Posts

Showing posts from September, 2007
Image
သတင်းသုံးခု လက်ခံရရှိသည် --- အောက်ဖေါ်ပြပါသတင်းများကို တိကျခိုင်မာသော နေရာမှရရှိပါသည်။ ၁. မနက် ဖြန် 1st October 16:30hr (S'pore time) တွင် စင်္ကာပူ Seletar Airport စစ်လေယာဉ်ကွင်း သို့  အထူးလေယာဉ် Pagan Air လေယာဉ်အမှတ် XY-AGC Fokker-100 ရန်ကုန်မှ ဆိုက်ရောက်လာမည်။ 17:00hr ( S'pore time ) တွင်ပြန်လည်ထွက်ခွါပြီး ရန်သို့  ဒေသစံတော်ချိန် 18:00hr တွင်ပြန်ရောက်မည်။ ခရီးသည်မည်သူမည်ဝါဖြစ်သည် မသိရ။ ၂. ယနေ့ ညနေ ၁၅ နာရီတွင် ထိုင်းနိုင်ငဲမဲဆောက်မြို့  UN ရုံးရှေ့ ဆန္ဒပြပွဲတွင် ထိုင်း စစ်သားများက ဆန္ဒပြသူ မြန်မာများအားဖမ်းဆိး ပြီးကားပေါ်အတင်းတင်သွားပါသည်။ ဗွီဒီယိုဖိုင်ပူးတွဲလျက်။ ထိုင်းနိုင်ငံမဲဆောက်မြို့ ပိုင်ရဲ့ သဘောထားအမှန်ကိုရှင်းရှင်းလင်းလင်းသိချင်ပါတယ် ဗွီဒီယိုဖိုင် http://www.mediafire.com/ ?e9fgm1ddvyd အမျိုးချစ်သူ

စက်တင်ဘာ-၃၀

ဆန္ဒပြသူတွေကို အရှင်လတ်လတ်မီး ရှို့လိုက်ခြင်း..(အသံဖိုင်) ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ လူတိုင်း ခေါင်းဆောင်ပါဟု တပ်ပေါင်းစု ဆရာတော် ဦးဂမ္မီရပြော မန္တလေး ဆန္ဒပြဦးမှာ၊ရန်ကုန်မှာ ပိတ်ဆို့မှုလုပ် မေတ္တာသုတ်ရွတ်ဆိုကာ သံဃာတော်များ တုံ့ပြန် မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။ စက်တင်ဘာလ ၃၀ ရက်၊ ၂၀၀၇ ခုနှစ်။ စင်္ကာပူက ဆန္ဒပြပွဲ မြန်မာစံတော်ချိန် ၁၈း၀၀ (သတင်းလွှင့်တင်ချိန်) စင်္ကာပူရှိ မြန်မာသံရုံး ရှေ့တွင် အတိုက်အခံ ပါတီမှ စင်္ကာပူ ပါလီမန် အမတ်များ နှင့် စင်္ကာပူရောက် မြန်မာများ စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြလျှက် ရှိကြသည်။ ဆန္ဒပြပွဲကို ညအချိန်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး လူများက ဖယောင်းတိုင်များ ယူဆောင် လာခဲ့ကြသည်။ ညရောက်လျှင် ဖယောင်းတိုင်များ ထွန်းညှိပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ကြမည် ဖြစ်သည်။ "စလုပ်လုပ်ချင်းတော့ အတိုက်အခံ ပါတီက စင်္ကာပူ လူမျိုး နိုင်ငံရေး သမားတွေပေါ့။ နောက်တော့ မြန်မာတွေ အများကြီး ပါလာတယ်။ တရားဝင် ခွင့်ပြုတဲ့ သတင်းကို မသိကြသေးတော့ လူတွေက သိပ်မလာရဲ ကြသေးဘူးလေ။ တဖြည်းဖြည်း များလာတာ အခုတော့ လူနှစ်ရာ လောက်တော့ ရှိသွားပြီ။ ရင်ဘတ်ဘက်မှ...
ဒီအသံကို အမြန်နားထောင်ပါ !!! (Breaking News-sep,30)

