Sunday 23 September 2007

ဒေါ်အောင်ဆန်း စုကြည် အိမ်ရှေ့တွင် သံဃာတော် ၅ဝဝ ခန့်ကို ရဲနှင့် မီးသတ်ဝိုင်းထား

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။

ဒေါ်အောင်ဆန်း စုကြည် အိမ်ရှေ့တွင် သံဃာတော် ၅ဝဝ ခန့်ကို ရဲနှင့် မီးသတ်ဝိုင်းထား

အကြီးမားဆုံး ဆန္ဒပြပွဲကြီး ဆူးလေမှာဖြစ်ပြီ

ဆန္ဒပြသူများက တွေ့ဆုံ ဆွေးနွေးရေး တောင်းဆို

ဒေါ်စုအိမ်သွားမယ့် သံဃာတော်တွေကို ထားဆီးဖို့ လုံထိန်းတွေ ချထား

ရန်ကုန် မန္တလေး မုံရွာ မကွေး မင်းဘူး ဗန်းမော် မြစ်ကြီးနား မြို့တို့တွင် သံဃာတော်များနှင့် လူထု ဆန္ဒပြနေပြီ

အကြီးမားဆုံး ဆန္ဒပြပွဲကြီး ဆူးလေမှာဖြစ်ပြီ ဆန္ဒပြသူများက တွေ့ဆုံ ဆွေးနွေးရေး တောင်းဆို

အကြီးမားဆုံး ဆန္ဒပြပွဲကြီး ဆူးလေမှာဖြစ်ပြီ

ဆန္ဒပြသူများက တွေ့ဆုံ ဆွေးနွေးရေး တောင်းဆို

ရန်ကုန် မန္တလေး မုံရွာ မကွေး မင်းဘူး ဗန်းမော် မြစ်ကြီးနား မြို့တို့တွင် သံဃာတော်များနှင့် လူထု ဆန္ဒပြနေပြီ

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

4:05 PM
ဆန္ဒပြ အဖွဲ့တဖွဲ့သည် သိမ်ဖြူလမ်းမှသည် ဆူးလေ ဘုရားသို့ ချီတက် သွားနေကြသည်။ လူထောင်ပေါင်း များစွာလည်း သံဃာများနှင့်အတူ နိုင်ငံရေး တောင်းဆိုချက်များ “ဒို့အရေး၊ ဒို့အရေး” အော်ကာ ချီတက် နေကြသည်။

3:40 PM
ဆူးလေမှာ သံဃာတော် အပါး ၉ဝဝဝ နီးပါးနှင့် မယ်သီလရှင် ၁ဝဝ ကျော် ဆန္ဒပြ

သံဃာတော် အပါး ၉ဝဝဝ နီးပါးနှင့် မယ်သီလရှင် ၁ဝဝ ကျော်က လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြွေးကြော်သံများဖြင့် ယခုအခါ အမေရိကန် သံရုံးရှေ့နှင့် ဆူးလေ ဘုရားတွင် စီတန်း ရောက်ရှိနေပြီ ဖြစ်သည်။

“အမေရိကန် သံရုံးရှေ့မှာ ရောက်နေပြီ။ ဘုန်းကြီးတွေက ၈ဝဝဝ နဲ့ ၉ဝဝဝ ကြားမှာ ရှိတယ်။ မယ်သီလှရှင်တွေကတော့ ၁ဝဝ ကျော်လောက် ပါတယ်။ လူတွေကတော့ သောင်းဂဏန်းလောက် ရှိတယ်။ 'အမျိုးသား ရင်ကြားစေ့ရေး … ဒို့အရေး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အဖမ်းဆီးခံနေရသူများ လွတ်မြောက်ရေး … ဒို့အရေး' ဆိုပြီး ကြွေးကြော်နေကြတယ်။ ဘုန်းကြီးတွေက အလယ်မှာ၊ မယ်သီလှရှင်တွေက ဘုန်းကြီးတွေရဲ့ နောက်မှာ။ လူတွေက ဘေးပတ်ပတ်လည်ကနေ လိုက်နေတာ။ အခု ကြွေးကြော်သံတွေ အော်နေကြတာ” ဟု ဆန္ဒပြပွဲတွင် လိုက်ပါလာသူ မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

3:35 PM
မျက်မြင်သက်သေများ ပြောပြချက်အရ မင်္ဂလာဈေးဘက်တွင် သံဃာတော်အပါး ၃ဝဝဝ ကျော် တွေ့မြင်ရပြီး အလံပြ ဘုရာလမ်းဘက်တွင် သံဃာတော် အပါး ၄ဝဝဝ ကျော် ရှိမည်ဟု ဆိုသည်။

