Posts

Showing posts from June, 2007

မိုင်းယုကျေးရွာတွင် ၇ ရက်အတွင်း နေအိမ်ဖျက်ရမည်

ဖနီဒါ (မဇ္ဈိမ သတင်းဌာန) ဇွန်လ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ ၁၀၅ မိုင် ခေါ် မိုင်းယု ကျေးရွာမှ လူနေအိမ် ၂၆ လုံးကို တရားမ၀င် နေအိမ်များဟု ပြောဆိုကာ ၇ ရက်အတွင်း ပြောင်းရွှေ့ပေးရန် အတွက် ဒေသ အာဏာပိုင်များမှ ယခုလ ၁၃ ရက်နေ့က အမိန့် ပေးထားသည်။ မိုင်းယု ကျေးရွာရှိ ဆေးပေးခန်းနှင့် သက်ဆိုင်သူ ရွာသား အချို့ကို မူဆယ်မြို့ မယက ဥက� ဌ ဦးညိုဟန်က ခေါ်ယူ တွေ့ဆုံကာ “နေအိမ်များသည် တရား မ၀င်သောကြောင့် ၇ ရက်အတွင်း ပြောင်းရွှေ့ရမည် ဖြစ်ကြောင်းနှင့် နေအိမ်များကို ထပ်မံ၍ မတွေ့မြင် လိုကြောင်း” ပြောဆိုခဲ့သည်ဟု ပြောင်းရွှေ့ ခံရမည့် ရွာသားတဦးက မဇ္မျိမကို ရှင်းပြသည်။ အစည်းအဝေးသို့ မြို့နယ် ရဲတပ်ဖွဲ့မှ ဦးကျော်စိန်လင်း နှင့် ဦးစိုးနိုင်၊ စည်ပင် သာယာရေး အရာရှိ ဦးမျိုးသိန်း၊ မိုင်းယု ကျေးရွာမှ တရားသူကြီး တဦးနှင့် ကျေးရွာ ကောင်စီ ရယက မှ ဦးအောင်နိုင်ဦးတို့လည်း ပါဝင် တက်ရောက်ခဲ့သည်။ လက်မှတ်ထိုး သဘောတူ ခဲ့ရသော်လည်း ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ� ဦးအောင်နိုင်ဦးက ခြောက်လှန့် ပြောဆိုခဲ့၍ လက်မှတ်ထိုးရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောကြသည်။ ယခင်ကတည်းက ဒေသ အာဏာပိုင်များ...

တောင်ပြိုပြီး လမ်းပိတ်ဆို့မှုကြောင့် ခရီးသွားများနှင့် ကုန်သည်များ အခက်တွေ့

ငြိမ်းချမ်း (မဇ္ဈိမ သတင်းဌာန) ဇွန်လ ၁၈ ရက်၊ ၂၀၀၇ ခုနှစ်။ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့သို့ ဆက်သွယ် ဖောက်လုပ်ထားသော ကားလမ်းတွင် မိုးရွာသွန်းမှု များပြားသောကြောင့် တောင်ပြိုကျပြီး ကားလမ်း ပိတ်ဆို့ သွားသဖြင့် ကုန်စည် ပို့ဆောင်ရေး ခက်ခဲ နေကြောင်း သိရသည်။ မိုးရက်ဆက် ရွာသွန်းမှုကြောင့် ယခုလ ၉ ရက်နေ့တွင် ၁၆ မိုင်ခန့် ရှည်လျားသော ဘူးသီးတောင် မောလမ်းမှ နေရာ ၃ ခုတွင် တောင်ပြိုပြီး ကားလမ်းများပေါ်သို့ ဖုံးလွမ်းသွားသည့် အတွက် ယခုလို လမ်းပမ်း ဆက်သွယ်ရေး အခက်အခဲ ကြုံရပုံကို မောင်တောမှ ဦးသိန်းရွှေက ပြောသည်။ “တောင်ပြိုလို့ ကားလမ်းမှာ မြေဖုံးသွားတယ်။ ကားသွားလို့ မရတာက ဟုတ်ပါတယ်။ ဒီနေ့ အထိပေါ့။ အခုလို ဖြစ်ရတာက တောင်ပြိုတဲ့ နေရာက တာဝန်ရှိတဲ့ လူတွေက ပြုပြင်လိုက်မယ် ဆိုရင် ရက်အနည်းငယ် အတွင်းမှာ ပြန်ကောင်းသွားမှာ ဖြစ်ပေမယ့် မိုးက ရက်ဆက် ရွာနေတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ပေါ့ပေါ့ဆဆနဲ့ ၁၁ ရက်နေ့ကမှ စပြီးတော့ လမ်းကို ပြုပြင်တဲ့ အတွက် မြန်မြန် မပြီးနိုင်ဘူး ဖြစ်နေတာပါ” ဟု သူက� မဇ္ဈိမသို့ ပြောသည်။ ကားလမ်း ပိတ်ဆို့နေသော နေရာများသည် ဘူးသီးတောင် မြို့နယ်အတွင်း ဖြစ်ပြီး နအဖ ခြေမြန်တပ်ရင်း (ခမရ) ၂၆၃...

