Posts

Showing posts from October, 2007
ကြားဖြတ်သတင်း ဘိန်းဘုရင် ခွန်ဆာသေပြီ အာရှတလွှား အမည်ဆိုးဖြင့် ကျော်ကြားသူ တဦးဖြစ်သော ဘိန်းဘရင် ခွန်ဆာသည် ရန်ကုန်မြို့တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။ အသက် ၇၄ နှစ်အရွယ် ဘိန်းဘုရင်သည် သွေးတိုးရောဂါ ခံစားနေခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သူသည် နှစ်ပေါင်း ၃၀ ကျော်ကြာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားပြီး အစိုးရကို တော်လှန် ပုန်ကန်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သွားခဲ့သည်။ အမေရိကန်နိုင်ငံက အလိုရှိနေကာ ဖမ်းမိလျှင် ဆုငွေ နှစ်သန်းပေးမည်ဟု ထုတ်ပြန်ထားခံရသော်လည်း မြန်မာ စစ်အစိုးရ၏ အကာအကွယ်ဖြင့် ရန်ကုန်တွင် ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့သည်။
ဟာသဝိဇ္ဇာ ဇာဂနာ ခေါ်ယူစစ်ဆေးခံရ မဇ္ဈိမသတင်းဌာန Tuesday, 30 October 2007 15:07 - မြန်မာစံတော်ချိန် အာဏာပိုင်များ၏ လုပ်ရပ်များအပေါ် ဟာသဉာဏ်ဖြင့် ထောက်ပြ ပြောဆိုလေ့ ရှိသူ နာမည်ကျော် ဟာသဝိဇ္ဇာ ဇာဂနာ ခေါ် ကိုသူရ ကို အထူးရဲတပ်ဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် ခေါ်ဆောင်သွားကာ ယနေ့ နံနက်ပိုင်းတွင် ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ရွှေဝါရောင် သံဃာလူထု လှုပ်ရှားမှုအတွင်း ဆန္ဒပြ သံဃာတော်များကို ဇာဂနာနှင့် စာပေ၊ ရုပ်ရှင် အနုပညာရှင်များက ဆွမ်းရေချမ်း ကပ်လှူသဖြင့် အင်းစိန် ထောင်ထဲတွင် ရက်ပေါင်း ၂ဝ ကျော် အထိန်းသိမ်း ခံခဲ့ရပြီး ယခုတဖန် အာဏာပိုင်များက နေအိမ်မှ တညတာ ခေါ်ဆောင်သွားကာ မေးမြန်းပြီးနောက် ပြန်ပို့ပေးလိုက်ခြင်း ဖြစ်သည်။ “ဦးသူရက အဖမ်းခံရတာ မဟုတ်ပါဘူး။ သူတို့ မေးစရာ ရှိတာလေးတွေ မေးပြီးတော့မှပဲ အိမ်ပြန် ရောက်လာတာမို့ ဒါက သတင်းလည်း မဟုတ်ပါဘူး။ ပြန်ရောက်တာတော့ ပြန်ရောက်နေပါပြီ။ ဘယ်နှစ်နာရီက ပြန်ရောက်တယ်ဆိုတာ ကျမတို့ မပြောနိုင်ပါဘူး။ သူ အခု အေးအေးဆေးဆေး အနားယူနေပါတယ်” ဟု မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ပြော...
Image
ရွှေဝါရောင်တိုက်ပွဲတွင် ပါဝင်သူ ရခိုင် သံဃာတော်နှစ်ပါး ဘင်္ဂလားဒေ့ရှ်ရောက် အင်တာဗျူး မဇ္ဈိမသတင်းဌာန Monday, 29 October 2007 21:28 - မြန်မာစံတော်ချိန် ရွှေဝါရောင် တော်လှန်ရေးအတွင်း ပါဝင် လှုပ်ရှားခဲ့သူ ရခိုင်သံဃာတော် နှစ်ပါးသည် စစ်အာဏာပိုင်များ၏ လိုက်လံ ဖမ်းဆီးခြင်းမှ လွတ်ကင်းစေရန်အတွက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ ခက်ခဲစွာ ထွက်ပြေးခဲ့ပြီးနောက် ယနေ့တွင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်နိုင်ခဲ့သည်။ ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရတနာလမ်းမှနေ၍ ရာဇဂြိုလ် စာသင်တိုက်တွင် အလိုတော်ပြည့် ဓမ္မစာရိယ တက္ကသိုလ်၌ ပညာသင်ကြားနေရင်း ရန်ကုန်မှ ရွှေဝါရောင်ဆန္ဒပြပွဲတွင် ၅ ရက်တိုင် ပါဝင်ခဲ့သည့် ဦးအိန္ဒ ပညာ (သက်တော် ၂၆ နှစ်) နှင့် ဦးမာဂိန္ဒ (သက်တော် ၂၁ နှစ်) တို့အနက် ဦးအိန္ဒပညာကို ဆက်သွယ် မေးမြန်းထား သည်များကို တင်ပြလိုက်ပါသည်။ မေး။ ။ဦးဇင်းတို့ ဘယ်နေ့တုန်းက ထွက်ခဲ့တာလဲဘုရား။ ဖြေ။ ။အောက်တိုဘာလ ၁၁ ရက်နေ့က ရန်ကုန်က ထွက်လာတာ။ လမ်းမှာ နည်းနည်းတော့ ဦးဇင်းတို့ကို စစ်တာ ပေါ့။ ဒါပေမဲ့ လျောလျောရှူရှူတော...