မြစ်ကြီးနားက နအဖ ညီလာခံ ထောက်ခံပွဲ ဒို့အရေး အော်လို့ အာဏာပိုင်များ စိတ်ပျက်

မျိုးကြီး (မဇ္ဈိမသတင်းဌာန) စက်တင်ဘာလ ၂၉ ရက်၊ ၂ဝဝ၇ ခုနှစ်။ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားနှင့် ဝိုင်းမော်၊ ဗန်းမော်၊ မိုးကောင်း မြိုများမှ လူထုအင်အား ၂ သောင်းကျော်ကို မတက်မနေရ တက်ရောက်ခိုင်းသည့် နအဖ အမျိုးသား ညီလာခံ ထောက်ခံပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့ရာ ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ ပြီးဆုံးသွားခဲ့သည်။ မြန်မာနိုင်ငံအနှံ့ သံဃာတော်များနှင့် ပြည်သူများ၏ အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲများ အပေါ် ရှုတ်ချသည့် အဆိုများကို ဗိုလ်ချုပ် သိန်းဇော် ဆိုသူက တင်သွင်းရာတွင် အခမ်းအနား တက်ရောက်သူ အားလုံးက 'ထောက်ခံပါတယ် … ထောက်ခံပါတယ်' ဟု ဟစ်အော်ရမည့် အစား 'ဒို့အရေး … ဒို့အရေး' ဟူ၍ သံပြိုင် ကြွေးကြော်ကြကြောင်း ဒေသခံများ အဆိုအရ သိရသည်။ “ပွဲစတာနဲ့ သဘာပတိက အဖွင့်မိန့်ခွန်း ပြောတယ်။ ပြီးတာနဲ့ အချက် ၁၁ ချက်ပါတဲ့ အဆိုကို ဗိုလ်ချုပ်သိန်းဇော် က တင်သွင်းတယ်။ 'ပြည်ပအားကိုး ပုဆိန်ရိုး … အဆိုးမြင် ဝါဒီများအား ဆန့်ကျင်ကြ' လို့ တိုင်ပေးတယ်။ သူတို့ ကြံ့ဖွတ်တွေရော အားလုံးက 'ဒို့အရေး … ဒို့အရေး' လို့ပဲ ဝိုင်းအော်ကြတယ် ခင်ဗျ” ဟု ညီလာခံ တက်ေ...

ဒေါ်ဝင်းမြမြကို ဖမ်းဆီး

မဇ္ဈိမသတင်းဌာန စက်တင်ဘာ ၂၉ ရက်၊ ၂ဝဝ၇ ခုနှစ် မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ခံ ဒေါ်ဝင်းမြမြ(အသက် ၅၈ နှစ်) ကို ယမန်နေ့ည ၁၁နာရီ တွင် ဒုရဲအုပ် ထွန်းလွင်နောင် သူမ၏ နေအိမ်၌ ဖမ်းဆီး ခေါ်ဆောင်သွားသည်။ တိုင်းစည်းရုံးရေး တာဝန်ခံကို လာရောက် ဖမ်းဆီးချိန်တွင် ထွန်းလွင်နောင် အပါအဝင် အရပ်ဝတ်ဖြင့် ၁ဝဦးနှင့် ကား (ဒ - ၆၄၃ဝ) တာဝန်အရ လာရောက် ခေါ်ဆောင်သွားကြောင်း အဖမ်းခံရသူ၏ ညီမက ပြောသည်။ “သူ့ကို လာဖမ်းမယ်ဆိုတာ ကြိုသိနေပုံရတယ်။ ကြိုပြင်ထားတယ်။ အဝတ်အစားတွေလည်း ယူသွားတယ်” ဟု သူ၏ ညီမဖြစ်သူ ဒေါ်တင်ဝင်းရီက ပြောသည်။ “ကျမက စိတ်ပူတာပေါ့နော် အခုလက အစ္စလမ် ဥပုသ်လ (အစ္စလာမ်) ဖြစ်တယ်။ ဒီပဲယင်းမှာ အရိုက်ခံခဲ့ရတဲ့ ဒဏ်ကြောင့်လည်း အကြောရောဂါ ကုသနေရတုံး” ဟု ပြောသည်။ ဒေါ်ဝင်းမြမြသည် ၂ဝဝ၁-၂ တွင် တချိန် အဖမ်းခံရပြီး၊ ၂ဝဝ၃ ဒီပဲယင်းတွင် ၂ဝဝ၃မှ ၂ဝဝ၄ ဇန်နဝါရီအထိ ရွှေဘိုထောင်နှင့် မန္တလေး ထောင်များတွင် ချုပ်နှောင်ခံရဖူးသည်။