ဆန်းကျယ်သော ဖြစ်ရပ်ဖြင့် မြန်မာအမျိုးသမီးတဦး ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိ

မုံပီး၊ ကိုဒီး (မဇ္ဈိမသတင်းဌာန) ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။ ဆန်းကျယ်သော ဖြစ်ရပ်ဖြင့် နယူးဒေလီရှိ မြန်မာ အမျိုးသမီးသည် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိကာ ဆပ်ဒါးဂျင်း ဆေးရုံတွင် တက်ရောက် ကုသနေရသည်။ ယခုလ ၆ ရက်နေ့က နယူးဒေလီ အနောက်ပိုင်းခရိုင် ဂျနပ်ပူရီ အရပ်ရှိ အထည်အလိပ် လုပ်ငန်းတွင် လုပ်ကိုင်နေသူ ချင်း တိုင်းရင်းသူ တဦးသည် ဦးခေါင်းတွင် ပြင်းထန်သော ဒဏ်ရာ ဝေဒနာ ခံစားရပြီး ဆပ်ဒါးဂျင်း ဆေးရုံသို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ယခုကိစ္စကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ချင်းအမျိုးသား ဦးပါစော အဆိုအရ အမျိုးသမီးငယ် ဒဏ်ရာ ရရှိမှုနှင့် ဆေးရုံသို့ တင်လိုက်ရသည့် အကြောင်းကို သူမ၏ မိသားစုနှင့် အသိုင်းအ၀ိုင်းက ချက်ချင်း မသိရှိခဲ့ရဟု သိရသည်။ “ရာ့ဂ်ျဆိုတဲ့ လူတယောက်က ကောင်မလေးရဲ့ သူငယ်ချင်း မကင်မ်ကို အလုပ်ရုံမှာ လာခေါ်တယ်။ ဒီလို ကနေပဲ ကျနော်တို့တွေ အဖြစ်အပျက်ကို သိရဖို့ ဖြစ်လာတာပါ” ဟု ဦးပါစောက မဇ္ဈိမကို ပြောသည်။ ရာ့ဂ်ျက အမျိုးသမီးငယ်၏ ဖြစ်ရပ်ကို မကင်မ်ကို ပြောပြရာတွင် ဘတ်စ်ကားပေါ်မှ လိမ့်ကျပြီး မတော်တဆ ထိခိုက် ဒဏ်ရာ ရခဲ့သည်ဟု ဆိုသည်။ ဆေးရုံ တင်ထားရသော အမျိုးသမီးသည် သတိကောင်းစွာ မရဘဲ၊ စိုးရိမ်နေရသော အခြေအနေ...

မြန်မာ့ရုပ်ရှင်လောကအတွက် ရုပ်ရှင်အစည်းအရုံးက အကျိုးပြုမည်လား (ဇာဂနာနဲ့ ဆက်သွယ်မေးမြန်းချက်)