ရွှေတိဂုံဘုရားတွင် အဝါရောင်ဆုတောင်းပွဲပြုလုပ် ရန်ကုန်တွင် ဆန္ဒပြမှုများ ပြုလုပ်မည် ဆိုသော သတင်းများထွက်ပေါ် မဇ္ဈိမ သတင်းဌာန အောက်တိုဘာလ ၂၆ ရက်၊ ၂၀၀၇ ခုနှစ်။ ရွှေတိဂုံဘုရားတွင် အဝါရောင်ဆုတောင်းပွဲပြုလုပ် ညနေပိုင်း ၅း၄၅ (ရန်ကုန်စံတော်ချိန်) “လောလောဆယ် ရွှေတိဂုံ ဘုရားပေါ်မှာ အကျီ အဝါရောင် ဝတ်ထားတဲ့ လူတွေကတော့ ဖယောင်းတိုင် အဝါရောင်တွေနဲ့ မီးပူဇော်ကြတယ်၊ ပန်းတွေလည်း အဝါရောင်တွေ ကပ်တာတွေ တွေ့တယ်။ အားလုံး စုပေါင်းပြီးတော့ လုပ်တာတော့ မဟုတ်ဘူး။ ရောက်တဲ့လူတွေ သူဟာသူ လုပ်နေကြတာပါ။ အင်္ကျီ အဝါရောင် ဝတ်ထားတဲ့ လူတွေ စုပေါင်းမိတာတော့ မတွေ့ရသေးဘူး။ တယောက်စ၊ နှစ်ယောက်စ ပေါ့ဗျာ။ ပြီးတော့ အင်္ကျီအဝါရောင် ဝတ်ထားတဲ့ လူတွေက ဘုရားပေါ်တက်လိုက်၊ ဘုရားကို ပတ်နေလိုက်နဲ့ ဟိုသွားဒီသွား လုပ်နေကြတော့ လူဦးရေကို ရေလို့ မရဘူး။ ပြန့်ကျဲနေတာ။ ဘုရားရဲ့ မုခ်ဝတွေ အားလုံးမှာတော့ လည်ပတ်နီတွေနဲ့ ကွန်မန်ဒိုတွေပေါ့ လက်နက်ကတော့ ၁၆ တွေ ကိုင်ထားတာ တွေ့တယ်။ လုံခြုံရေး ကတော့ ညနေထိ တင်းကျပ် နေတုန်းပါဘဲ။ မီးသတ်ကား အသေးလေး တစီးတော့ ရှိနေတုန်းဘဲ။ ညကျရင်တော့ ဝတ်ပြုဆုတောင်း လုပ်မယ်လို့တော့ အင်္ကျီအဝါဝတ် တယောက်ကတော့ ပြောတယ်။ ဒီနေ့က သီတင်းကျွတ် လြ...
Image
အဲယားပုဂံ စင်္ကာပူခရီးစဉ် ရပ်ဆိုင်းတော့မည် မဇ္ဈိမသတင်းဌာန အောက်တိုဘာ ၂၅ ရက်၊ ၂ဝဝ၇ ခုနှစ် စစ်ခေါင်းဆောင်နှင့် ရင်းနှီး ကျွမ်းဝင်သော လုပ်ငန်းရှင် ဦးတေဇပိုင် Air Bagan ၏ ရန်ကုန်- စင်္ကာပူ ခရီးစဉ်ကို နိုဝင်ဘာလ ၄ ရက်နေ့ အထိသာ နောက်ဆုံးထား ပြေးဆွဲတော့မည်။ မဇ္ဈိမက လက်ခံ ရရှိထားသော လေကြောင်းလိုင်း ဈေးကွက် မန်နေဂျာ၏ စာတစောင်တွင် အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် စင်္ကာပူရှိ ဘဏ်များက “တို့တတွေနဲ့ အဆက်အဆံ မလုပ်တော့ဘူးလို့” ဟု ဖော်ပြ ပါရှိသည်။ “နောက်လ အနည်းငယ်တိုင် အခက်အခဲကြီးတွေ ကြုံတွေ့နေရမှာ ဖြစ်တဲ့အတွက် စင်္ကာပူ ခရီးစဉ်တွေကို ခေတ္တ ရပ်နားထားမယ်” ဟုလည်း ပါရှိသည်။ အဲပုံဂံ ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက “သေချာပါတယ် ခေတ္တ ယာယီပါ။ နိုဝင်ဘာလ ၄ ရက်နေ့မှ စပြီး ရပ်လိုက်မှာပါ။ လက်မှတ်တွေ ဖြတ်ထားတဲ့ ခရီးသည်တွေကိုလည်း အဆင်ပြေအောင် စီစဉ်ပေးမှာပါ။ ဘယ်အချိန်မှာ ပြန်ပြီး ဖွင့်မယ်ဆိုတာ မသိရသေးပါဘူး။ ကြာမယ် မကြာဘူးဆိုတာလည်း ကျမတို့ မသိသေးပါဘူး။ ဘာကြောင့်ဆိုတာ အထက်လူကြီးတွေက ပြောပြမထားပါဘူးရှင်” ဟု ပြောသည်။ အခြား အဲပုဂံလေကြောင်းလိုင်း၏ ခရီးစဉ်များကိုမူ ဆက်လက် ပြေးဆွဲသွားမည် ဆိုသည်။ “ဘာကြောင့်လည်း...
