Posts

Showing posts from November, 2007
ကထိန်သင်္ကန်း ကပ်လှူရန် မြင်းခြံ အာဏာပိုင်များ လုပ်ဆောင်နေ မဇ္ဈိမသတင်းဌာန Monday, 19 November 2007 18:12 - မြန်မာစံတော်ချိန် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံမြို့တွင် တန်ဆောင်မုန်းလ ကထိန်ပွဲ ကျင်းပရန် ကထိန်သင်္ကန်း မရရှိသေးသည့် ဘုန်းကြီးကျောင်းတိုက်များကို မယက မြို့နယ် အာဏာပိုင်များမှ ဦးဆောင်၍ ကထိန်ကျင်းပရန် အတွက် ကြိုးပမ်းနေကြောင်း သိရသည်။ တန်ဆောင်မုန်းလတိုင်းတွင် မြန်မာ ဗုဒ္ဓဘာသာဝင်များမှ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို သွားရောက် လှူတန်းပြီး ကထိန်ပွဲ ကျင်းပလေ့ ရှိရာတွင် ယခုနှစ်၌ ကထိန်ပွဲအတွက် လှူဖွယ်ပစ္စည်း မရရှိသေးသည့် ကျောင်းတိုက်များသို့ အာဏာပိုင်များက လိုက်လံမေးမြန်း၍ အလှူအတန်းပြုရန် စီစဉ်နေခြင်း ဖြစ်သည်။ “ဦးဇင်တို့ ကျောင်းကတော့ ပုဂ္ဂလိက ကထိန် ရပြီးသွားပြီ။ မရသေးတဲ့ ကျောင်းတွေကိုတော့ မယက က စာရင်း လိုက်တောင်းနေတယ် ကြားတယ်။ မရသေးတဲ့ ကျောင်းတွေကတော့ သူတို့ရဲ့ အလှူအတန်းကို လက်ခံမယ် ထင်ပါတယ်” ဟု မြင်းခြံမြို့ရှိ ကိုးဆောင်တိုက်မှ သံဃာတော်တပါးက မဇ္ဈိမကို မိန့်ကြားသ...
ကထိန်သင်္ကန်း ကပ်လှူရန် မြင်းခြံ အာဏာပိုင်များ လုပ်ဆောင်နေ မဇ္ဈိမသတင်းဌာန Monday, 19 November 2007 18:12 - မြန်မာစံတော်ချိန် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း မြင်းခြံမြို့တွင် တန်ဆောင်မုန်းလ ကထိန်ပွဲ ကျင်းပရန် ကထိန်သင်္ကန်း မရရှိသေးသည့် ဘုန်းကြီးကျောင်းတိုက်များကို မယက မြို့နယ် အာဏာပိုင်များမှ ဦးဆောင်၍ ကထိန်ကျင်းပရန် အတွက် ကြိုးပမ်းနေကြောင်း သိရသည်။ တန်ဆောင်မုန်းလတိုင်းတွင် မြန်မာ ဗုဒ္ဓဘာသာဝင်များမှ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို သွားရောက် လှူတန်းပြီး ကထိန်ပွဲ ကျင်းပလေ့ ရှိရာတွင် ယခုနှစ်၌ ကထိန်ပွဲအတွက် လှူဖွယ်ပစ္စည်း မရရှိသေးသည့် ကျောင်းတိုက်များသို့ အာဏာပိုင်များက လိုက်လံမေးမြန်း၍ အလှူအတန်းပြုရန် စီစဉ်နေခြင်း ဖြစ်သည်။ “ဦးဇင်တို့ ကျောင်းကတော့ ပုဂ္ဂလိက ကထိန် ရပြီးသွားပြီ။ မရသေးတဲ့ ကျောင်းတွေကိုတော့ မယက က စာရင်း လိုက်တောင်းနေတယ် ကြားတယ်။ မရသေးတဲ့ ကျောင်းတွေကတော့ သူတို့ရဲ့ အလှူအတန်းကို လက်ခံမယ် ထင်ပါတယ်” ဟု မြင်းခြံမြို့ရှိ ကိုးဆောင်တိုက်မှ သံဃာတော်တပါးက မဇ္ဈိမကို မိန့်ကြားသ...