Image
နန်းဒေ၀ီ (မဇ္ဈိမသတင်းဌာန) ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။ ၂၀၀၇-၂၀၀၈ ခုနှစ် မြန်မာ့ရုပ်ရှင် အစည်းအရုံး အလုပ် အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ပွဲကို ရုပ်ရှင် နယ်ပယ်ရှိ အလွှာ အသီးသီးမှ ကိုယ်စားလှယ်များအား မဲပေး ရွေးချယ် တင်မြှောက်ပွဲကို ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ မြန်မာ့ရုပ်ရှင် လုပ်ငန်း အသံ ခန်းမဆောင်တွင် ကျင်းပလာရာ၊ ယနေ့တွင် နောက်ဆုံးနေ့ အဖြစ် ဒါရိုက်တာ အလွှာနှင့် ထုတ်လုပ်သူ အလွှာမှ ကိုယ်စားလှယ်များအား မဲပေး ရွေးချယ်မည်ဟု သိရသည်။ ရုပ်ရှင်အလွှာ ပေါင်းစုံမှ မဲပေး ရွေးချယ်လိုက်သော ကိုယ်စားလှယ် ၃၀ ဦးထက် မနည်းကို နအဖ စစ်အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရုပ်ရှင် အစည်းအရုံးမှ အတည်ပြု ရွေးချယ် ခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။ အကြောင်းစုံ သိရှိနိုင်ရန် အတွက် ရုပ်ရှင် ဒါရိုက်တာနှင့် ထုတ်လုပ်သူ ဦးသူရ ခေါ် ဇာဂနာ ကို မဇ္ဈိမ သတင်းဌာန က ဆက်သွယ် မေးမြန်း ထားပါသည်။ မေး။ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်သစ် ရွေးချယ်တဲ့ နေရာမှာ ဘယ်သူတွေကို ပဏာမ မဲပေး ရွေးချယ်ပြီး၊ အဆင့်ဆင့် ရွေးချယ်ပုံကို ပြောပြပေးပါ။ ဖြေ။ မြန်မာရုပ်ရှင် လောကမှာတော့ အလွှာပေါင်း ၁၀ လွှာ ရှိတယ်။ ရုပ်ရှင် အစည်းအရုံး ရွေးကောက...

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ လွတ်မြောက်ရေး အပေါ် သဘောထားအမြင်များ (အင်တာဗျူး)

ဖနီဒါ၊ ငြိမ်းချမ်း (မဇ္ဈိမ သတင်းဌာန) ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။ ‘ကျွန်ုပ်တို့၏ ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဘက် အားလုံးကို အခုလွှတ်ပါ’ ဟူသည့် စာတမ်းနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နအဖ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်း ထားသော မြန်မာ့ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ဓာတ်ပုံများကို ပုံနှိပ် ဖော်ပြ ထားသည့် ပို့စ်ကတ်များကို မေလ ၃၀ ရက်နေ့မှ စတင်ကာ နီးစပ်ရာ မြန်မာ သံရုံးများသို့ လက်မှတ်ရေးထိုး ပေးပို့နေသည့် လှုပ်ရှားမှုကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က လုပ်ဆောင်နေသည်။ ယခု လှုပ်ရှားမှုမှ ထွက်ပေါ်လာမည့် အကျိုးအမြတ်၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးသည် မြန်မာ အမျိုးသမီးထု အတွက် အရေးပါမှု၊ နအဖ စစ်အစိုးရက မလိုက်လျောလျှင် ဆက်လက် လှုပ်ရှားမည့် အစီအစဉ်နှင့် ဒေါ်အောင်ဆန်း စုကြည်ကို မည်သို့သော ပုဂ္ဂိုလ်အဖြစ် ရှုမြင်သလဲ ဆိုသည့် မေးခွန်းများကို WLB ခေါင်းဆောင် အမျိုးသမီး ၅ ဦးက ဖြေကြား ထားပါသည်။ WLB ကို ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင် ဖွဲ့စည်းကာ၊ ပြည်ပရောက် မြန်မာ တိုင်းရင်းသူ အမျိုးသမီး အဖွဲ့ ၁၂ ဖွဲ့ဖြင့် စုပေါင်း လုပ်ဆောင်နေသော အဖွဲ့ကြီး ဖြစ်သည်။ မစောစံ...