အလံပြဘုရားလမ်းဘက်တွင် ချီတက်နေသော ဆန္ဒပြသူများတွင် သီလရှင်များလည်း ပါဝင်လာပြီး အနည်းဆုံး ၂ဝဝ ကျော် ရှိသည်ဟု သိရသည်။

ဆန္ဒပြသူများက “တွေ့ဆုံဆွေးနွေးရေး ဒို့အရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး” တို့ ကြွေးကြော် အော်ဟစ်ခဲ့ကြသည်ဟု ဆိုသည်။

လူပရိတ်သတ်လည်း ထောင်နှင့်ချီ၍ လိုက်ပါနေကြသည်။

3:20 PM
ရန်ကုန်တွင် ယနေ့ ဆန္ဒပြ သံဃာတော်များ အဖွဲ့ငယ်များ ခွဲ၍ ချီတက်မည် ဖြစ်ရာ အနည်းဆုံး ၃ ဖွဲ့ခန့် ရှိမည်ဟု သိရသည်။

3:10 PM
ဆန္ဒပြသံဃာတော် ၂ဝဝ ခန့် မြေနီကုန်းရှေ့က ဖြတ်သွား

ရန်ကုန်တိုင်း စမ်းချောင်းမြို့ရှိ မြေနီကုန်း အရပ်တွင် ယနေ့နေ့လည် ၂ နာရီခန့်က အပါး ၂ဝဝ ခန့် ပါရှိသည့် ဆန္ဒပြ သံဃာတော်များ ဖြတ်လျှောက်သွားပုံကို ခရစ်ယာန် ဝတ်ပြု ဆုတောင်းပွဲမှ ပြန်လာသူတဦးက ယခုလို ပြောပြသည်။

“ကျနော်တို့ အခုပဲ ဘုရားကျောင်းကနေ ပြန်လာတယ်။ ဘုန်းကြီး ၂ဝဝ လောက် ရှိတယ်။ လူထုတွေက ဘေးကနေ လိုက်နေတယ်။ ရေဗူးတွေ ကိုင်ပေးတယ်။ ဘယ်က စလာတယ် ဆိုတာတော့ မသိဘူး။ နေ့လည် ၁ နာရီမှာတော့ ဗားကရာလမ်းမှာ ရောက်နေတယ်။ အခုက တော်လှန်ရေး ကျောက်တိုင်ဘက်ကို သွားနေတယ်။ လူထုတွေ ၈ဝဝ လောက် ရှိတယ်။ မြေနီကုန်း မီးပွိုင့်နားမှာ။ ရှေ့မှာ ဘုန်းကြီးနှစ်ပါးက သာသနာ့အလံ ကိုင်တယ်။ သပိတ်ကို မှောက်ပြီး ကိုင်ထားတယ်။ ဆက်သွားနေတယ်။ အခု ခရစ်ယာန်တွေကိုလည်း ပါဝင်ဖို့ စာပို့တယ်။ ဘုရာကျောင်းမှာ ပြောတယ်။ အများပိုင်းကတော့ ပါဝင်ဖို့ သဘောတူကြတယ်။ ဘာသာတိုင်းကို ပြောထားတယ်တဲ့။ သနားစရာ ကောင်းတယ် ဘုန်းကြီးတွေ။ သူတို့ကိုကြည့်ပြီး မျက်ရည်ကျတဲ့ လူတွေ ရှိတယ်”

3:10 PM
ရန်ကုန်တွင် ဆန္ဒပြ သံဃာတော်များနှင့် ထောင်နှင့်ချီသော လူပရိတ်သတ် ဆူးလေဘုရားသို့ ရောက်ရှိနေသည်။

နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ

4:25 PM
မန္တလေးကျောင်းတိုက်များ လမ်းကြောင်းများစွာဖြင့် ချီတက်ဆန္ဒပြ

မြန်မာပြည်၏ သံဃာအများဆုံး သီတင်းသုံးရာ မန္တလေးတွင် ကျောင်းတိုက် များစွာမှ အင်အား ထောင်ချီရှိသည့် သံဃာတော်များသည် ယနေ့တွင် ကံဆောင် ဆန္ဒပြ နေကြသည်။

မျက်မြင်တဦးက …

“ကျောင်းတိုက် အသီးသီးက ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ထွက်ကြတာဆိုတော့ ကျောင်းတွေတောင် အကုန် မသိတော့ဘူး။ အခုဆို ဘုရားကြီးထဲကို ကျောင်းတကျောင်းက ကြွသွားပြီ။ သံဃာတော်အပါး ၁ဝဝ ကျော်လေး ရှိတယ်။ ဟိုဘက်မှာက သံဃာအပါး ၂ဝဝဝ ကျော်လောက်က ၃၅ လမ်းအတိုင်း အနောက်ကို ပြန်ဆင်းသွားပြီ။ သပိတ် ၃ လုံးကို မှောက်ပြီး ကိုင်သွားတယ်။

