရန်အတွက် ဗုဒ္ဓပါဠိ စာပေသင်ကြားနေသည့် သံဃာတော်များကို ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းကတည်းက လျှောက်လွှာတင်ခိုင်းသော်လည်း စစ်အစိုးရနှင့် မပတ်သက်လိုခြင်းနှင့် ဖမ်းဆီးခံရမည်ဆိုသော ကောလာဟလများကြောင့် လျှောက်လွာမတင်ကြခြင်း ဖြစ်သည်။ “အခုအချိန်ထိ စာမေးပွဲဖြေဆိုဖို့ များသောအားဖြင့် သံဃာတော်တွေက လျှောက်ထားတာ မတွေ့ရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက နိုင်ငံရေး အန်တုမှုတခု ဖြစ်သလို၊ စက်တင်ဘာလ ရွှေဝါရောင် လှုပ်ရှားမှုတုန်းက စစ်တပ်က ဆန္ဒပြ သံဃာတော်တွေကို ရိုက်ယူထားခဲ့တဲ့ ဓာတ်ပုံတွေနဲ့တကွ ဖမ်းဆီးမယ်လို့ ကြားနေရလို့လေ” ဟု အမည်မဖော်လိုသူ စစ်တွေမှ သံဃာတပါ...