မြန်မာပြည်မှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ထပ်မံတွေ့ရှိ

နန်းဒေ၀ီ (မဇ္ဈိမသတင်းဌာန) ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။ ရန်ကုန်တိုင်း အတွင်း ဖြစ်ပွားခဲ့သော ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် H5N1 ကို ထိမ်းချုပ် နိုင်ခဲ့သော်လည်း မကြာသေးခင် ရက်ပိုင်း အတွင်းက ပဲခူးတိုင်း ပဲခူးမြို့တွင် ဗိုင်းရပ်စ် အကြွင်းအကျန်များ လည်ပတ် နေသည်ကို တွေ့ရှိခဲ့ ရကြောင်း သိရသည်။ ယခုလ အစောပိုင်းက ပဲခူးတိုင်း၊ ပဲခူးမြို့ ဥစား ကြက်ခြံများမှ H5N1သံသယရှိ ကြက်များကို စစ်ဆေးခဲ့ပြီး ကြက်ငှက် တုပ်ကွေး ရောဂါပိုး ဖြစ်သည်ဟု မွေးမြူရေးနှင့် ကုသရေးဌာန လက်အောက်ရှိ ရောဂါ ရှာဖွေရေး ဌာနက အတည်ပြုလိုက်ပြီး ကြက်ကောင်ရေ ၉၀၀ ကျော်ကို ယခုလ ၈ ရက်နေ့က သုတ်သင် ရှင်းလင်းခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့ အလင်း သတင်းစာတွင် အတိအလင်း ဖော်ပြ ထားသည်။ FAO ခေါ် ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့မှ အမျိုးသား အတိုင်ပင်ခံ အရာရှိ (National Consultant) ဒေါက်တာ မောင်မောင်ကြင် ကလည်း H5N1 ပိုး တွေ့ရှိချက် အပေါ် ယခုလို မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။ “ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ဖြစ်တာပါ။ သူတို့က သတင်းလည်းပို့တယ်။ သူတို့ မပြောရင် ကျနော်တို့ သိမှာမဟုတ်ဘူး၊ ကြက်ကလေးတွေ တကောင်၊ နှစ်ကောင် သေတယ် ဆိုတော့ ဓာတ်ခွဲခန်းကို လာ...

ထိုင်း၏ သဘောထားသည် မြန်မာ လက်နက်ကိုင်များကို ထိခိုက်မည်မဟုတ်

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)  ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။ ထိုင်း-မြန်မာနယ်စပ်၌ ရှိသော မြန်မာ လက်နက်ကိုင် အဖွဲ့များ အနေဖြင့် ထိုင်း နယ်မြေတွင် အခြေချ လှုပ်ရှားပြီး နအဖ စစ်အစိုးရကို တိုက်ခိုက်နေခြင်း အပေါ် ထိုင်းစစ်တပ်က ခွင့်မပြုဟု ပြောဆိုချက်သည် လက်ရှိ ရပ်တည်မှုကို ထိခိုက်မည် မဟုတ်ဟု မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောဆို လိုက်ကြသည်။ မြန်မာနိုင်ငံ လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ထိုင်းနယ်မြေတွင် အခြေချပြီး နအဖ စစ်အစိုးရကို သွားရောက် တိုက်ခိုက်ခြင်း၊ နိုင်ငံကို ကျော်ဖြတ်၍ လက်နက် ခဲယမ်း မီးကျောက်များ သယ်ယူခြင်း၊ နယ်စပ်၌ ကိုယ်ကျိုး စီးပွားအတွက် ငြိမ်းချမ်းရေး ပွဲစား လုပ်နေခြင်းများကို ထိုင်း အနေဖြင့် ခွင့်ပြုတော့မည် မဟုတ်ကြောင်း ယမန်နေ့က မဲဆောက် အခြေစိုက် ထိုင်းစစ်တပ် အရာရှိ တဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။ မဲဆောက် အခြေစိုက် အမှတ် ၁၇ ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှူး ဗိုလ်မှူးကြီး ဖန်းထိုးညစ်ဖိုင်ဆို့က ကိုယ်ကျိုး စီးပွားများ အတွက် ပဋိပက္ခများကို အရင်းပြုသလို၊ ငြိမ်းချမ်းရေးကို ဘန်းပြ လုပ်ဆောင်နေခြင်း မဖြစ်စေချင်ကြောင်းနှင့် ငြိမ်းချမ်းရေး အတွက် လိုအပ်မည...