မေဒေးနေ့ သွားသူများအမှု ဗဟိုတရားရုံးတွင် အယူခံဆက်ဝင်မည မဇ္ဈိမသတင်းဌာန Friday, 16 November 2007 19:23 - မြန်မာစံတော်ချိန် မေဒေးနေ့ အခမ်းအနား တက်ရောက်သဖြင့် ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသူ ၆ ဦးကို တိုင်းတရားရုံးသို့ အယူခံဝင်ရာတွင် ပယ်ချခံရပါက ဗဟိုတရားရုံးသို့ ဆက်လက် အယူခံဝင်မည်ဟု အကျိုးဆောင် ရှေ့နေက ပြောဆိုလိုက်သည်။ ယခုနှစ် ရန်ကုန်မြို့ အမေရိကန် စင်တာတွင် ကျင်းပသည့် အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သူများကို တသက်တကျွန်း ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းအပေါ် အယူခံဝင်မည် ဖြစ်သည်။ “တိုင်းတရားရုံး တွဲဘက်တရားသူကြီး ၁၂ ရုံးက လက်ခံတယ် ဆိုလို့ရှိရင် နှစ်ဘက် လျှောက်လဲချက် နိုင်ငံတော်နဲ့ အမှုတွဲတွေ လမ်းကြောင်းမယ် နှစ်ဘက် လျှောက်လဲချက်တွေ ပေးမယ်။ အဲဒါပြီးရင် ဆုံးဖြတ်ချက် ချမယ်ပေါ့။ သူတို့ (တိုင်းတရားရုံး) က လက်မခံဘူး ဆိုလို့ရှိရင်တော့ တရားရုံးချုပ်ကို ထပ်တက်မယ်” ဟု ဦးအောင်သိန်းက မဇ္ဈိမကို ပြောသည်။ ယမန်နေ့က တိုင်းတရားရုံးသို့ အယူခံရာတွင် ယနေ့တွင် လက်ခံရေး၊ လက်မခံရေး အမိန့်ချရန် ရုံးချိန်း ပေးခဲ့သော်လည်း တရားသူကြီးသည်...
ဒေါ်စု ကျေညာချက်ကို ဆန့်ကျင်ရန် နအဖ မှ ငြိမ်းများကို ဖိအားပေး မျိုးကြီး Friday, 16 November 2007 19:05 - မြန်မာစံတော်ချိန် ရှမ်းပြည် (မြောက်ပိုင်း)ရှိ အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကို ယဉ်ကျေးမှု ဝန်ကြီးက ယနေ့တွင် ခေါ်ယူတွေ့ဆုံကာ ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်ကို သဘောမတူကြောင်း လက်မှတ် ထိုးခိုင်းခဲ့သည်။ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်က ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDAK) တို့မှ ကိုယ်စားလှယ်များကို ဝန်ကြီးက မြစ်ကြီးနားသို့ ခေါ်ယူတွေ့ဆုံကာ လက်မှတ် ရေးထိုးခိုင်းခြင်း ဖြစ်သည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း ဝန်ကြီးက ဝ’ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) မှ ဦးလျောက်မီလျံနှင့် ဦးအောင်မြင့်၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA (N) မှ ဦးကိုင်ဖ၊ ကိုးကန့်အဖွဲ့မှ ဦးဖုန်ကျားဖူး၊ ကချင် ကာကွယ်ရေး တပ်မတော် (KDA) မှ ဦးမထုနော်တို့ကို လားရှိုးသို့ ခေါ်ယူတွေ့ဆုံခဲ့သည်။ ကချင်ကာကွယ်ရေး တပ်မတော် (KDA) မှ ဦးမထုနော်သာလျှင် ချက်ခြင်း လက်မှတ်ရေးထိုး ပေးခဲ့သော်လည်း ကျန်အဖွဲ့ ၃ ဖွဲ့က အဖွဲ့အတွင်း အစည်းအဝေးနှင့် ဆုံးဖြတ်ပြီးမှသာ အကြောင်းပြန်မည်ဟု ...