“မနက်ကလည်း ဘုရားကြီး အရှေ့ဘက်မုဉ်က အာနန္ဒာ ဇောင်းတန်းဘက်ကနေ ထွက်သွားတာလည်း တကြောင်း ရှိတယ်။ မြတောင်တိုက် ကလည်း ထွက်တယ်။ မြတောင်ကလည်း ဝင်သွားပြီ အပါး ၇ဝဝ ကျော်လောက် ရှိတယ်။ မြတောင်တို့၊ ခင်မကန်တို့ အကုန်ပါတယ် ပေါ့နော်။ ကိုယ့်ကျောင်းတိုက်နဲ့ကိုယ် ထွက်နေကြတာ။ တောင်ပြုန်းကဆိုရင် တူမောင်းနဲ့ မင်္ဂလာတိုက်ကနေ ထွက်တယ်။ မင်္ဂလာတိုက်ကနေ ဆိုရင် အပါး ၁ဝဝ၊ တူမောင်းတိုက်က အပါး ၁၅ဝ။ ဒီနေ့ကတော့ ရေတွက်လို့ကို မရဘူး။ ထွက်တဲ့ ကျောင်းတိုက်တွေက အများကြီး။ သူ့လမ်းကြောင်းနဲ့သူ ထွက်နေကြတာ ဆိုတော့ ကျနော် အကုန်လုံးကို လိုက်မကြည့်နိုင်ဘူး ဖြစ်နေတယ်။”

“မနက်ကတည်းက တကျောင်းနဲ့ တကျောင်းထွက်တာ သူ့အစီအစဉ်နဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူ။ အခုဆို ဒီကျောင်းတိုက်ဆိုရင် ဘယ်ကျောင်းတိုက်ကလည်း မသိဘူး။ သူက ဘယ်က ကြွလာသလဲ ဆိုရင် ၈၄ လမ်း ဈေးချိုဘက်က ကြွလာတာပေါ့နော်။ အခု ဘုရားကြီးကို ဝင်သွားပြီ။ ပြည်သူတွေက အများကြီး နောက်က လိုက်တာတော့ မရှိဘူး။ ၃၅ လမ်းဘက်မှာ ဆိုရင်တော့ အုံနဲ့ကျင်းနဲ့ လိုက်တာတော့ ရှိတယ်” ဟု ပြောသည်။

4:00 PM
မြစ်ကြီးနားမှာ သံဃာအပါး ၃ဝဝ ဆန္ဒပြ

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ပထမဆုံး အကြိမ်အဖြစ် သံဃာတော် အပါး ၃ဝဝ ကျော်သည် ယနေ့ နေ့လည်ပိုင်းက မြို့အတွင်း လမ်းလျှောက် ဆန္ဒပြကြကြောင်း သိရသည်။

“တပ်ကုန်းကျောင်းတိုက် ဦးဆောင်ပြီး မယက ရုံးဈေးဘက်ပေါ့၊ လာတယ်။ အောင်ဆန်း လမ်းမကြီး အတိုင်းပေါ့။ အပါး ၃ဝဝ ကျော်တယ်။ လူထုက နောက်က လိုက်ကြည့်ကြတယ်။ လူထု ၁ဝဝဝ ကျော်တယ်။ ဈေးဘက်က ဖြတ်လာပြီး သာသနာ့ ဗိမာန်ဘက်က လာတယ်။ နာရီစင်ကနေ ပန်းခြံဘက်က လာတယ်။ အာဏာရှင်ဘက်ကတော့ အရပ်ဝတ်နဲ့ လိုက်ကြည့်တယ်ပေါ့။ နှောင့်ယှက်မှုတော့ မရှိဘူး။ ဒါပေမဲ့ ရဲမင်းကြီးကတော့ လမ်းပိတ်ဖို့ ပြောတယ်။ ဘယ်သူမှ မပိတ်ပေးကြဘူး။ ၁၁ နာရီမှာ စပြီး လျှောက်တယ်။ ၂ နာရီလောက်မှာ ပြီးတယ်။ ကျောင်းတိုက်တွေ အားလုံး ပါတယ်။ မြစ်ကြီးနား မြို့ပေါ်ကပဲ။ မနက်ဖြန် လုပ်ဖို့လည်း ရှိတယ်လို့ ပြောတယ်။ လူထုတွေက စိတ်ဝင်စားမှု ရှိပါတယ်” ဟု မြစ်ကြီးနား မြို့သားက ပြောသည်။