ငါး မင်းဆွေ သို့ (ပေးစာ)

ဇွန်လ ၁၄ ရက်၊ ၂၀၀၇ ခုနှစ်။   အကို  ငါး မင်းဆွေ ကိုယ်စိတ် နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် တိုင်းပြည် နှင့် လူမျိုး အကျိုးကို အသက် ရာကျော်ရှည်စွာ အမှန်တကယ် စေတနာမှန်ဖြင့် လုပ်ကိုင် နိုင်ပါစေကြောင်း၊ အကို မှာမရှိမဖြစ် လိုအပ်နေတဲ့ ကိုယ်ပိုင် ကားတစီးလည်း မြန်မြန် ပါမစ် ကျပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျနော်ကတော့ အကိုနဲ့ ဘ၀တူ ရေလုပ်သားလေး ပုဇွန် မင်းဆွေပါ ဘ၀တူ ရေလုပ်သားချင်း ဆိုတော့ ရေအကြောင်း သိပြီးသား ပေါ့နော၊ ကျနော် ကတော့ သူများတွေလို ရှည်ရှည်ဝေးဝေး မရေးတတ်ဘူး… အကို့ ကို သတိ ပေးချင်တာပါ အကိုနဲ့ ကျနော် က ဘ၀တူ ရေလုပ်သားတွေလေ… ကဲ လေလည်း ရှည်နေပြီ တစ်ခုထဲပါပဲ၊ အကိုဟာ ငါးအစစ်ပါ ကိုယ့်ကိုယ်ကို ဖားလောင်းလို့ မထင်ပါနဲ့ ငါးအစစ်ဘ၀ "ငါးမင်းဆွေ" ကနေ " ဖားမင်းဆွေ" မဖြစ်ပါစေနဲ့လို့ထပ်မံ ဆုမွန်ကောင်း တောင်းရင်း ညီ ပုဇွန် မင်းဆွေ ၇၈ ကျောင်းသားဟောင်း မှတ်ချက်။ ။ အကို မကြာခင်ကမှ ကျထားတဲ့ MPT-GSM ကို Message ပို့တာမရလို့ အိပ်ဖွင့်ပေးစာ ရေးလိုက်ရပါတယ်။

နေအိမ်များ ရွှေ့ပြောင်းခိုင်းခြင်း ပြန်သုံးသပ်စေလို (ပေးစာ)

အယ်ဒီတာရှင့် ကလေးမြို့ မြို့လယ်ခေါင်မှာရှိတဲ့ လေယာဉ်ကွင်း တိုးချဲ့ရေးကို အကြောင်းပြပြီး အနီး ပတ်ဝန်းကျင်က အိမ်ခြေ ၃၅၀ ကျော်ကို ဖျက်သိမ်းဖို့ ဒီလ ၇ ရက်နေ့မှာ ဒေသ အာဏာပိုင်တွေက အတည်ပြု ပေးလိုက်တယ်လို့ သိရပါတယ်။ အခုလို စီးပွားရေး ကျပ်တည်း နေချိန်မှာ နေအိမ်တွေကို အတင်း အဓမ္မ ပြောင်းရွှေ့ ဖျက်သိမ်း ပေးရမယ် ဆိုရင် ဒုက္ခတွေ ပင်လယ်ဝေရမှာ လူတိုင်း သိပါတယ်။ ပြီးတော့ တပ်မတော် အငြိမ်းစား အများစု နေတဲ့ ရပ်ကွက်ထဲက အမက ၉ စာသင်ကျောင်းနဲ့ ပင်လုံတပ်ဦး ဘုန်းကြီးကျောင်းလည်း ပါဝင်တာကို တွေ့ရပါတယ်။ နအဖ အစိုးရ အနေနဲ့ ပြန်ပြီးတော့ စဉ်းစား သုံးသပ် ပေးသင့်တယ်လို့ တောင်းဆို လိုက်ရပါတယ်ရှင်။ အမည်မဖော်လိုသူ (ကလေးမြို့သူတဦး)