နိုင်ငံရေး အကျဉ်းသား ၆ ဦး အင်းစိန်ထောင်မှ ပြန်လွတ်လာ ကိုဒီး Thursday, 15 November 2007 19:39 - မြန်မာစံတော်ချိန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပီညဲရိုး မြန်မာပြည်မှ ပြန်လည် ထွက်ခွာသည့် ယနေ့တွင် အင်းစိန်ထောင်မှ အကျဉ်းသားပေါင်း ၇၅ ဦး ပြန်လည် လွတ်မြောက်လာရာတွင် နိုင်ငံရေး အကျဉ်းသား ၆ ဦး ပါဝင်သည်။ ယနေ့ နေ့လည်ပိုင်းက ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၆ ဦးမှာ ကိုထွန်းလင်းကျော် (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ မုံရွာ ဥပဒေကျောင်းသား ကိုသက်နောင်စိုး (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ ကျောက်တံတား မြို့နယ်မှ ကိုဖုန်းအောင် (မြို့တော်ခန်းမရှေ့ တကိုယ်တော် ဆန္ဒပြသူ)၊ မွန်ပြည်နယ် ကျိုက်ထိုမြို့မှ မရီရီဝင်း (ပြင်ပ မီဒီယာနဲ့ ဆက်သွယ်မှု)၊ ကိုသိန်းနိုင်ဦး (ဒလမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ)နှင့် စစ်တိုင်းတိုင်း မုံရွာမြို့မှ အမည်မသိရှိရသေးသူ တဦးတို့ ဖြစ်သည်။ “ဒီနေ့ ၁၁ နာရီခွဲလောက်ကပါ။ အားလုံး လွတ်တဲ့အထဲမှာ ယောက်ျားလေးက ၆ဝ၊ မိန်းကလေးက ၁၅ ယောက်။ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုလ...
မစ္စတာပီညဲရိုး ရောက်ရှိစဉ် ရန်ကုန်တွင် စစ်သားများ ရှင်းလင်းနေ မုံပီး Tuesday, 13 November 2007 20:04 - မြန်မာစံတော်ချိန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပေါ်လိုဆာဂျီယို ပီညဲရိုး ရန်ကုန်မြို့သို့ ရောက်ရှိရန် တရက်အလိုတွင် မြို့တွင်း၌ စစ်သားများ သိသာစွာ ကင်းရှင်းနေသည်ဟု ဒေသခံများက ပြောဆိုခဲ့သည်။ ရန်ကုန်မြို့တွင် စစ်သားများ မရှိစေရန်အတွက် နအဖ စစ်အစိုးရက သတိပေးထားကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောဆိုသည်။ မစ္စတာ ပီညဲရိုးက ရန်ကုန်သို့ တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ပြီး၊ စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်နိုင်ရန် အတွက် မျှော်လင့်နေသည်။ တနင်္လာနေ့က ဆန္ဒပြသူများကို ဖြိုခွင်း နှိမ်နင်းမှုများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရန်အတွက် အင်းစိန်ထောင်၊ ဘုန်းကြီးကျောင်း နှစ်ကျောင်းသို့ သွားရောက်ခဲ့ပြီး၊ အစိုးရ ရုံးဝန်ထမ်း အချို့နှင့်လည်း တွေ့ဆုံခဲ့သည်။ သူ ရောက်ရှိနေစဉ်အတွင်း ပုံမှန် အနေအထားအတိုင်း တည်ရှိနေသည့် ရန်ကုန်မြို့ အခြေအနေကို ပြသရန်အတွက် မြို့တွင်းထဲ၌ လုံခြုံရေးများကို ရှင်းလင်းစွာ ထားရှိရန်အတွက် အာဏာပ...