Image
"Burmese Canadian Walk under the Rain for Free Burma" More>>
မစ္စတာ ဂမ်ဘာရီ အိန္ဒိယကို တနင်္ဂနွေမှာ ရောက်မည် မုံပီး (မဇ္ဈိမသတင်းဌာန) အောက်တိုဘာလ ၁၉ ရက်၊ ၂ဝဝ၇ ခုနှစ်။ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ သည် အိန္ဒိယအရာရှိများနှင့် မြန်မာ့အရေး ဆွေးနွေးပွဲများ ကျင်းပရန်အတွက် လာမည့် တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ရောက်ရှိလာမည် ဖြစ်သည်ဟု ကုလအရာရှိတဦးက ပြောသည်။ “လာမယ့် တနင်္ဂနွေ (အောက်တိုဘာလ ၂၂ ရက်) မှာ မစ္စတာ ဂမ်ဘာရီ နယူးဒေလီကို ရောက်လာပါလိမ့်မယ်။ တနင်္လာနဲ့ အင်္ဂါမှာတော့ အိန္ဒိယ နိုင်ငံခြားရေးရာ ဌာနက အရာရှိတွေနဲ့ ဆွေးနွေးပွဲ ရှိပါတယ်” ဟု နယူးဒေလီ အခြေစိုက် ကုလသမဂ္ဂ သတင်းဌာနမှ အရာရှိတဦးက ပြောသည်။ နိုင်ဂျီရီးယမ်း သံတမန်၏ ဆွေးနွေးပွဲ အစီအစဉ် အသေးစိတ်ကိုမူ သိရှိနိုင်ခြင်း မရှိသော်လည်း မစ္စတာ ဂမ်ဘာရီ အနေဖြင့် နိုင်ငံခြားရေးရာ ဝန်ကြီး ပရာနက်ဘ် မူခါဂျီနှင့် နိုင်ငံခြားရေး ဌာနမှ အခြား အရာရှိများကို တွေ့ဆုံဖွယ် ရှိသည်ဟု သိရသည်။ မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အဓိကကျသည့် အာရှနိုင်ငံ ၆ နိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် ခရီးစဉ်ကို ပြုလုပ်နေခြင်းဖြစ်ကာ မလေးရှားနှင့် ထိုင်းနိုင်ငံအပြီး အင်ဒိုနီးရှား နို...

မြစ်ဆုံရေကာကြောင့် ရွာ ၅ဝ ခန့် ရေမြုပ်မည်ဟု ကချင်အဖွဲ့က ပြောဆို

သန်းထိုက်ဦး | တနင်္လာနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၀၇ ခုနှစ် ၁၈ နာရီ ၂၁ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။       ။ ကချင်ပြည်နယ် ဧရာဝတီမြစ်၏ အထက်ပိုင်း မြစ်ဆုံတွင် ရေကာတာ တည်ဆောက်မည် ဆိုလျှင် ဒေသတွင်း နေထိုင်သူများနှင့် မြို့နယ်ကျေးရွာ ၅ဝ နီးပါးခန့် ရေလွှမ်းမိုးသွားနိုင်သည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တခုက ပြောဆိုလိုက်သည်။ မေခနှင့် မလိခ မြစ်ဆုံရာ အောက်ဘက် ၃ ကီလိုမီတာခန့်တွင် တည်ဆောက်မည့် ရေကာတာကြောင့် ဒေသတွင်းရှိ ကျေးရွာများ ရေလွှမ်းမိုး ပျောက်ကွယ်သွားမည် ဖြစ်ကြောင်းနှင့် လူတသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားမည်ဟု ယနေ့တွင် ထုတ်ပြန်လိုက်သည့် ထိုင်းနိုင်ငံ အခြေစိုက် ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ကရက်အဖွဲ့၏ “ဧရာဝတီမြစ် ပိတ်ဆို့ရေကာတာ တည်ဆောက်ခြင်း” အမည်ရှိ အစီရင်ခံစာတွင် ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။ “ကျနော်တို့ သုတေသန လုပ်ထားချက်အရ ဆိုလို့ရှိရင် အဲဒီ ဧရာဝတီရဲ့ မြစ်ဆုံ အထက်ပိုင်းပေါ့နော်၊ ၇၆၆ စကွဲယား ကီလိုမီတာဟာ ဆိုလို့ရှိရင် ရေလွှမ်းမိုးမှု ဧရိယာ ဖြစ်သွားပြီးတော့ အဲဒီထဲမှာ နေထိုင်ကြတဲ့ ကျေးရွာနဲ့ မြို့ပေါင်း ၄၇ ခုဟာ ရေထဲမှာ လုံးလုံးကို ပျောက်ကွယ်သွားမှာ ဖြစ်ပါတ...