အက်အမ်အီး အိန္ဒိယ ၂၀၀၇ ပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်

ဆရက်အလီ မူတာဘာ (မဇ္ဈိမသတင်းဌာန)  ဇွန်လ ၁၄ ရက်၊ ၂၀၀၇ ခုနှစ် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်ရန် အတွက် လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် SME ခေါ် အသေးနှင့် အလတ်စား အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့၏ ၂၀၀၇ ပြပွဲ (SME India 2007) ကို ရန်ကုန်တွင် ကျင်းပသွားမည် ဖြစ်သည် အိန္ဒိယ-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး စက်မူလုပ်ငန်း (စီစီအိုင်) ၏ ဥက္ကဌ G.L. Goenka က ပြပွဲ လုပ်ရသည့် ရည်ရွယ်ချက်မှာ အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံ လာရေးအတွက် ဖြစ်ကြောင်း နယူးဒေလီတွင် ပြောကြားခဲ့သည် “အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာပြည်မှာ ဆေးဝါး၊ ဘိလပ်မြေ၊ စတီးလ်၊ ဓာတ်မြေသြဇာ၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာ၊ စားသောက်ကုန် လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ရန်ကုန်မှာ လုပ်ခဲ့တဲ့ စီစီအိုင် ကိုယ်စားလှယ်တွေနဲ့ မြန်မာ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုတွေ ကနေ ဒီ အစီအစဉ် လုပ်ခဲ့တာပါ” ဟု ဆိုသည် ယခုပြပွဲသည် အိန္ဒိယနိုင်ငံ စက်မှု လုပ်ငန်း အဖွဲ့ချုပ်က ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလက ...

ရဲတပ်ဖွဲ့တွင် စစ်ဘက်အရာရှိများကို အသွင်ပြောင်း ခန့်ထားမည်

မျိုးကြီး (မဇ္ဈိမသတင်းဌာန) ဇွန်လ ၁၄ ရက်၊ ၂၀၀၇ ခုနှစ်။ မြန်မာစစ်တပ်မှ စစ်အရာရှိ ၂၀၀၀ နီးပါးကို ပြည်နယ်နှင့် တိုင်း ရဲတပ်ဖွဲ့များတွင် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရန် ကကထူး (ခေါ်) ကာကွယ်ရေး ဌာန စစ်ရာထူး ခန့်ချုပ်ရုံးမှ ယခု လဆန်းပိုင်းမှ စတင်၍ အမိန့်တရပ် ထုတ်ပြန် လိုက်ကြောင်း ခိုင်လုံသော စစ်ဖက် သတင်းရပ်ကွက် အဆိုအရ သိရသည်။ ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရမည့် အရာရှိကြီးများတွင် ဗိုလ်ကြီး အဆင့်မှ ဒုတိယ ဗိုလ်မှူးကြီး အဆင့်အထိ ပါဝင်မည် ဖြစ်ပြီး၊ ရဲတပ်ဖွဲ့သို့ ရောက်ရှိ တာဝန် ထမ်းဆောင်သည့် အခါ တဆင့်မြင့် ရာထူးဖြင့် ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်နေသည့် ရဲချုပ် အပါအ၀င် ပြည်နယ်နှင့် တိုင်း ရဲတပ်ဖွဲ့မှူးများ ဖြစ်သည့် ရဲမှူးကြီး ရာထူး ယူထားသူ များမှာ စစ်တပ်မှ အသွင်ပြောင်း လာသူများ ဖြစ်သည်ဟု နိုင်ငံရေး စစ်ရေး လေ့လာသူ ဦးမြမောင်က မဇ္ဈိမကို ပြောပြသည်။ “ရဲချုပ်နဲ့ အဆင့်မြင့်တဲ့ ရာထူးတွေ တော်တော် များများကို တပ်က ၀င်ယူထားတာပေါ့။ ၇ ပြည်နယ်၊ ၈ တိုင်း ရဲမှူးကြီး အဆင့်တွေကလည်း တပ်က ပြောင်းလာတာ တော်တော် များတယ်။ မူလ ရဲကတော့ အနည်းစု ဖြစ်သွားတာပေါ့” ဟု သူက ဆက်ပြောသည်။...