ဗန်းမော်ထောင်မှာ သံဃာတော်များ အစာငတ်ခံ ဆန္ဒပြနေ

မျိုးကြီး (မဇ္ဈိမသတင်းဌာန) စက်တင်ဘာလ ၂၉ ရက်၊ ၂ဝဝ၇ ခုနှစ်။ ကချင်ပြည်နယ် ဗန်းမော်မြို့ အကျဉ်းထောင်တွင် ဖမ်းဆီး ခံထားရသည့် သံဃာတော် အပါး ၃ဝ ကျော်သည် ဆွမ်းဘုန်းမပေးဘဲ အစာငတ်ခံ ဆန္ဒပြနေသဖြင့် ၂၇ ရက်နေ့တွင် အခြားထောင်များသို့ ပြောင်းရွှေ့ လူစုခွဲလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၅ ရက်နေ့ညက ဗန်းမော်မြို့ရှိ ကျောင်းတိုက် ပေါင်းစုံကို စစ်အာဏာပိုင်များက အတင်းအဓမ္မ ဝင်ရောက်ကာ သံဃာတော် ၁ဝ၈ ပါးကို ဖမ်းဆီးခဲ့ကာ အတင်းအကျပ် လူဝတ်လဲ၍ အကျဉ်းထောင်ထဲသို့ ချုပ်နှောင် ထားရှိလိုက်ကတည်းက သံဃာအပါး ၃ဝ ကျော်သည် ဆွမ်းမစားဘဲ အစာငတ်ခံ ဆန္ဒပြခဲ့ကာ အခြား သံဃာအပါး ၁ဝဝ ကျော်ကလည်း ပရိတ် ရွတ်ဖတ်နေသဖြင့် ယခုလ ၂၇ ရက်နေ့ညတွင် ဗန်းမော်ခရိုင် အတွင်းရှိ မိုးမောက်နှင့် မန်စီမြို့နယ် စစ်တပ် အချုပ်များသို့ လူစုခွဲ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ “အဲဒီလို ဆွမ်းမစားကြဘူး။ ပရိတ်တွေ ရွတ်ကြတော့ ၂၇ ရက်နေ့ ညပိုင်းက မှန်လုံကားတွေနဲ့ ခွဲပြီး ဗန်းမော်ခရိုင်ထဲမှာပါတဲ့ မန်စီနဲ့ မိုးမောက်မြို့တွေက စစ်တပ် အချုပ်တွေကို ခွဲပို့လိုက်တယ်လို့ သူတို့ ထောင်က ဝန်ထမ်းတွေက အဒေါ်တို့ကို ပြောပြတယ်လေ” ဟု အကျဉ်းကျခံ သံဃာတော်များ၏ မိသားစု အသိုင်းအဝိုင်း...