လည်ပတ်နီဝတ် ခွေးများကို လိုက်လံဖမ်းဆီး ကိုဇာဂနာ ပြန်လွှတ်လာပြီ တရုတ်များကို အကာအကွယ် ပေးပါတဲ့ မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။ အောက်တိုဘာလ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။ လည်ပတ်နီဝတ် ခွေးများကို လိုက်လံဖမ်းဆီး ရန်ကုန်မြို့တွင် လည်ပတ်အနီ ပတ်ထားသော ခွေးများကို ကြံ့ခိုင်ဖွံ့ဖြိုးရေးများက ယမန်နေ့က လိုက်လံ ဖမ်းဆီးလျှက် ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံ ချိတ်ဆွဲထားသော ခွေးများကို လိုက်လံ ဖမ်းဆီးမှု ပြုပြီးနောက် လည်ပတ်နီဝတ် ခွေးများအလှည့် ကျရောက်လာခြင်း ဖြစ်သည်။ စက်တင်ဘာလ အတွင်းက ဆန္ဒပြ သံဃာတော်များကို လည်ပတ်နီ ဝတ်ဆင်သော စစ်တပ်နှင့် လုံထိန်းများက ရက်စက်စွာ နှိမ်နင်းမှု ပြုခဲ့သည်ကို လှောင်ပြောင်သောအားဖြင့် လူတချို့က ခွေးများကို လည်ပတ်နီ ပတ်ပေးခြင်း ဖြစ်မည်ဟု ဒေသခံများက ပြောသည်။ ကိုဇာဂနာ ပြန်လွှတ်လာပြီ စစ်အာဏာရှင်များကြောင့် အဆီအငေါ် မတည့်ဖြစ်ရပ်များကို ပြက်လုံးဖြင့် သရော်လေ့ရှိသည့် နာမည်ကျော် ဟာသမင်းသားနှင့် ဒါရိုက်တာ ဇာဂနာသည် ရက်သတ္တပတ် သုံးပတ်ကြာ ထိန်းသိမ်းခံထားရပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။ ----------------------------------------...
တရုတ်နယ်စပ် ဘုန်းကြီးကျောင်းများကို ရဲက ပိုက်စိတ်တိုက် မျိုးကြီး (မဇ္ဈိမသတင်းဌာန) အောက်တိုဘာလ ၁၈ ရက်၊ ၂ဝဝ၇ ခုနှစ်။ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ် ဒေသများရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို ပြီးခဲ့သည့် အဂါင်္နေ့မှ စတင်၍ ရဲများက ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေသည်။ ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ ဘုန်းကြီးကျောင်းများအပြင် တောင်ပေါ် ရှမ်းတိုင်းရင်းသား ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများကိုပါ ယခုလ ၁၆ ရက်နေ့မှ စတင်ကာ ဝင်ရောက် စစ်ဆေးခြင်း၊ သန်းခေါင်စာရင်း ကောက်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။ “အခြေအနေကတော့ မကောင်းသေးပါဘူး။ ဒီဘက်မှာ ကျောင်းတွေကို စစ်ဆေးတာ ၃ ကြိမ်ရှိပြီ။ အခု အရင်နေ့ကတော့ ပိုက်စိပ်တိုက် ရှာတဲ့ သဘောမျိုး ပေါက်တာပေါ့” ဟု လွယ်ဂျယ်မြို့ ကျောင်းထိုင် ဆရာတော် တပါးက မဇ္ဈိမကို မိန့်ကြားသည်။ မြန်မာနိုင်ငံအနှံ့ စက်တင်ဘာ ၁၈ ရက်မှ စတင်ခဲ့သည့် သံဃာတော်များ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နင်းပြီးနောက် တရုတ်နယ်စပ်ရှိ ဘုန်းကြီးကျောင်းများကိုလည်း ရှာဖွေ စစ်ဆေးမှုများ စတင်ခဲ့သည်။ “အရင်အဖွဲ့တွေတုန်းကတော့ မြို့နားနီးတဲ့ ကျောင်းတွေလောက်ပဲ ဝင်တ...
ဟာသမင်းသားနဲ့ ဒါရိုက်တာ ဇာဂနာ ပြန်လည်လွတ်မြောက် မဇ္ဈိမသတင်းဌာန အောက်တိုဘာလ ၁၈ ရက်၊ ၂ဝဝ၇ ခုနှစ်။ စစ်အာဏာရှင်များကြောင့် အဆီအငေါ် မတည့်ဖြစ်ရပ်များကို ပြက်လုံးဖြင့် သရော်လေ့ရှိသည့် နာမည်ကျော် ဟာသမင်းသားနှင့် ဒါရိုက်တာ ဇာဂနာသည် ရက်သတ္တပတ် သုံးပတ်ကြာ ထိန်းသိမ်းခံထားရပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။ ပြီးခဲ့သည့်လ ၂၄ ရက်နေ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် စစ်အာဏာရှင်များအပေါ် ပတ္တနိကုဇ္ဇန ကံဆောင်သပိတ် ဆင်နွှဲနေသည့် သံဃာတော်များကို ဆွမ်းနှင့် ရေကပ်လှူရာတွင် ပါဝင် ပူးပေါင်းခဲ့ပြီး နောက်တရက်တွင် ကိုဇာဂနာကို ရန်ကုန်မြို့ မြေနီကုန်းရှိ နေအိမ်သို့ အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့သည်။ “ကျန်းမာရေးကတော့ သူ့မှာက နဂိုလ်ကတည်းက သွေးတိုးရှိတယ် ဆိုတော့ အထဲမှာ အနေမမှန်၊ အစားမမှန် ဆိုတော့ ရောဂါ ပြန်ထလာတဲ့ သဘောပါ။ သူ နားပါစေဆိုပြီး သိပ်မပြောဖြစ်လိုက်ဘူး။ သေသေချာချာ စကား မပြောရသေးပါဘူး။ သူ့ဖုန်းကတော့ ဆက်မရသေးဘူးဗျ။ ကျန်ရစ်ခဲ့တယ်တဲ့။ မကြာခင် လာပေးမယ်လို့ ပြောလိုက်တယ်တဲ့။ အခု လောလောဆယ် မြေနီကုန်းက သူ့အိမ်မှာပဲ ရှိပါတယ်” ဟု ကိုဇာဂနာ၏ သူငယ်ချင်းဖြစ်သူ ဟာသ သရုပ်ဆောင် ကိုပို...