3:55 PM
မကွေးနှင့် မင်းဘူးတွင် ဆန္ဒပြ

မကွေးတိုင်း မကွေးနှင့် မင်းဘူးမြို့များတွင် သံဃာတော် ၂၅ဝ ခန့် က ယနေ့ နံနက် ၅ နာရီခန့်မှ မြို့ထဲသို့  စတင် ဆန္ဒပြခဲ့ကြကြောင်း မျက်မြင် သက်သေများ အပြောအရ သိရသည်။

အောင်မြေရတနာ၊ ပြည်တော်သာ၊ ဘုရားသုံးဆူ၊ ရတနာရာမ ကျောင်းတိုက်များမှ သံဃာတော် ၂ဝဝ က သုံးပါး တတန်းစီ တန်းစီပြီး ရှေ့ဆုံးတွင် အလံကိုင်ဆောင်ကာ မေတ္တာသုတ် ရွတ်ဆို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ကျောင်းသားတွေ ပြည်သူတွေ ပါလာပါတယ်။ အန္ဒိယ အမျိုးသားတွေ၊ တရုတ် အမျိုးသားတွေလည်း ပါလာပါတယ်။ ဘေးကနေပြီးတော့ ဆိုင်ကယ်တွေ စက်ဘီးတွေနဲ့ လိုက်လံပြီးတော့ ပါတဲ့ ပရိတ်သတ်တွေလည်း ရှိပါတယ်။ နောက်တချို့လူတွေ ဆိုရင် သံဃာတော်တွေ နောက်ကနေပြီးတော့ ဖိနပ်တွေ ချွတ်ပြီးတော့ လိုက်ကြတယ်။ သံဃာတော်တွေက ဖိနပ်ချွတ်ပြီးတော့ သွားပါတယ်။ အထူးသဖြင့် ဒီရေသန့်ဗူးတွေ ငှက်ပျော်သီးတွေကို လှူတာကို သံဃာတော်တွေက လက်မခံပါဘူး။ အဲဒီမှာ အမေအိုကြီးတွေ အဘိုးအိုတွေကနေပြီးတော့ မျက်ရည် ကျပြီးတော့ ရှစ်ခိုးနေတာကိုလည်း တွေ့ရတယ်။” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးမြင့်ဦးက မဇ္ဈိမ သို့ ပြောသည်။

“သံဃာတော်တွေ အင်မတန်မှ စည်းကမ်းရှိတယ် သံဃာတော်တွေ အင်မတန် ညီညွတ်တာကို တွေ့ရတယ်။ ဒါကြောင့် ဒီသံဃာတော်တွေဆီက ရရှိတာကကို ကျနော်တို့ နိုင်ငံရေးသမားတွေ ဘက်က တွေ့ရတယ်။ ဒါကြောင့် သံဃာတော်တွေဟာ သံဃာ စည်းကမ်းနဲ့ ညီညွတ်ခြင်းနဲ့ သံဃာတာဝန်တွေ သံဃာတော်တွေရဲ့ မေတ္တာ၊ ဂရုဏာ၊ စေတနာတော်တွေကို ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။” ဟု သူက ထပ်ပြောသည်။

မင်းဘူးမြို့နယ် အမှတ် (၁) ရပ်ကွက်တွင်ရှိသော အောင်မြေရွှေကျင် မြတ်ကာရ ကျောင်းတိုက်မှ သံဃာတော် အပါး ၄ဝ ခန့်သည်လည်း ယနေ့ နံနက် ၅ နာရီခန့်၌ မြို့ထဲ၌ အလံကို ကိုင်းဆောင်ထားပြီး လမ်းလျှောက် မေတ္တာပို့ ခဲ့ကြသည်ဟု မျက်မြင် သက်သေများ အဆိုအရ သိရသည်။

2:55 PM
မုံရွာမြို့တွင် သံဃာအပါး ၅ဝ ဆန္ဒပြ

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ သံဃာတော်များ၏ စတုတ္ထနေ့မြောက် ကံဆောင် သပိတ်မှောက်ပွဲကို ယနေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က ရုံးကြီးရပ်ကွက် အတွင်းရှိ ဘုန်းကြီးကျောင်း တိုက်ငယ်များမှ သံဃာတော် အနည်းဆုံး အပါး ၅ဝ ကျော်ဖြင့် စတင် ချီတက်နေကြောင်း သိရသည်။