မစုစုနွေး အဖမ်းခံရသည့်သတင်းများ ပေါ်ထွက်နေ မဇ္ဈိမသတင်းဌာန Tuesday, 13 November 2007 19:18 - မြန်မာစံတော်ချိန် မတရားမှုကို ဖော်ထုတ်တိုက်ပွဲဝင်သူ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် မစုစုနွေးနှင့် လူငယ် ၂ ဦးတို့ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်အနီး အစိုးရ ဆန့်ကျင်ရေး ပိုစတာကပ်ရန် သွားရောက်စဉ် အာဏာပိုင်များက ဖမ်းဆီးသွားသည် ဟူသည့် သတင်းများ ပေါ်ထွက်နေသည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ မစုစုနွေး၏ မိခင်ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆက်သွယ် မေးမြန်းရာတွင် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်တို့လည်း အဲလို ကြားပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး ကျနော်တို့ အတည်ပြုလို့ မရနိုင်ပါဘူး။ ဘယ်သူဘယ်ဝါ အဖမ်းခံရတယ် ဆိုတာလည်း မသိရသေးပါဘူး” ဟု မဇ္ဈိမကို ပြောသည်။ ရန်ကုန်ရှိ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးကမူ မစုစုနွေးသည် ဖမ်းဆီးမခံရဘဲ ထွက်ပြေး လွတ်မြောက်သွားပြီး အတူပါရှိသူ ကျောင်းသား ၂ ဦးသာ အဖမ်းခံရခြင်း ဖြစ်သည်ဟု ကြားသိရကြောင်းနှင့် အဖမ်းအဆီးသည် ယမန်နေ့က ဖြစ်ပွားခဲ့ြေ...
ကုလအရာရှိများက အစိုးရ အကြမ်းဖက် နှိမ်နင်းမှုကို စတင်စုံစမ်း မဇ္ဈိမသတင်းဌာန Monday, 12 November 2007 21:40 - မြန်မာစံတော်ချိန် ဘုန်းကြီးကျောင်းတိုက် နှစ်ခုကို ယမန်နေ့က သွားရောက် လည်ပတ်လိုက်ခြင်းအားဖြင့် သူ၏ လေ့လာ စုံစမ်းမှုကို မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးသည် စတင်လိုက်ပြီ ဖြစ်သည်။ စက်တင်ဘာလအတွင်းက အစိုးရမှ အကြမ်းဖက် နှိမ်နင်းမှုကို သူသည် နိုင်ငံရေး အကျဉ်းသားများထံ သွားရောက် လည်ပတ်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးရန် မျှော်လင့်ထားသည်။ ယမန်နေ့က ရန်ကုန်သို့ ရောက်ရှိလာပြီးနောက် မစ္စတာ ပီညဲရိုးသည် ရန်ကုန်မြို့ရှိ မြရိပ်ညိုဟိုတယ်တွင် ဝင်ရောက် တည်းခိုခဲ့သည်။ ရန်ကုန်မြောက်ပိုင်း ပဲခူးမြို့ရှိ ကြခတ်ဝိုင်း ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ သူ၏ အချက်အလက် ရှာဖွေရေး ခရီးစဉ်ကို စတင်ခဲ့သည်။ ကျောင်းတိုက် ဆရာတော်ကို တွေ့ဆုံ လျှောက်ထားပြီးနောက် ရွှေတိဂုံဘုရားရှိ အရာရှိများနှင့် အစည်းအဝေး ပြုလုပ်ရန်အတွက် ရန်ကုန်သို့ ပြန်လာသည်ဟု ကုလကျေညာချက် တခုတွင် ပြောထားသည်။ ရွှေတိဂုံဘုရားသည် စက်တင်ဘာ အကြမ်းဖက် နှိမ်နင်းမှုတ...