ညီလာခံထောက်ခံပွဲကို တမူးမြို့တွင် မဖြစ်မနေကျင်းပ မဇ္ဈိမသတင်းဌာန အောက်တိုဘာလ ၁၇ ရက်၊ ၂ဝဝ၇ ခုနှစ်။ စစ်ကိုင်းတိုင်း တမူးမြို့ရှိ ဒေသ အာဏာပိုင်များက ဒေသခံ ပြည်သူများကို တအိမ်ထောင်လျှင် လူတဦးနှုန်း မလာမနေရ စနစ်ဖြင့် အမျိုးသားညီလာခံ ထောက်ခံပွဲတရပ်ကို ယနေ့မနက်ပိုင်းက ကျင်းပသွားခဲ့သည်။ တမူးမြို့နယ် အားကစားကွင်းတွင် ယနေ့မနက်က ကျင်းပသည့် ထောက်ခံပွဲသို့ တအိမ်ထောင်လျှင် တဦးမတက်မနေရ အာဏာပိုင်များက အမိန့်ပေး အကြောင်းကြားထားသဖြင့် ခမ်းပတ် မြို့နယ်ခွဲ၊ ကနန် ကျေးရွာတို့မှ ပြည်သူများနှင့် အစိုးရ ဝန်ထမ်းများ တက်ရောက်ခဲ့ကြရပြီး အမျိုးသား ညီလာခံ ထောက်ခံပွဲကို ထောက်ခံကြောင်း မြို့တွင်း တပတ်လှည့်လည်ကာ ကြွေးကြော်သံများ ဆိုခဲ့ကြခြင်းဖြစ်သည်။ “မနက် ၇ နာရီလောက်ကစတာ၊ အများစုလိုက်တာကတော့ ကျေးရွာတွေကပါဘဲ။ ပြည်သူဆန္ဒ ထုတ်ဖော်ပွဲပါ။ မြို့တွင်းကိုပတ်ပြီး ကြွေးကြော်သံတွေ ကြွေးကြော်ကြတယ်” ဟု တမူးမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။ လူထုဆန္ဒ ထုတ်ဖော်ပွဲကို တက်ရောက်ရန် လွန်ခဲ့သည့် ၂ ရက်ကတည်းက အာဏာပိုင်များဘက်မှ တအိမ်ထောင်လျှင် တဦးနှုန်း မတက်မနေရ စနစ်ဖြင့် လက်မှတ် ရေးထိုးခို...
အမေရိကန် သမတကတော်နှင့် ကမ္ဘာ့ရေးရာ မြန်မာ့အရေးကို ပြောဆိုခြင်းဖြင့် လော်ရာဘွတ် (ရှ်) နိုင်ငံတကာ အရေးတွင် ပါဝင်ပြောဆို အောက်တိုဘာလ ၁၇ ရက်၊ ၂ဝဝ၇ ခုနှစ်။ ကရောဖို့ (ဒ)၊ တက်ကဆပ် (အောက်တိုဘာ ၁၄ ရက်) တက� ဆပ်မှ ကျယ်ပြန့်သော မြေပြန့် ကွင်းပြင်ကျယ်နှင့် မြန်မာပြည်မှ ထူထပ် သိပ်သည်းသော သစ်တောကြီးများမှာ နေရာချင်း လွန်စွာ ဝေးကွာပါသည်။ ဝက်ကို မြို့မှာ သွေးထွက်သံယို ဖြစ်ပြီး ရဲက နှိမ်နင်းမှုများနှင့် ဖိနပ် မပါသော မြန်မာပြည်မှ သံဃာတော်များ သတ်ဖြတ် ခံရခြင်းတို့မှာလည်း ဆက်စပ်မှုမရှိ အလွန် ဝေးကွာပါသည်။ သို့သော်လည်း ဝေးကွာလှစွာသော အရပ်မှ ရက်စက်သော နှိပ်ကွပ်မှုများကြောင့် တခါက စာကြည့်တိုက်မှူး လုပ်ခဲ့ဖူးသော သမတ ကတော်၏ ပြောဆိုချက်များသည် အမေရိကန် နိုင်ငံ၏ နိုင်ငံခြားဝါဒ ထိပ်တန်း ပေါ်လစီအဖြစ် တွေ့လာခဲ့ကြရပါသည်။ သြဂုတ်လအတွင်း မိသားစုပိုင် လယ်တောတွင် အနားယူရင်း အိမ်ဖြူတော် ဝန်ထမ်းတို့က ပို့ပေးသော မြန်မာပြည်မှ ဆန္ဒပြမှုနှင့် အဖမ်းအဆီး သတင်းများကို ကြည့်၍ သမတကတော်မှာ များစွာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါသည်။ ဘယ်မျှ စိတ်ထိခိုက်ခဲ့ရသနည်း ဆိုသော် ဝါရှင်တန်ကို ပြန်ရောက်သည်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချု...