“သံဃာတော်တွေက ဖိနပ် စီးမထားဘူးဗျ။ နှစ်ပါး တတွဲစီပဲ။ ထုံးစံအတိုင်း ဆုတောင်းပြည့်၊ ရွှေစည်းခုံထဲ ဝင်ပြီး ဝတ်ပြုတယ်။ လမ်းမှာလည်း ကံဆောင် ပရိတ်ရွတ်တယ်ပေါ့နော်။ အနှောင့်အယှက်ကတော့ မရှိပါဘူး။ ဒါပေမဲ့ အရပ်ဝတ် ရဲနဲ့ စွမ်းအားရှင်ထဲက တချို့ကတော့ လမ်းဆုံ လမ်းဂွတွေမှာ ရှိတယ်။ နည်းနည်းပါပဲ။ မထင်မရှား ရပ်ပြီး တနေရာရာကို ဖုန်းဆက်တာမျိုး တွေ့ရတယ်။ ဘယ်ကို သတင်းပို့လည်း မပြောတတ်ဘူး” ဟု မုံရွာရှိ မျက်မြင် တွေ့ရှိသူ တဦးက ပြောသည်။

1:25 PM
မန္တလေးတွင် ဆန္ဒပြ

မန္တလေးတွင် တတိယမြောက်နေ့ အဖြစ် သံဃာတော်များက ဆက်လက် ဆန္ဒပြနေကြသည်။

ရှေ့ဆုံးတန်းတွင် သာသနာ့အလံ ကိုင်ဆောင်ထားသော မစိုးရိမ် ကျောင်းတိုက်မှ သံဃာတော် အပါး ၆ဝဝ ခန့်က ယနေ့ နံနက် ၁၁ နာရီ ကျော်တွင် စတင် ဆန္ဒပြနေကြခြင်း ဖြစ်သည်။

“ခုနပဲ အပါး ၆ဝဝ လောက် အိမ်ရှေ့က ဖြတ်သွားတယ်။ အခု အလွန်ဆုံး ရှိရင် တထိုင်မေးလောက်ပဲ ရှိမယ်။ ၈၄ လမ်း ဗိုလ်ချုပ် အောင်ဆန်းလမ်း ရှေ့ကနေ ဖြတ်သွားတယ်။ ရှေ့ဆုံးက ကိုယ်တော်က သံဃာ့အလံ ကိုင်ထားပြီး လျှောက်တာ။” ဟု မန္တလေးမြို့ခံ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

1:25 PM
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့မှာလည်း သံဃာတော်များဆန္ဒပြ

“ဒီမနက် ၆ နာရီမှာ စပြီး လျောက်တယ်။ အပါး ၁ဝဝ အနည်းဆုံး ရှိတယ်။ ဗန်းမော်မှာ ရှိတဲ့ ကျောင်းတိုက်တွေ ပေါင်းပြီး လုပ်တာပါ။ အစိုးရဘက်ကတော့ နှောက်ယှက်တာတော့ မရှိဘူး။ ၆ နာရီက စတယ် ၈နာရီမှာ ရပ်လိုက်တယ်။ အေးဆေးပါပဲ။ လူထုတွေလည်း လိုက်တဲ့လူက လိုက်တယ်။ အားပေးတာပေါ့။” ဟု မြို့ခံတဦးက မဇ္ဈိမသို့ ပြောသည်။

အကြီးမားဆုံး ဆန္ဒပြပွဲကြီး ဆူးလေမှာဖြစ်ပြီ

အကြီးမားဆုံး ဆန္ဒပြပွဲကြီး ဆူးလေမှာဖြစ်ပြီ

ဆူးလေမှာ သံဃာတော် အပါး ၉ဝဝဝ နီးပါးနှင့် မယ်သီလရှင် ၁ဝဝ ကျော် ဆန္ဒပြ

ရန်ကုန် မန္တလေး မုံရွာနှင့် ဗန်းမော်မြို့မှာလည်း သံဃာတော်များ ဆန္ဒပြ

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

3:40 PM
ဆူးလေမှာ သံဃာတော် အပါး ၉ဝဝဝ နီးပါးနှင့် မယ်သီလရှင် ၁ဝဝ ကျော် ဆန္ဒပြ

သံဃာတော် အပါး ၉ဝဝဝ နီးပါးနှင့် မယ်သီလရှင် ၁ဝဝ ကျော်က လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြွေးကြော်သံများဖြင့် ယခုအခါ အမေရိကန် သံရုံးရှေ့နှင့် ဆူးလေ ဘုရားတွင် စီတန်း ရောက်ရှိနေပြီ ဖြစ်သည်။