အမေရိကန် သမတ ရုပ်ပုံကို ညီလာခံ ထောက်ခံပွဲတွင် မီးရှို့ မျိုးကြီး Monday, 12 November 2007 17:25 - မြန်မာစံတော်ချိန် ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ကျင်းပခဲ့သည့် နအဖ ညီလာခံ ထောက်ခံပွဲ၌ အမေရိကန် သမတ၏ ဓာတ်ပုံကို အာဏာပိုင်များက မီးရှို့ဖျက်ဆီးပြခဲ့ကြောင်း သိရသည်။ နမ့်ခမ်းမြို့ ရပ်ကွက် ၁၆ ခုနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၃၇ ရွာမှ မလိုက်မနေရ ဆင့်ခေါ်ထားသည့် လူအင်အား တသောင်းခန့်ရှိသော နအဖ ညီလာခံ ထောက်ခံပွဲ တရပ်တွင် ကြံ့ဖွံ့နှင့် ရဲတပ်ဖွဲ့ဝင်များက အမေရိကန် သမတ ဂျော့ဒဗလျူဘုရှ်၏ ရုပ်ပုံကားချပ်ကြီးကို ယနေ့ နံနက်ပိုင်းက မီးရှို့ ဖျက်ဆီးပြခဲ့ခြင်း ဖြစ်သည်။ “ပြည်သူတွေက အမေရိကန်ကို ဆန့်ကျင်နေကြတယ် ဆိုတာမျိုး ဖြစ်အောင် လုပ်တာပါ။ တကယ်က မီးရှို့တဲ့ သူတွေက အရပ်ဝတ်နဲ့ လိုက်လာတဲ့ ရဲတွေ။ ဒီလိုလုပ်ဖို့ အကြံပေးတာက ကြံ့ဖွတ်က ကျော်မြင့်၊ ပန်ဆေး ကျော်မြင့် မဟုတ်ဘူး” ဟု ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။ အမေရိကန်သမတ ဓာတ်ပုံကို မီးရှို့ဆန္ဒပြသည့် အစီအစဉ်ကို နမ့်ခမ်းမြို့ ကြံ့ဖွံ့ ခေါင်းဆောင်တဦး ဖြစ်သည့် ဖရန်စစ် ဟော်တည်ပိုင်ရှင် ဦး...
နအဖ နဲ့ ဆွေးနွေးရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်း ဆောင်ရွက်မည် မုံပီး Friday, 09 November 2007 17:15 - မြန်မာစံတော်ချိန် အတိုက်အခံ ခေါင်းဆောင် ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်က နအဖ စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန်နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် သူမနှင့် သူမ၏ ပါတီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ခေါင်းဆောင်များနှင့် ယနေ့ တွေ့ဆုံရာတွင် ဆုံးဖြတ်ထားကြောင်း ပြသလိုက်သည်။ ဤသည်မှာ ၃ နှစ်အတွင်း ပထမအကြိမ်အဖြစ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် ပါတီ ဗဟို အလုပ်အမှုဆောင် ခေါင်းဆောင် ၄ ဦးအနက် ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးလွင်က တွေ့ဆုံ ဆွေးနွေးပွဲကိစ္စ မဆုံးဖြတ်ခင် အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု ပြောသည်။ “သူ (ဒေါ်စု) က ပြောတယ် သူ့ဆုံးဖြတ်ချက်ဟာတဲ့ တိုင်းရင်းသား လူမျိုးတွေအတွက် စဉ်းစားချက်တွေအရ ဖြစ်ပါတယ်တဲ့ ဟု ဦးလွင်က ပြောသည်။ “သူက ပြောတယ် တိုင်းရင်းသား ခေါင်းဆောင်တွေက သူ့ကို ကိုယ်စားပြုဖို့ ပြောလာတယ်။ အဲဒါဆိုတော့ သူက တာဝန် ယူရတော့မယ်။ အဓိကကတော့ တိုင်းရင်းသားတွေပါပ...