ရခိုင်ပြည်နယ်တွင် မိုးများပြီး ရေလွှမ်းမိုးသဖြင့် ပျက်စီးဆုံးရှုံးမှု ကြီးမား

ငြိမ်းချမ်း (မဇ္ဈိမ သတင်းဌာန) ဇွန်လ ၁၃ ရက်၊ ၂၀၀၇ ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း ပင်လယ်ရေ အတက်နှင့် ရက်ဆက်၍ မိုးရွာသွန်းမှုကြောင့် ဒေသတွင်းရှိ မိုးစပါး စိုက်ခင်းများ ပျက်စီး ဆုံးရှုံးခြင်း၊ ကားလမ်းများ ပိတ်ဆို့ခြင်း၊ ကျွဲနွားများ ရေထဲသို့ မျောပါသွားခြင်း နှင့် ပုဇွန်ငါး မွေးမြူရေးကန်များ ပျက်စီးခဲ့ရကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။ ယခုလ ၈ ရက်နေ့မှ စတင်ကာ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရခိုင်ပြည်အတွင်း ကျောက်တော်၊ စစ်တွေ၊ မြောက်ဦးနှင့် မောင်တောမြို့နယ်များရှိ ကျေးရွာများတွင် ရေလွမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်ဟု စစ်တွေမှ ကုန်သည်တဦး ဖြစ်သူ ဦးမောင်သိန်းထွန်းက မဇ္ဈိမကို ပြောသည်။ “မိုးက အဆက်မပြတ် ရွာပြီးတော့ မိုးရေများတာရယ်၊ နောက်ပြီးတော့ ပင်လယ်မှာ ဖျားကြီးတယ် (ရေထရက်) ဆိုတော့ မိုးရေက ပင်လယ်ကို မဆင်းနိုင်ဘဲ မြေနိမ့်ပိုင်း ဒေသတွေမှာ ရေလွှမ်းသွားတယ်” ဟု သူက ပြောသည်။ ရန်ကုန်-စစ်တွေ ကားလမ်းတွင် တည်ရှိသည့် ကစ္စပ တံတားအနီးတွင် ကားလမ်းကို ရေကျော် သွားသဖြင့် ၃ ရက်ခန့် လမ်းပိတ် ခဲ့ရကြောင်းနှင့် ကားလမ်းနှင့် တံတားများ ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း စစ်တွေမှ ကားဒရိုင်ဘာ တဦးက ပြောသည်။ ကျောက်တော်နှင့် မြော...

ဝတ်ပြုဆုတောင်းသူ အန်အယ်ဒီ အမျိုးသမီးများ တိုက်ခိုက်ခံရ

Image
မဇ္ဈိမသတင်းဌာန ဇွန်လ ၁၃ ရက်၊ ၂၀၀၇ ခုနှစ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် ဘုရားသို့ သွားရောက်ကာ ဆုတောင်းခဲ့ကြသည့် ပဲခူးတိုင်း ဇီးကုန်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) မှ အဖွဲ့ဝင် အမျိုးသမီး ၅ ဦးကို ပြီးခဲ့သည့် တနင်္လာနေ့ ညနေပိုင်းက အမည်မသိ လူတစုက လောက်လေးခွဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သည်ဟု သိရသည်။ ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ဇီးကုန်းမြို့ မြသိန်းတန် ဘုရားတွင် လူထု ခေါင်းဆောင် လွတ်မြောက်ရေး အတွက် ၀တ်ပြု ဆုတောင်းပြီး အပြန် ရန်ကုန်-ပြည် ကားလမ်းပေါ်၌ အမည်မသိ အမျိုးသား ၃ ဦးက ပေ ၅၀ အကွာခန့်မှ ကျောက်တုံး ကျောက်ခဲများ၊ လေးခွများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သည်ဟု ဇီးကုန်း အန်အယ်ဒီ ဥက� ဌ ဒေါ်ခင်ဝိုင်းက ပြောသည်။ “ကျမတို့ ရန်ကုန်-ပြည် လမ်းမပေါ် ရောက်တော့ အမျိုးသား ၃ ယောက်က အရှေ့က ရပ်စောင့်နေပြီး လေးခွနဲ့ ဆက်တိုက် ဆက်တိုက် ပစ်တာ။ အရှေ့ကသွားတဲ့ အမျိုးသမီး ၄ ယောက်မှာ တယောက်က ခြေသန်းလေးတွေ ပဲ့သွားတယ်။ တယောက်က ဗိုက်မှာ၊ တယောက်က ရင်ဘတ်မှာ၊ ပေါင်မှာရောပဲ။ လောက်စာလုံး မှန်တဲ့ နေရာတွေဆိုရင် ဖူးယောင်ပြီး ညိုမည်း နေတာပဲ” ဟု ဒေါ်ခင်ဝိုင်းက မဇ္ဈိမကို ပြောသ...