“အမေရိကန် သံရုံးရှေ့မှာ ရောက်နေပြီ။ ဘုန်းကြီးတွေက ၈ဝဝဝ နဲ့ ၉ဝဝဝ ကြားမှာ ရှိတယ်။ မယ်သီလှရှင်တွေကတော့ ၁ဝဝ ကျော်လောက် ပါတယ်။ လူတွေကတော့ သောင်းဂဏန်းလောက် ရှိတယ်။ 'အမျိုးသား ရင်ကြားစေ့ရေး … ဒို့အရေး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အဖမ်းဆီးခံနေရသူများ လွတ်မြောက်ရေး … ဒို့အရေး' ဆိုပြီး ကြွေးကြော်နေကြတယ်။ ဘုန်းကြီးတွေက အလယ်မှာ၊ မယ်သီလှရှင်တွေက ဘုန်းကြီးတွေရဲ့ နောက်မှာ။ လူတွေက ဘေးပတ်ပတ်လည်ကနေ လိုက်နေတာ။ အခု ကြွေးကြော်သံတွေ အော်နေကြတာ” ဟု ဆန္ဒပြပွဲတွင် လိုက်ပါလာသူ မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

3:35 PM
မျက်မြင်သက်သေများ ပြောပြချက်အရ မင်္ဂလာဈေးဘက်တွင် သံဃာတော်အပါး ၃ဝဝဝ ကျော် တွေ့မြင်ရပြီး အလံပြ ဘုရာလမ်းဘက်တွင် သံဃာတော် အပါး ၄ဝဝဝ ကျော် ရှိမည်ဟု ဆိုသည်။

အလံပြဘုရားလမ်းဘက်တွင် ချီတက်နေသော ဆန္ဒပြသူများတွင် သီလရှင်များလည်း ပါဝင်လာပြီး အနည်းဆုံး ၂ဝဝ ကျော် ရှိသည်ဟု သိရသည်။

ဆန္ဒပြသူများက “တွေ့ဆုံဆွေးနွေးရေး ဒို့အရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး” တို့ ကြွေးကြော် အော်ဟစ်ခဲ့ကြသည်ဟု ဆိုသည်။

လူပရိတ်သတ်လည်း ထောင်နှင့်ချီ၍ လိုက်ပါနေကြသည်။

3:20 PM
ရန်ကုန်တွင် ယနေ့ ဆန္ဒပြ သံဃာတော်များ အဖွဲ့ငယ်များ ခွဲ၍ ချီတက်မည် ဖြစ်ရာ အနည်းဆုံး ၃ ဖွဲ့ခန့် ရှိမည်ဟု သိရသည်။

3:10 PM
ဆန္ဒပြသံဃာတော် ၂ဝဝ ခန့် မြေနီကုန်းရှေ့က ဖြတ်သွား

ရန်ကုန်တိုင်း စမ်းချောင်းမြို့ရှိ မြေနီကုန်း အရပ်တွင် ယနေ့နေ့လည် ၂ နာရီခန့်က အပါး ၂ဝဝ ခန့် ပါရှိသည့် ဆန္ဒပြ သံဃာတော်များ ဖြတ်လျှောက်သွားပုံကို ခရစ်ယာန် ဝတ်ပြု ဆုတောင်းပွဲမှ ပြန်လာသူတဦးက ယခုလို ပြောပြသည်။

“ကျနော်တို့ အခုပဲ ဘုရားကျောင်းကနေ ပြန်လာတယ်။ ဘုန်းကြီး ၂ဝဝ လောက် ရှိတယ်။ လူထုတွေက ဘေးကနေ လိုက်နေတယ်။ ရေဗူးတွေ ကိုင်ပေးတယ်။ ဘယ်က စလာတယ် ဆိုတာတော့ မသိဘူး။ နေ့လည် ၁ နာရီမှာတော့ ဗားကရာလမ်းမှာ ရောက်နေတယ်။ အခုက တော်လှန်ရေး ကျောက်တိုင်ဘက်ကို သွားနေတယ်။ လူထုတွေ ၈ဝဝ လောက် ရှိတယ်။ မြေနီကုန်း မီးပွိုင့်နားမှာ။ ရှေ့မှာ ဘုန်းကြီးနှစ်ပါးက သာသနာ့အလံ ကိုင်တယ်။ သပိတ်ကို မှောက်ပြီး ကိုင်ထားတယ်။ ဆက်သွားနေတယ်။ အခု ခရစ်ယာန်တွေကိုလည်း ပါဝင်ဖို့ စာပို့တယ်။ ဘုရာကျောင်းမှာ ပြောတယ်။ အများပိုင်းကတော့ ပါဝင်ဖို့ သဘောတူကြတယ်။ ဘာသာတိုင်းကို ပြောထားတယ်တဲ့။ သနားစရာ ကောင်းတယ် ဘုန်းကြီးတွေ။ သူတို့ကိုကြည့်ပြီး မျက်ရည်ကျတဲ့ လူတွေ ရှိတယ်”

3:10 PM
ရန်ကုန်တွင် ဆန္ဒပြ သံဃာတော်များနှင့် ထောင်နှင့်ချီသော လူပရိတ်သတ် ဆူးလေဘုရားသို့ ရောက်ရှိနေသည်။

ရန်ကုန် မန္တလေး နှင့် ဗန်းမော်မြို့မှာလည်း သံဃာတော်များ ဆန္ဒပြ

ရန်ကုန် မန္တလေး နှင့် ဗန်းမော်မြို့မှာလည်း သံဃာတော်များ ဆန္ဒပြ

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။

1:25 PM
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့မှာလည်း သံဃာတော်များဆန္ဒပြ

“ဒီမနက် ၆ နာရီမှာ စပြီး လျောက်တယ်။ အပါး ၁ဝဝ အနည်းဆုံး ရှိတယ်။ ဗန်းမော်မှာ ရှိတဲ့ ကျောင်းတိုက်တွေ ပေါင်းပြီး လုပ်တာပါ။ အစိုးရဘက်ကတော့ နှောက်ယှက်တာတော့ မရှိဘူး။ ၆ နာရီက စတယ် ၈နာရီမှာ ရပ်လိုက်တယ်။ အေးဆေးပါပဲ။ လူထုတွေလည်း လိုက်တဲ့လူက လိုက်တယ်။ အားပေးတာပေါ့။” ဟု မြို့ခံတဦးက မဇ္ဈိမသို့ ပြောသည်။

---------------------------------------------

ဆန္ဒပြ သံဃာတော်များကို ဒေါ်စု မျက်ရည်ဖြင့် ဖူးမျှော်
သံဃာတော် ၃ဝဝဝ မန္တလေးမှာ ဆန္ဒထပ်ပြပြန်ပြီ
ရန်ကုန် မန္တလေး မုံရွာ ရေနံချောင်း စစ်ကိုင်း ကော့မှူးနှင့် တောင်တွင်းကြီးတို့တွင် ဆန္ဒထပ်ပြပြန်ပြီ

စက်တင်ဘာလ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

6:15 PM
ဆူးလေဘုရားတွင် ဆန္ဒပြ သံဃာတော်များ အားလုံးက မေတ္တာတရား ရှေ့ထား၍ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ကြရေးသည် သူတို့ အားလုံး၏ ဆန္ဒ ဖြစ်သည်ဟု သဘောတူညီချက် ရခဲ့ကြသည်။

5:50 PM
ဆူးလေ ဘုရားပေါ်တွင် သံဃာတော် ၁၅ ပါးစီ အဖွဲ့များဖွဲ့ကာ မည်သို့ ဆက်လုပ်သွားသင့်သည်ကို ဆက်လက် ဆွေးနွေး ခဲ့ကြသည်။ ဘုရား အရောက်တွင် လူအင်အား ၅ ထောင်ကျော် ရှိခဲ့ပြီး “လက်ခုတ်သံတွေက ဟိန်းနေတာပဲ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ ထို့နောက် လူစုခွဲလိုက်ကာ ယနေ့ ဆန္ဒပြပွဲ အဆုံးသတ်လိုက်သည်။

5:20 PM
ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့မြင်

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ အရောက်တွင် ဆန္ဒပြ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိခဲ့ပြီး ဒေါ်စုကလည်း သံဃာတော်များကို ရှိခိုးဖူးမျှော်ခဲ့သည်။

ဆန္ဒပြ သံဃာတော်များနှင့် လူစုကြီးကို နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်က ၁၅ မိနစ်ခန့် နေအိမ်ဝင်း အတွင်းမှ ထွက်ကြည့်ခဲ့သည်။

ဆန္ဒပြသူများက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။” ဟု ဆုတောင်း အော်ဟစ် ခဲ့ကြပြီး ဆက်လက် ချီတက်ခဲ့ကြရာ ယခု ဆူးလေဘုရားသို့ ရောက်ရှိနေပြီဟု သိရသည်။