အာဏာပိုင်များ၏ လှူဖွယ်ဝတ္ထုများကို သံဃာတော်များမှ ဥပေက္ခာပြု၍ လက်ခံနေရ မဇ္ဈိမသတင်းဌာန အောက်တိုဘာလ ၁၆ ရက်၊ ၂ဝဝ၇ ခုနှစ်။ မြန်မာအာဏာပိုင်များသည် ပြီးခဲ့သည့် ဆန္ဒပြပွဲများ အတွင်းတွင် သံဃာထုအပေါ် အကြမ်းဖက် နှိမ်နင်းခဲ့ပြီး ယနေ့တွင် ဘုန်းကြီးကျောင်းတိုက်များတွင် လှူဖွယ်ပစ္စည်းများ လှူဒါန်းနေသည်ကို သံဃာတော်များ အနေဖြင့် အားလုံးကို ဥပေက္ခာပြု၍ လက်ခံနေရသည်ဟု သိရသည်။ ယနေ့ထုတ် နအဖ စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် သင်္ကန်းကျွန်း မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် စာသင်တိုက်များ၊ လမ်းမတော် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး စာသင်တိုက် ၆၆ တိုက်နှင့် အစိုးရရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားခရိုင်ရှိ စာသင်တိုက်များတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် ပြည်သူများနှင့်အတူ� ဆွမ်း၊ ဆန်တော်၊ ဆီ၊ ဆား၊ ဆေးများကို လှူဒါန်းမှုများ ပါရှိပြီးနောက် မဇ္ဈိမမှ ဆက်သွယ် မေးမြန်းရာတွင် သံဃာတော်များမှ ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။ ရန်ကုန်မြို့ရှိ သရက်တော ကျောင်းတိုက်မှ ဆရာတော်တပါးက “ဘုန်းကြီးတွေဆိုတာ လှူတာရှိမှ စားရတာပါ၊ လှူတော့လည်း အလှူခံရစမြဲပါပဲ၊ အလှူခံ ပုဂ္ဂိုလ်ကိုး။ ပါရမီ ၁ဝ ပါး ရှိတာပဲ။ သူတိ...
ဒီမိုကရေစီရေး လှုပ်ရှားသူ သက်ကြီးရွယ်အို တဦးကို အာဏာပိုင်တွေ လိုက်ရှာနေ မဇ္ဈိမသတင်းဌာန အောက်တိုဘာလ ၁ဝ ရက်၊ ၂ဝဝ၇ ခုနှစ်။ ဆန္ဒပြပွဲများအတွင်း ပါဝင်ခဲ့သူ အသက် ၈ဝ နီးပါးအရွယ်ရှိ မြင်းခြံဒေသခံ တဦးကို စစ်အာဏာပိုင်များက လိုက်လံ ရှာဖွေနေရာမှ ယခုအခါ ပျောက်ဆုံးနေသည်ဟု သိရသည်။ မကြာသေးခင်က ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ အတွင်း ပါဝင်ခဲ့သူ မန္တလေးတိုင်း မြင်းခြံမြို့ရှိ ဦးမျိုးချစ် (၇၇ နှစ်) ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က အာဏာပိုင်များမှ အိမ်တိုင်ရာရောက် လာရောက် ဖမ်းဆီးရာတွင် အဖမ်းမခံဘဲ ထွက်ပြေး တိမ်းရှောင်နေရာမှ ယခုအခါ ပျောက်ဆုံးနေခြင်း ဖြစ်သည်။ “ထရပ်ကားနှစ်စီးနဲ့ စစ်သား ၆ဝ လောက် သူ့အိမ်ကို လာတယ်လေ။ သူ့ကို ဖမ်းဖို့အတွက် အိမ်ကို ဝိုင်းကြတယ်။ ဒါပေမဲ့ သူက စစ်သားတွေ မလာခင်မှာပဲ ထွက်ပြေးသွားနှင့်ပြီ” ဟု အမည် မဖော်လိုသူ ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။ ဦးမျိုးချစ်ကို လာရောက် ဖမ်းဆီးစဉ်က စစ်သားများနှင့်အတူ ရဲများ၊ ကြံ့ဖွံ့များလည်း ပူးတွဲ ပါဝင်ခဲ့ကြောင်း သိရသည်။ လာရောက် ဖမ်းဆီးမည့် အစီအစဉ်ကို ဦးမျိုးချစ်သည် ကြိုတင် သိရှိရသဖြင့် ထွက်ပြေး လွတ်မြောက်နိုင်ခြင်း ဖြစ်ကြောင်းနှင့် သူသည်...