ပြည်တွင်းဂျာနယ်တိုက်များ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ

နန်းဒေဝီ (မဇ္ဈိမသတင်းဌာန) စက်တင်ဘာလ ၂၈ရက်၊ ၂ဝဝ၇ ခုနှစ်။ စစ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပတ်သက်၍ ရှုတ်ချသည့် ဝါဒဖြန့်စာများ ရေးသား ထုတ်ဝေရန် ဖိအားပေးမှုများ ရှိနေသလို ဂျာနယ်တိုက် အများစု ပိတ်ပစ်မှုလည်း ပေါ်ပေါက်လာခဲ့သည်။ စစ်အစိုးရ အာဘော်များကို ရေးသားခြင်းဖြင့် ဂျာနယ်အပေါ် စိတ်ဝင်စားမည့်သူ မရှိသည့်အပြင် စာဖတ်သူများ အမုန်းပွားနိုင်သဖြင့် ရန်ကုန် အခြေစိုက် ဂျာနယ်အချို့ ပိတ်ပစ်ရန် ဆုံးဖြတ်ကြသည်။ “မိုးလုံးပြည့် မုသာဝါဒတွေကို အတင်းကို ရေးခိုင်းတယ်ဗျာ။ တကယ် စိတ်ပျက်ဖို့ ကောင်းနေပြီ။ ဒီတော့ အချင်းချင်း တိုင်ပင်ကြပြီးတော့ ဂျာနယ်တိုက်တွေကို ပိတ်လိုက်တယ်” ဟု သတင်းထောက် တဦးက ပြောသည်။ ဝါရင့် မဂ္ဂဇင်း အယ်ဒီတာတဦးကလည်း “ကျနော်ကြားတယ်။ ဝါဒဖြန့် ရေးခိုင်းနေတာ။ ခက်တာက ဘယ်သူတွေက ဖတ်ချင်မှာလဲ။ ဒါကို မစဉ်းစားဘဲ အတင်း ရေးခိုင်းတာတော့ လွန်တာပေါ့” ဟု ပြောသည်။ ခရီးသွားလာမှု အဆင်မပြေခြင်း၊ ဂျာနယ်ဈေးကွက် ဖရိုဖရဲ ဖြစ်နေခြင်း၊ ဂျာနယ် အရှုံးပေါ်မည်ကို စိုးရိမ်ခြင်းနှင့် ပရိတ်သတ် စိတ်ဝင်စားမည့် သတင်းများ မရေးသားနိုင်သည့်အတွက် ပိတ်ပစ်ခြင်းများလည်း ရှိသည်။ သို့သော် ရောင်းအား ကျဆင်းမှုကြောင့် ပေါ်ပြူလာဂျာနယ...