“ဒေါ်အောင်ဆန်း စုကြည် ထွက်လာတယ်။ အင်္ကျီအဝါလေးနဲ့ အဲဒီမှာ ၁၅ မိနစ်လောက် ဒေါ်အောင်ဆန်း စုကြည်ကို ဒေါ်အောင်ဆန်း စုကြည် ကျန်းမာပါစေ ဆိုပြီးတော့ အော်ပြီးတော့ ဆက်ပြီး လျောက်လာတာ အခု ဆူးလေဘုရားကို ရောက်ပြီး ဘုရားပေါ် တက်သွားကြပြီ။ ဒေါ်အောင်ဆန်း စုကြည် ခြံဝင်းဘက်ကနေပဲ ထွက်လာတာပေါ့။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ အရောက်တွင် ဆန္ဒပြ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိခဲ့ပြီး ဒေါ်စုကလည်း သံဃာတော်များကို ရှိခိုး ဖူးမျှော်ခဲ့သည်။

“၁၂ နာရီ ကျော်ကျော်လောက်မှာ လှည်းတန်းကနေ တက္ကသိုလ် ရိပ်သာလမ်း ဒေါ်စု အိမ်ရှေ့ကို ဖြတ်တယ်။ ဒေါ်စုက ဘုန်းကြီးတွေကို ထွက်ဖူးမျှော်ခဲ့တယ်။ အထဲကနေပေါ့။ သံဃာထုကတော့ ၂ဝဝဝ ကျော် ရှိတယ်။ လုံခြုံရေးကတော့ ပုံမှန် အရင်အတိုင်းပဲ၊ အားလုံး အေးအေးဆေးဆေးပါပဲ။ လမ်းတွေလည်း ရှင်းထားတာ ထင်တယ်၊ ရှင်းနေတာပဲ။ ကမ္ဘာအေး ဘုရားလမ်းအတိုင်း တောက်လျှောက် လျှောက်လာတာ အခုဆူးလေမှာ ရောက်နေပြီ။ လူထုတွေကတော့ အများကြီးပဲ။ ကျနော်တို့က နောက်မှ ရောက်တာဆိုတော့ အရေအတွက်တော့ သိပ်မှန်းမရဘူး” ဟု လိုက်ပါ အားပေးနေသူ တဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်သည် မျက်ရည်ကျခဲ့ပြီး သူလည်း မျက်ရည် ကျခဲ့ရကြောင်း သံဃာတော် တပါးက ပြန်လည် ပြောပြသည်။

4:05 PM
ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လိုက်လံ အားပေးနေသော လူစုကြီးသည် ဒေါ်အောင်ဆန်း စုကြည် နေအိမ် တည်ရှိရာ တက္ကသိုလ် ရိပ်သာ လမ်းမကြီးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

3:55 PM
ရန်ကုန် ဆန္ဒပြသံဃာတော်များနှင့် လိုက်လံအားပေးနေသော လူထုကြီး လှည်းတန်းမှာ ရောက်ရှိနေသည်။

ရန်ကုန်ဆန္ဒပြပွဲ

မြန်မာစံတော်ချိန် မွန်းလွဲ ၂း၁၀ မိနစ် မြေနီကုန်းတွင် ဘုန်းကြီးများ လှည်းတန်းသို့ ချီတက်လျက် ရှိသည်။ ဘုန်းကြီးအပါး ၁၀၀၀ ကျော် တော်လှန်ရေး ပန်းခြံဘက်မှ မြေနီကုန်း၊ မြေနီကုန်းဘက်မှ ဟံသာဝတီ အဝိုင်းဘက်သို့ သုံးပါးတတွဲ မေတ္တာသုတ်များ ရွတ်ဆို ချီတက်သွားပါသည်။ ဘေးဘက်မှ လိုက်ပါလာသည့်သူ ငါးရာလောက် ရှိပြီး မြေနီကုန်းတွင် လမ်းများ ပိတ်ဆို့ကုန်ပါသည်။ လမ်းနဘေး ဘုန်းကြီးကျောင်းများနှင့် လမ်းအနီးတွင် ရှိနေသည့် ဘုန်းကြီးများမှလည်း ဝင်ရောက်ပါဝင် ပူးပေါင်းလျက် ရှိသည်။

ရန်ကုန် မန္တလေး မုံရွာ ရေနံချောင်း စစ်ကိုင်း ကော့မှူးနှင တောင်တွင်းကြီးတို့တွင် ဆန္ဒထပ်ပြပြန်ပြီ

ဆန္ဒပြ သံဃာတော်များကို ဒေါ်စု မျက်ရည်ဖြင့် ဖူးမျှော်

သံဃာတော် ၃ဝဝဝ မန္တလေးမှာ ဆန္ဒထပ်ပြပြန်ပြီ

ရန်ကုန် မန္တလေး မုံရွာ ရေနံချောင်း စစ်ကိုင်း ကော့မှူးနှင့် တောင်တွင်းကြီးတို့တွင် ဆန္ဒထပ်ပြပြန်ပြီ

သံဃာ့တပ်ပေါင်းစု ကြေငြာချက်