ဗန်းမော် အန်အယ်ဒီ ဒုဥက္ကဌ ဦးဘမြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ မျိုးကြီး Saturday, 10 November 2007 18:26 - မြန်မာစံတော်ချိန် ရွှေဝါရောင် သံဃာလူထု အရေးတော်ပုံအတွင်း ဒေသ အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသူ ဗန်းမော်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ဒုဥက္ကဌ ဦးဘမြင့်ကို ယခုအခါ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပြီ ဖြစ်သည်။ ဗန်းမော်မြို့နယ် အန်အယ်ဒီ ဒုဥက္ကဌ ဦးဘမြင့်ကို တိုင်းပြည်တဝှမ်း သံဃာလူထု လှုပ်ရှားမှု အကြီးအကျယ် ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဒေသ အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားကာ ယခုအခါ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု ဗန်းမော် ရဲစခန်းမှ မိသားစုဝင်များကို ယနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ “တရားရုံးက ကျနော်တို့ကို သေသေချာချာ ပြောတာမျိုး မဟုတ်ပါဘူး။ သူ့အတွက် ရဲစခန်းမှာ ခေါက်ဆွဲ သွားပို့တော့ ရဲစခန်းက အရာရှိ တယောက်က ပြောလိုက်တာ။ ဦးဘမြင့် ရဲစခန်းမှာ မထားတော့ဘူး၊ ထောင်ကို ပို့လိုက်ပြီ၊ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်ပဲ ပြောတယ်ဗျာ။ ဘာကြောင့် အခုလို ထောင်ဒဏ် ချလိုက်တယ်၊ ဘယ်လို ပ...
Image
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖွယ်ရှိ ဦးမြင့်သိန်း (အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ) “လတ်တလော အနေအထားက ကောင်းပါတယ်။ အခြေအနေ ကောင်းမှာပါ။ မနေ့က အမ (အောင်ဆန်းစုကြည်) အနေအထား ကောင်းပါတယ်။ မလွတ်သေးပါဘူး။လွတ်ဖို့ နီးပါပြီ။ စိတ်စော နေကြတာပါ။ အခြေအနေ ကောင်းလာမှာပါ။” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်သိန်းက မဇ္ဈိမ သို့ ပြောပြသည်။ Saturday, 10 November 2007 15:00 - မြန်မာစံတော်ချိန် (သတင်းလွှင့်တင်ချိန်) ဒီချုပ်ဗဟို၊ ဆက်ဆံရေး ဝန်ကြီးတို့နှင့် ဒေါ်စု တွေ့ဆုံ မဇ္ဈိမသတင်းဌာန Friday, 09 November 2007 19:37 - မြန်မာစံတော်ချိန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ခေါင်းဆောင်များနှင့်၎င်း၊ စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီးနှင့်၎င်း ယနေ့ တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရပ်ကွက် အများအပြားကအတည်ပြု ပြောကြားပါသည်။ စစ်အစိုးရ အကြီးအကဲ ဦးသန်းရွှေနှင့် ထိမ်းသိမ်းခံ နိုဘယ်ဆုရှင် ဒေါ်စုတို့အကြား ဆက်ဆံရေး ဝန်ကြီးအဖြစ် ဆောင်ရွက်နေသူ ဦးအောင်ကြည်သည် မနက်ဖြန်တွင် ဒေါ်အေ...
စရဖ အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်နှင့် တရုတ်နယ်စပ် အပစ်ရပ်အဖွဲ့များ တွေ့ဆုံ မျိုးကြီး Thursday, 08 November 2007 20:06 - မြန်မာစံတော်ချိန် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) အရာရှိချုပ် ဗိုလ်ချုပ် ရဲမြင့် ဦးဆောင်သည့် အဖွဲ့သည် တရုတ်-မြန်မာ နယ်စပ်တကျောရှိ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် လွန်ခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ တွေ့ဆုံ ဆွေးနွေးမှု့များ ပြုလုပ်နေခဲ့ကြောင်း သိရသည်။ အပစ်အခတ်ရပ် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးရန် အတွက် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွေမှ အထူး ကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့်လ ၂၄ ရက်နေ့မှ စတင်၍ ယခုလဆန်း ၃ ရက်နေ့အထိ ရှမ်းပြည်နယ် ကျိုင်းတုံ၊ လားရှိုးနှင့် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု သိရခြင်း ဖြစ်သည်။ ဗိုလ်ချုပ် ရဲမြင့်သည် အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည် (အရှေ့ပိုင်း) ကျိုင်းတုံတွင် UWSA ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် ညနေပိုင်းတွင် မ...