ဆွမ်းကပ်သူ စာပေ၊ အနုပညာရှင်များကို စစ်အစိုးရက လုပ်ပိုင်ခွင့်ပိတ်ပင် နန်းဒေဝီ (မဇ္ဈိမသတင်းဌာန) အောက်တိုဘာလ ၁၅ ရက်၊၂ဝဝ၇ ခုနှစ်။ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် စာပေ၊ အနုပညာရှင် အချို့၏ အနုပညာ လုပ်ပိုင်ခွင့်များကို အာဏာပိုင်များက ပိတ်ပင်လိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က ရွှေတိဂုံ ဘုရားရှိ ကြေးသွန်းဘုရားတွင် ကံဆောင် သပိတ်မှောက်ခဲ့သည့် သံယာတော်များကို ဆွမ်းကပ်ရာတွင် ပါဝင်ခဲ့သည့် အနုပညာရှင် အချို့ဖြစ်သည့် စာရေးဆရာ မာဂျေ အပါအဝင် စာရေးဆရာမ သန်းမြင့်အောင် (နာရေး ကူညီမှုအသင်း၊ ဒုဥက� ဌ)၊ ကိုစိုးဝင်းငြိမ်း (ဒီဇိုင်း ပညာရှင်နှင့် ဓာတ်ပုံ ပညာရှင်)၊ ကိုဦးဆွေ (စာရေးဆရာနှင့် Middle Line - တာဝန်ခံ အယ်ဒီတာ) ၊ ဘောလုံး ဆောင်းပါးရှင် ကိုဇော်သက်ထွေး၊ ရုပ်ရှင် သရုပ်ဆောင် ဟာသမင်းသား ပိုးဖြူ၊ ကာတွန်း ရေးဆွဲသူ အော်ပီကျယ်နှင့် လူထုဒေါ်အမာ တို့ကို အနုပညာရှင် လုပ်ပိုင်ခွင့်များ အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်။ “ဆရာ မာဂျေဆိုရင် ကြေးသွန်းဘုရားမှာ ဘုန်းကြီးတွေကို ဆွမ်းကပ်တဲ့ အထဲမှာ ပါတယ်လို့၊ သူတို့ ဓာတ်ပုံထဲမှာ ပါတဲ့ အတွက်ကြောင့် ပိတ်လိုက်တယ်လို့ ပြောတယ်” ဟု ရန်...
အင်တာနက် ၂၄ နာရီ ပြန်သုံးခွင့်ရပြီ မဇ္ဈိမသတင်းဌာန အောက်တိုဘာလ ၁၅ ရက်၊ ၂ဝဝ၇ ခုနှစ်။ မြန်မာပြည်အတွင်း စက်တင်ဘာ လကုန်ပိုင်းတွင် ပြတ်တောက်သွားပြီး ယခု လဆန်းပိုင်းက အချိန်ပိုင်းသာ ပြန်လည် အသုံးပြုနိုင်သော အင်တာနက် ဆက်သွယ်ရေးလိုင်းကို ယမန်နေ့မှ စတင်ကာ ၂၄ နာရီ သုံးစွဲလာနိုင်ပြီဟု သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း သံဃာတော်များနှင့် ပြည်သူများ၏ ဆန္ဒပြပွဲများ ဖြစ်ပေါ်နေပုံကို သတင်း အချက်အလက်၊ ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ အဓိက စီးဆင်းသွားလာရာ လမ်းကြောင်းဖြစ်သည့် အင်တာနက် ဆက်သွယ်ရေးလိုင်းကို နအဖ စစ်အစိုးရက လကုန်ပိုင်းတွင် ဖြတ်တောက်ခဲ့ပြီး ယခုလဆန်းပိုင်း၌ ပွင့်ချီပိတ်ချီ အတန်တန် ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က ၂၄ နာရီကြာ သုံးစွဲနိုင်ခြင်း ဖြစ်သည်။ “ရပြီ။ မနေ့က စရတယ်။ မြို့ထဲက ကျနော့်ဆိုင်ကိုတော့ ပိတ်ထားသလို၊ တခြားဆိုင်တွေလည်း ပိတ်ထားတာတွေ ရှိတယ်။ အင်တာနက် လာသုံးတဲ့ လူတွေလည်း အေးအေးဆေးဆေး သုံးလို့ ရပါတယ်။ အခုထိတော့ အေးဆေးတယ်လို့ ပြောရမှာပေါ့” ဟု အင်တာနက် ဆိုင်ပိုင်ရှင် လူငယ်တဦးက ပြောသည်။ ယခုလို ပြန်လည် ဖွင့်ပေးလိုက်ခြင်းသည် တိုင်းပြည်အတွင်း အခြေအနေများ တည်ငြိမ်သွားပြီဟူသည့် သဘောကု...
ရွှေတိဂုံဘုရားတွင် လုံခြုံရေးများ သိသာစွာ လျှော့ချ မဇ္ဈိမသတင်းဌာန အောက်တိုဘာလ ၁၅ ရက်၊ ၂ဝဝ၇ ခုနှစ်။ သံဃာ၊ လူထု ဆန္ဒပြပွဲများ ဖြစ်ပွားနေသည့် ယခင်လ နှောင်းပိုင်းမှ စတင်ကာ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားကို လုံခြုံရေး တင်းကျပ် လာခဲ့ရာမှ ယနေ့နံနက်တွင် အာဏာပိုင်များမှ လုံခြုံရေးကို သိသာစွာ လျှော့ချလိုက်ပြီ ဖြစ်သည်။ ယမန်နေ့အထိ ရွှေတိဂုံ မြောက်ဘက်မုခ်တွင် မီးသတ်ကား ၄ စီး အမြဲတမ်း ရပ်နားခဲ့သလို၊ ဘုရားတွင်လည်း လုံခြုံရေး အစောင့်များ ချထားခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင်မူ ပြန်လည် ရုပ်သိမ်းသွားခြင်း ဖြစ်သည်။ “အရင်နေ့တွေမှာတော့ ဘုရားမှာ မီးသတ်ကား ၄၊ ၅ စီးလောက်တော့ အမြဲတမ်းလိုလို ရှိတယ်။ အခုတော့ ဒီနေ့မှာပေါ့၊ မရှိတော့ဘူး။ မတွေ့တော့ဘူး။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က ဘုရားပြန်ဖွင့်တယ်။ ခါတိုင်းနေ့တွေဆိုရင် ဘုရားအောက်မှာရော၊ အပေါက်မှာရော အစောင့်တွေ ရှိတယ်။ ဒီနေ့တော့ မရှိတော့ဘူး။ ဘုရား လာပြန်ဖူးတာတွေလည်း ရှိလာပြီ။ ပုံမှန်နီးပါး ပြန်ဖြစ်နေပါပြီ” ဟု ရွှေတိဂုံဘုရားအနီး ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ဘုရားမုခ်များကို ပြန်ဖွင့်ခဲ့သော်လည်း ဘုရားဖူး ပြည်သူများ အနေဖြင့် လာရောက်၍ ဘုရားဖူး...
၈၈ ခေါင်းဆောင် ကိုဌေးကြွယ် အဖမ်းခံရ မဇ္ဈိမသတင်းဌာန အောက်တိုဘာ ၁၃ ရက်၊ ၂ဝဝ၇ ခုနှစ် အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် တက်ကြွ လှုပ်ရှားသူ ၄ ဦးကို စစ်အစိုးရက ယနေ့ နေ့လည်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောကြသည်။ ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူနှင့် အခြား တယောက်ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ “အပြင်တခု တနေရာကိုပေါ့ ရွှေ့နေတာနဲ့ တူတယ် ပါတယ် လမ်းမပေါ်မှာလို့ ပြောတယ် လေးယောက် ဆိုပြီးတော့ ပြောတယ်။ ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူ ဒါပဲ သိတယ်။ ကျန်တာတော့ ပါသွားတာပဲ သိတယ်။” ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ တဦးက ပြောသည်။ စစ်အစိုးရက ပိုက်စိတ်တိုက် လူဖမ်းပွဲ ကျင်းပပြီး တယ်လီဖုန်းလိုင်း အများအပြား ဖြတ်တောက်ထားသည့် အတွက် သီးခြား အတည်ပြုချက်များ မရနိုင်ဘဲ ရှိသည်။ သို့သော် အခြားသော မြို့ခံတဦးကလည်း ဖမ်းဆီးခံရသည့်သတင်း ကြားသိရကြောင်း ပြောကြားပြီး နောက်တဦးမှာ ကိုကို ဖြစ်သည်ဟု ဆိုသည်။ သြဂုတ်လ ၂၁ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ခေါင်းဆောင် ၁၃ ဦး ဖမ်းဆီး ခံရပြီးနောက် ကိုဌေးကြွယ်မှာ ထွက်ပြေး တိမ်းရေ...
စိုးဝင်း တကယ်သေပြီ အမ်အေအိုင်ကို အာမခံ မပေးတော့ မြဝတီမြို့တွင် ပေါက်ကွဲမှုဖြစ် လံကြုတ် ညီလာခံထောက်ခံပွဲများ ရန်ကုန်တွင် ကျင်းပမည် မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။ အောက်တိုဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။ ဒီပဲယင်း စိုးဝင်း သေပြီ မဇ္ဈိမသတင်းဌာန အောက်တိုဘာ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ် ဒီပဲယင်း လက်သည်ဟု နာမည်ကျော်သော ရက်ရှည်လများ နာမကျန်း ဖြစ်ခဲ့သည့် ဝန်ကြီးချုပ် ဗိုလ်ချုပ် စိုးဝင်းသည် ယနေ့တွင် စစ်ဆေးရုံ၌ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများက ကြေညာသွားသည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လက်ရင်း လူယုံ ဝန်ကြီးချုပ်သည် ၂ဝဝ၃ ခုနှစ်က ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ လိုလားသူ များကို ဒီပဲယင်းတွင် ခြုံခို တိုက်ခြင်းကို ကွပ်ကဲခဲ့သူ ဖြစ်ပြီး နောက်ပိုင်း ရာထူး တိုးလာခဲ့သည်။ ဒီပဲယင်း လူသတ်ပွဲတွင် အနည်းဆုံး လူ ၆ဝ ကျော် သေဆုံးခဲ့သည်။ သို့သော် သွေးကင်ဆာ ရောဂါ ခံစားခဲ့ရပြီး လများစွာ စင်္ကာပူတွင် ဆေးရုံတက် ကုသခဲ့ရပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁ ရက်နေ့က ပြန်ပို့ခဲ့ပြီး မင်္ဂလာဒုံ စစ်ဆေးရုံ အတွင်းလူနာခန်းတွင် တင်ထားခဲ့သည်။ ရောဂါ မတွေ့ရှိမီက ဝန်ကြီးချုပ် အဖြစ်မှ ...