စက်တင်ဘာ ၂၉

Image
သပိတ်အိုင် ဆရာတော် ဦးညာဏိသရ အဖမ်းခံရသည် ဆိုသည်မှာ မဟုတ်မှန်.. ဦးတေဇပိုင် ထူးကုမ္ပဏီ ပိတ်ပြီ၊ ရန်ကုန် ဆန္ဒပြပြီ မိုးကုတ် ရေနံချောင်း ဗန်းမော် ကျောက်ပန်းတောင်း ဆန္ဒပြပြီ ဗန်းမော်ထောင်မှာ သံဃာတော်များ အစာငတ်ခံ ဆန္ဒပြနေ မုံရွာဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲဖို့ ပြင်ဆင်နေ မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။ စက်တင်ဘာလ ၂၉ ရက်၊ ၂၀၀၇ ခုနှစ်။ သပိတ်အိုင် ဆရာတော် ဦးညာဏိသရ အဖမ်းခံရသည် ဆိုသည်မှာ မဟုတ်မှန် မြန်မာစံတော်ချိန် ၁၉း၅၀ (သတင်းလွှင့်တင်ချိန်) ယမန်နေ့က သပိတ်အိုင် ဆရာတော် ဦးညာဏိသရ ကို စစ်အစိုးရက ဖမ်းဆီးထားသည် ဟု မဇ္ဈိမမှ ဖော်ပြခဲ့သည်။ ဆရာတော်သည် ယခုအခါ စစ်ကိုင်းမြို့တွင် ကျန်းမာစွာဖြင့် သတင်းသုံးနေကြောင်း တပည့်တပမ်းများ အဆိုအရ သိရသည်။ မြန်မာစံတော်ချိန် ၁၈း၀၀ (သတင်းလွှင့်တင်ချိန်) မစ္စတာ ဂမ်ဘာရီသည် စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ရန် နေပြည်တော်သို့ ယနေ့ ညနေက ရောက်သွားပြီ ဖြစ်သည်။ မန္တလေးမှာ ဆန္ဒပြ မြန်မာစံတော်ချိန် ၁၇း၅၀ (သတင်းလွှင့်တင်ချိန်) မန္တလေးတွင် လူ ၅ ထောင်ခန့်က ယနေ့ ညနေ ၄ နာရီတွင် ဆန္ဒပြကြသည်။ စစ်တပ်နှင့် လုံခြုံရေးများက ဘုန်းကြီးကျောင်း ပိတ်၍ စောင့်ဆိုင်း နြေ...
ဗားကရာကျောင်းကို စစ်တပ်က ဝင်စီး မန္တလေးပြည်သူတွေကို စစ်သားနဲ့ လုံထိန်းတွေက ရိုက်နှက်နေပြီ ရန်ကုန်မှာ ဆန္ဒပြပြန်ပြီ လေတပ်လေယာဉ်များ အရေးပေါ်ပျံ နယ်တပ်များ ရန်ကုန်ဆင်းပြီ မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။ စက်တင်ဘာလ ၂၈ ရက်၊ ၂၀၀၇ ခုနှစ်။ ရန်ကုန်ဆန္ဒပြ သတင်းများ ထိပ်ပိုင်းကွဲပြီ မြန်မာစံတော်ချိန် ၁၉း၁၀ (သတင်းလွှင့်တင်ချိန်) ဆန္ဒပြသူများကို သတ်ဖြတ် ဖြိုခွင်းခြင်း အပေါ် ဗိုလ်ချုပ် မောင်အေးနှင့် သူ့အပေါ် သစ္စာခံသူ တပ်မှူးများက ဗိုလ်ချုပ်သန်းရွှေ မကျေမနပ် ဖြစ်နေကြပြီး ဗိုလ်ချုပ် သန်းရွှေနှင့် အကြီးအကျယ် သဘောကွဲလွဲနေကြောင်း စစ်အစိုးရနှင့် နီးစပ်သူ သတင်းရပ်ကွက် တခုက ပြောသည်။ ပန်းဆိုးတန်းနဲ့ တရုတ်တန်းမှာ ဆန္ဒပြသူများ အရိုက်ခံရ မြန်မာစံတော်ချိန် ၅ နာရီ (သတင်းရယူချိန်) ရန်ကုန်မြို့လယ် ပန်းဆိုးတန်းနှင့် တရုတ်တန်းတွင် ယနေ့ညနေ ၃ နာရီခွဲခန့်က ဆန္ဒပြ လူအုပ်ကြီးကို စစ်တပ် ဦးဆောင်သည့် ကြံ့ဖွတ်၊ စွမ်းအားရှင်များနှင့် ထောင်ထွက်များက တုတ်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့ရာတွင် လူများစွာ သေဆုံးသည်ဟု ဒေသခံများ အကြား ခန့်မှန်း ပြောဆိုနေကြပြီ ဖြစ်သည်။ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက … ...
" ဘုန်းကြီးတွေကို အနိုင်ကျင့်နေကြပြီ၊ နိုင်ငံတကာက အကူအညီပေးကြပါ " ( ငွေကြာယံဘုန်းကြီးတပါး )
Image
ဂျပန်သတင်းထောက်တယောက် သေဆုံး အခြား နိုင်ငံခြားသား သတင်းထောက်တဦး ဒဏ်ရာရ ဆန္ဒပြသူများ အနည်းဆုံး လူ ၉ ဦးသေ လူများစွာ ဒဏ်ရာရ ရန်ကုန်နေရာ အနှံ့အပြား စစ်တပ်ကပစ်ခတ် မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။ စက်တင်ဘာလ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။ ဗိုလ်ချုပ် သန်းရွှေ မိသားစု လာအိုရောက်နေ မဇ္ဈိမ သတင်းဌာန စက်တင်ဘာလ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုများ နိုင်ငံခြားသို့ ထွက်ပြေးသည် ဆိုသော ကောလာဟလများ မြန်မာလူထု အကြား ရေပန်းစားနေချိန် ဦးတေဇပိုင် အဲယား ပုဂံ လေယာဉ် တစီးကို လာအိုနိုင်ငံ ဗီယင်ကျင်းတွင် ရပ်နားထားသည်ဟု တွေ့မြင်ခဲ့ရသူများက မဇ္ဈိမ သို့ အကြောင်းကြားခဲ့ သည်။ ထပ်မံ စုံစမ်းသိရှိရသည်မှာ ယနေ့ညနေ လာအို စံတော်ချိန် ညနေ ၆ နာရီတွင် ဗီယန်ကျင်း လေဆိပ်သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု၏ လူယုံတော် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင် အဲယားပုဂံ လေယာဉ် ဆိုက်ရောက်ခဲ့ပြီး ခရီးသည် ၈ ဦး ပါရှိသည်ဟု သိရသည်။ စစ်အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက် တခုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးနှင့် မိသားစုဝင် အရင်းအချာများ ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီး ...